ဘွဲ့တံဆိပ်ပြန်ရုပ်သိမ်းခဲ့သည့်ဆရာတော်အဖြစ်ဖော်ပြနေတဲ့ သတင်းမှား

False နိုင်ငံရေး | Politics

အဆောက်အဦးတစ်ခုရှေ့မှာ ဘုန်းကြီးတစ်ပါး လူတွေကို ဆွမ်းဟင်းခပ်ပေးနေတဲ့ပုံကို အစိုးရရဲ့ ဘွဲ့တံဆိပ် တော်ပြန်လည်ရုပ်သိမ်းခံခဲ့ရသည့် ဆရာတော်အဖြစ်မျှဝေနေတဲ့ သတင်းမှားတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။

 “Ko Ko Mg”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “NLD ကိုမထောက်ခံတဲ့ဆရာတော်၏ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် ကို သမ္မတဦးဝင်းမြင့်မှပြန်ရုတ်သိမ်း ရုတ်သိမ်းခံရသည့် ဆရာတော်မှ လူထုကိုကူညီရင်ထဲမချိပြီ..” စသည်ဖြင့် ရေးသားပြီး ဆွမ်းဟင်းခပ်ပေးနေတဲ့ ဘုန်းကြီးကိုလည်း  အဂ္ဂမဟာ ပဏ္ဍိ တဘွဲ့တံဆိပ်တော်ပြန်လည်ရုပ်သိမ်းခံရ သည့် ဆရာတော် ဘဒ္ဒန္တဣန္ဒာစာရအဖြစ် အောက်ပါအတိုင်းမျှဝေ ထားရာမှာ လူမှု ကွန်ယက်အသုံးပြုသူ ၁ ထောင်ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ 

Fb LinkArchive link

အလားတူ “နေဝင်းထွန်း”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူကလည်း မျှဝေထားတာတွေ့ရပါတယ်။ “Ko Ko Mg”ပို့အောက်မှာ မှတ်ချက်ရေးသားသူတစ်ချို့က ဒီသတင်းမှားလို့ မှတ်ချက်ပေးနေကြတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

မွန်ပြည်နယ် မုဒုံမြို့ ဂျုံးဂျုံးကျတောရက ဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယ အပါအဝင်ဆရာတော်များ အား ဘွဲ့တံဆိပ်တော်အသီးသီး အစိုးရက ဘွဲ့တံဆိပ်ဆပ်ကပ်တဲ့သတင်းကို ဒီနေရာမှာဖတ်ရှု့နိုင်ပါတယ်။ ဂျုံးဂျုံးကျတောရက ဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယအား ဆပ်ကပ်ခဲ့သောဘွဲ့တံဆိပ်တော်ဟာ ပြန်လည်ရုပ်သိမ်း တဲ့ကြေညာချက်ကို ဒီနေရာမှာ ဖတ်ရှု့နိုင်ပါတယ်။

ဒီလိုမျိုးမျှဝေနေတာတွေနဲ့ ပတ်သက်ပြီး သတင်းအချက်မှားတွေ စိစစ်တဲ့အဖွဲ့တစ်ခုဖြစ်တဲ့ realornot က စက်တင်ဘာ ၁၈ ရက်မှာ အချက်အလက်စိစစ်ထားတာတွေ့ရပြီး ဒီဓာတ်ပုံမှာပါတဲ့ ဆရာတော်ဟာ ဇေယျဝတီစာသင်တိုက် ဆရာတော် ဦးစန္ဒဇောတိဖြစ်တာတွေ့ရပါတယ်။

သတင်းလုပ်ငန်းစဉ်ပုံမှန်ဆောင်ရွက်နေတဲ့မီဒီယာတွေတစ်ခုဖြစ်တဲ့ The Ladies News မှာလည်း ဒီပုံကို တင်ထားတာတွေ့ရပါတယ်။

“စမ်းချောင်းမြို့နယ်ရှိ ပုညဝတီကျောင်းတိုက်၊ ဇေယျဝတီစာသင်တိုက်မှ ဆရာတော်ဦးဆောင်၍ ကြည့်မြင်တိုင်ရှိ အရိုးအကြောဆေးရုံတွင် စက်တင် ဘာ ၁၆ ရက်နေ့က ” ပြန်ဆွမ်း ” လှူဒါန်းမှု”ဆိုပြီးတော့ Photo Credit  “Thura Aung”ဆိုပြီးမျှဝေထားပါတယ်။ 

Thura Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူတင်ထားတဲ့ စမ်းချောင်းမြို့နယ်ရှိ ပုညဝတီကျောင်းတိုက်၊ ဇေယျဝတီစာသင်တိုက်မှ ဆရာတော်ဦးဆောင်ပြီး ကြည့်မြင့်တိုင်အရိုးကြောဆေးရုံးတွင် စက်တင်ဘာ ၁၆ ရက်က လှူဒါန်းမှုအဖြစ်ဖော်ပြထားပါတယ်။

ဒီပုံကို “ရဟန်းရဲ့ ပြန်ဆွမ်း(ကိုဗစ်ကာလ ၊ရန်ကုန် အရိုးအကြောဆေးရုံ)”ဆိုပြီးတော့ “Shwe Mone” လူမှုကွန်ယက် အသုံးပြုသူတစ်ဉီးကလည်း တင်ထားတာတွေ့ရပါတယ်။ အခြားသော လူမှုကွန်ယက် အသုံးပြုသူတစ်ဉီးကလည်း အလားတူတင်ထားတာတွေ့ရပါတယ်။ 

သုံးသပ်ချက်

အထက်မှာပါ အချက်အလက်အရ ဘုန်းကြီးတစ်ပါး လူတွေကို ဆွမ်းဟင်းခပ်ပေးနေတဲ့ပုံကို အစိုးရရဲ့ ဘွဲ့တံဆိပ် တော်ပြန်လည်ရုပ်သိမ်းခံခဲ့ရသည့် ဘဒ္ဒန္တဣန္ဒာစာရ ဆရာတော်အဖြစ်မျှဝေနေခြင်းဟာ အချက်အလက်မှားဖြစ်တာ တွေ့ရပါတယ်။

Avatar

Title:ဘွဲ့တံဆိပ်ပြန်ရုပ်သိမ်းခဲ့သည့်ဆရာတော်အဖြစ်ဖော်ပြနေတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *