ကိုဗစ်ထောက်ပံ့ကြေးအတွက် Online စနစ်နဲ့ကောက်ခံနေတယ်လို့ သတင်းမှားဖြန့်

False လူမှုရေး

ကိုဗစ်ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရေးအတွက်အိမ်ထောင်တစ်စုလျှင် ၂၀၀၀၀ ကျပ်နှုန်း ထောက်ပံ့ ရန်အတွက် online စနစ်နဲ့ကောက်ခံနေတယ်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။

 “Group ဝင်ထားသူများကိုသာ ထောက်ပံ့ကြေးပေးသွားမည် ဖြစ်သည်။ကိုဗစ်ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရေးအတွက် တစ်အိမ်ထောင်လျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် (ဒေသအလိုက်ကွာခြားနိုင်သည်) ထောက်ပံ့ ပေးခဲ့သည်မှာ အားလုံးအသိဖြစ်သည်။ ယခုအခါ ရောဂါပြန့်နှံ့မှုအခြေအနေမှာ ယခင်ကထက် ပိုမိုမြင့်မားလာ သောကြောင့် အိမ်ထောင်စုများအား ကွင်းဆင်းကောက်ခံရန် ခက်ခဲလာသည်။ထို့ကြောင့် Online စနစ်ဖြင့် ကောက်ခံသွားမည်ဖြစ်သောကြောင့် ယခု ဖော်ပြပါ Group အတွင်းသို့ ဝင်ရောက်၍ စာရင်းပေးထားရန် လိုသည်။ Group ဝင်ရန် (စာကိုနှိပ်၍ Join ကိုနှိပ်ပါ) https://www.facebook.com/groups/1128757160852604/?ref=share 

ယခုပို့အား အများသိစေရန် တခြား Groups များတွင် မျှဝေပေးပါ။ (Share ရှဲပေးရန်)ကောမန့်တွင် ငွေလက်ခံမည့် သူဖြစ်ကြောင်း စီစစ်ရေးအဖွဲ့မှ သတိပြုမိစေရန် အတည်ပြုကြောင်း Ok ဟုမန့်ပေးပါ။”ဆိုပြီး “သားသား” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ထီပေါက်စဉ်”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ မျှဝေထားပါတယ်။

Fb linkArchive link

ဒီပို့စ်ကို “MinThant Zaw”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “မြန်မာနိုင်ငံမှ အလှူရှင်များ”အမည်နဲ့ ဖေ့စ်ဘွတ် အုပ်စုမှာပြန်လည်မျှဝေထားတာတွေ့ရသလို အခြားသောဖေ့စ်ဘွတ်အုပ်စုတွေမှာလည်း မျှဝေထားတာ အောက်ပါ အတိုင်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

အစိုးရထောက်ပံ့ကြေးပေးမယ့်စာရင်းဟာ စာရင်းပြုစုပြီး ဖြစ်တာတွေ့ရပါတယ်။ အိမ်ထောင်စုတစ်စုကို ကျပ် ၂၀၀၀၀ ငွေသားအနေနဲ့ ထောက်ပံ့မှု တတိယအကြိမ်အဖြစ် အစိုးရက ထောက်ပံ့မယ့် အစီအစဉ်ကို သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ လစဉ် ပုံမှန် သတင်းစာ ရှင်းလင်း ပွဲမှာပြောကြားခဲ့တာ ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ အရင်အကြိမ်တွေက ထောက်ပံ့ခဲ့တဲ့ အိမ်ထောင်စု ၅ ဒသမ ၄ သန်းကို အခြေခံပြီးထောက်ပံ့မယ်လို့ ဦးဇော်ဌေးက ပြောကြားထားတာတွေ့ရပါတယ်။

https://www.facebook.com/theirrawaddyburmese/videos/407589886880539/

ထို့အပြင် ကမ္ဘောဇဘဏ်က လှူငွေပေးအပ်နေပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်မှာ COVID-19 ကာကွယ်ကုသရေးအတွက် Facility Quarantine ဝင်နေသော စောင့်ကြည့်လူနာများအနက်မှ နေ့စဉ်စားစရိတ် အခက်အခဲရှိသူ စောင့်ကြည့်လူနာတွေ အတွက် တစ်ဦးလျှင် တစ်ရက် (၃၀၀၀) ကျပ်နှုန်းဖြင့် ကူညီပံ့ပိုးပေနိုင်ရန်အတွက် ပြည်နယ်တစ်ခုကို ငွေကျပ်သိန်း (၃၀၀)စီဖြင့် စုစုပေါင်း ကျပ်သိန်း (၉ ၀၀) ကို သက်ဆိုင်ရာ ပြည်နယ်အစိုးရများထံသို့ ဧပြီလ ၂၇ ရက်၊ ၂၈ ရက်တွင် ကူညီလှူဒါန်းခဲ့တဲ့သတင်းဓာတ်ပုံကို ယူပြီး အသုံးပြုထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဒီလို လှူပေးတယ်၊ ငွေလွှဲမယ်ဆိုတဲ့ သတင်းဖြန့်တဲ့ ဖေ့စ်ဘွတ်အုပ်စုတွေကို ကြည့်မယ်ဆိုရင် ဖေ့စ်ဘွတ်အုပ်စုမှာ ဝင်ရောက်သူတွေ တိုးပွားအောင်ဆောင်ရွက်ပြီး နှစ်လုံးထီ၊ချဲဂဏန်းပေးတဲ့အလုပ်နဲ့ လူတွေဆီက ဝင်ငွေရှာဖွေ တာတွေနဲ့ စပ်ဆက်နေတာလည်းတွေ့ရပါတယ်။ ဒီလို သတင်းမှားဖြန့်ပြီး “ထီပေါက်စဉ်”နဲ့ “မြန်မာနိုင်ငံမှ အလှူရှင်များ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုကို နောက်ကွယ်ကိုင်တွယ်နေသူတဲ့ အကောင့် ၃ ခုဖြစ်တဲ့ “2D3D ပေါက်ဂဏန်းများ”၊ “သူသိေစ”၊ “ဆက်သွယ်ရန်”အမည်နဲ့အကောင့်တွေဟာ လူဉီး ထောင်ဂဏန်းကနေ  သောင်းဂဏန်အထိရှိတဲ့ အလားတူ ဖေ့စ်ဘွတ်အုပ်စု ၂၄ ခုနဲ့ စပ်ဆက်နေတာလည်း တွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ကိုဗစ်ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရေးအတွက် အိမ်ထောင်တစ်စု ၂၀၀၀၀ ကျပ်နှုန်းထောက်ပံ့ရန်အတွက် online စနစ်နဲ့ကောက်ခံနေတယ်ဆိုတဲ့ပို့စ်တစ်ခု အချက်အလက်အမှား အချက်အလက်အတုဖြစ်တာတွေ့ရပြီး ဒီလို ငွေလှူမယ် ထီပေါက်စဉ်”နဲ့ “မြန်မာနိုင်ငံမှ အလှူရှင်များ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုကို နောက်ကွယ်ကကိုင်ထားတဲ့ အကောင့် ၃ ခုဟာ နှစ်လုံးထီ၊ချဲဂဏန်းပေးတဲ့အလုပ်နဲ့ လူတွေဆီက ဝင်ငွေရှာဖွေနေတာတွေနဲ့ စပ်ဆက်နေတာတွေ့ရှိရပါတယ်။

Avatar

Title:ကိုဗစ်ထောက်ပံ့ကြေးအတွက် Online စနစ်နဲ့ကောက်ခံနေတယ်လို့ သတင်းမှားဖြန့်

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *