ရုရှားကဗျာဆရာ မာယာကော့ဗ် စကီရဲ့ကဗျာဆိုတဲ့ အချက်အလက်မှား

False နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည်ရဲ့ကဗျာလေလံ အပြီး ကဗျာနဲ့ ပတ်သက်တဲ့ သတင်းမှားတွေ ထုတ်လွှင့်မှုတွေ လူမှုကွန် ယက်မှာ ဆက်တိုက်ပျံ့နှံ့လျက်ရှိပါတယ်။

စက်တင်ဘာ ၁၆ ရက်က စတင်ပျံ့နှံ့လျက်ခဲ့တဲ့ပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကဗျာဟာ ရုရှားကဗျာဆရာ Vladimir Mayakovsky ရဲ့ ကဗျာတစ်ပုဒ်ကို ကူးယူထားခြင်းဖြစ်တယ်ဆိုပြီးအောက်ပါအတိုင်းမျှဝေထားပါတယ်။ 

Fb linkArchive link

အလားတူပို့စ်တွေကို  “May Myat Noe”၊ “Myanmar Hard Talk”၊ “သူရ ခိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူတွေ က  Mayakovsky ကဗျာအဖြစ်မျှဝေထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဒီကဗျာလေလံနဲ့ပတ်သက်ပြီး သတင်းမှားတွေ ပျံ့နှံ့ခဲ့တာကို Fact Crescendo Myanmar က အချက် အလက် စိစစ်ခဲ့တာကို ဒီလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

မျှဝေလျက်ရှိတဲ့ ရုရှားနာမည်ကြီးကဗျာဆရာ ဗလာဒီမာ မာယာကော့ဗ်စကီ(Vladimir Mayakovsky) ဟာ ရုရှားနာမည်ကြီး ကဗျာဆရာ၊ပြဇာတ်ရေးသားသူ၊ သရုပ်ဆောင်ဖြစ်ပြီး ၁၈၉၃ ခုနှစ်မှာမွေးဖွားခဲ့ပြီး ၃၆ နှစ်အရွယ် ၁၉၃၀ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ 

ယခုပျံ့နှံ့လျက်ရှိတဲ့ မာယာကော့ဗ်စကီကဗျာဆိုတဲ့ ရုရှားဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ ကဗျာ ခေါင်းစဉ် နဲ့ စာသားတွေကို အသေးစိတ်မျှဝေနေကြပေမဲ့ မည်သည့်နေရာက ရရှိသည် မည်သို့ သိရှိရသည်ဆိုတဲ့ မူရင်းကို ညွှန်းဆိုချက်တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ Google မှာ ဒီကဗျာထဲက အင်္ဂလိပ်ဘာသာနဲ့ ရုရှားဘာသာနဲ့စကားလုံးတွေကို အသုံးပြုရှာဖွေကြည့်ရာမှာ စက်တင်ဘာ ၁၆ ရက်က စပြီး လူမှုကွန်ယက်မှာ ဖြန့်ဝေလာတဲ့ ဒီကဗျာပို့စ်တွေကလွဲလို့ ထပ်တူကျတဲ့ ရလာဒ်မျိုးမတွေ့ရှိရပါဘူး။ ကဗျာဆရာမာယာကော့ဗ်စကီ ဟာ ကမ္ဘာသိနာမည်ကြီး ကဗျာဆရာဖြစ်တဲ့အတွက် သူ့ရဲ့ ကဗျာအပိုင်းအစဟာ အွန်လိုင်းမှာ ပျံ့နှံ့နေသလို ပျံ့နှံ့ခဲ့ခြင်းမရှိသည့်တိုင် ယခုထက်စောပြီး တစ်စုံတစ်ယောက်က မှတ်တမ်းတင်ထားဖို့ အလားအလာများပါတယ်။

ရုရှားဘာသာစကားအသုံး ပြုသူတွေအကြား ရေပန်းစားတဲ့ search engine ဖြစ်တဲ့ Yandex မှာလည်း ဒီလိုမာယာကော့ဗ် စကီရေးသားခဲ့တယ်ဆိုတဲ့ ဒီကဗျာခေါင်းစဉ်၊ ကဗျာစာသားနဲ့ ပတ်သက်ပြီးထပ်တူကျတဲ့ ကဗျာစာသား တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။

မာယာကော့ဗ်စကီရဲ့ အင်္ဂလိပ်ဘာသာနဲ့ပြန်ဆိုဖော်ပြထားတဲ့ ကဗျာတွေကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။ ဒီကဗျာစာရင်းမှာလည်း အခုလို လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတဲ့ “The Proud”ဆိုတဲ့ ကဗျာမျိုးမရှိပါဘူး။ 

Link1Link2

ပိုမိုပြည့်စုံများပြားတဲ့ ဗလာဒီမာ မာယာကော့ဗ်စကီရဲ့ ရုရှားဘာသာနဲ့ ရေးသားခဲ့တဲ့ ကဗျာတွေကို အောက်ပါ လင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ဒီလို သူ့ရဲ့ ကဗျာတွေ စုစည်းဖော်ပြထားတဲ့ဒီဝက်ဘ်ဆိုဒ်ကို Google Translate သုံးပြီး ဘာသာပြန်ဆိုပြီး ရှာဖွေကြည့်ရာမှာ ဒီလိုအလားသဏ္ဌာန်တူတဲ့ ကဗျာခေါင်းစဉ်မျိုးမတွေ့ ရှိရပါဘူး။ 

Link

ယခုလိုမျှဝေနေကြတဲ့အကြောင်းအရာတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာဘာသာနဲ့ကဗျာကို Google Translate အသုံးပြုပြီး အင်္ဂလိပ်ဘာသာနဲ့ မြန်မာဘာသာတွေကို ပြန်ကြည့်မယ်ဆိုရင် အခုပျံ့နှံ့နေတဲ့ စာသားတွေနဲ့ တစ်ပုံစံထဲထွက်ရှိ တာတွေ့ရပါတယ်။

ဒီလို ရုရှားနာမည်ကြီးကဗျာဆရာရဲ့ ကဗျာအဖြစ်ဖော်ပြပြီးနောက်မှာ ဒါရိုက်တာမင်းထင်ကိုကိုကြီးက ဒေါ်အောင်ဆန်းစုကြည်ရေးပေ ခဲ့တဲ့ ကဗျာနဲ့ပတ်သက်ပြီး ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကြာသေးခင်က လေလံတင်ခဲ့တဲ့ ကဗျာနဲ့ ထပ်တူကျပြီး ရုရှားဘာသာ၊ အင်္ဂလိပ်ဘာသာတွေနဲ့ ရုရှားနာမည်ကြီးကဗျာဆရာ ဗလာဒီမာ မာယာကော့ဗ်စကီ (Vladimir Mayakovsky)ရဲ့ ကဗျာဖြစ်တယ်ဆိုပြီး မျှဝေနေတဲ့အကြောင်းအရာများကို အချက်အလက်အမှား အဖြစ်သတ်မှတ်ပါတယ်။

Avatar

Title:ရုရှားကဗျာဆရာ ဗလာဒီမာ မာယာကော့ဗ်စကီရဲ့ကဗျာဆိုတဲ့ အချက်အလက်မှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *