နိုင်ငံအနှံ့ NLD ပါတီဝင်တွေအပြိုင်နှုတ်ထွက်ကုန်ပြီဆိုတဲ့ သတင်းမှား

False နိုင်ငံရေး | Politics

နိုင်ငံအနံ့အပြားက NLD ပါတီဝင်တွေ နှုတ်ထွက်ကုန်ပြီဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက် မှာ ပျံ့နှံ့ လျက်ရှိပါတယ်။

“ကိုယ့်ရပ်ကွက်ထဲမှာ ကိုယ့်စောက်ခွက်တောင် မပြရဲတော့လို့…NLD က နှုတ်ထွက်တာပါ…တဲ့”ဆိုပြီးတော့ “Zaw Ta Mar”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူကမျှဝေထားသလို “မိုး စန္ဒာ လှို င်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက “ကောင်းပါတယ် အခုလိုအချိန်မှီ အမြင်မှန်တွေရလာတာ ဂုဏ်ယူပါ တယ်”စသည်ဖြင့်ရေးသားပြီး Radio Free Myanmar လို့ အမည်ပေးထားတဲ့ သတင်းဌာနက ရေးသားဟန်နဲ့ မျှဝေထားတဲ့ ဓာတ်ပုံပို့စ်ကို အောက်ပါအတိုင်း မျှဝေထားပါတယ်။

Fb linkFb link
Archive linkArchive link

အလားတူစွာပဲ NLD ဗဟိုကအမတ်လောင်းအမည်စာရင်းထုတ်ပြန်ပြီးနောက် NLD ပါတီထဲတွင်အုပ်စုဖွဲ့၍ သူ့လူ ကိုယ့်လူ ရွေးချယ်သည်ဟုဆိုကာ တနိုင်ငံလုံးရှိ NLDပါတီဝင်များထဲမှ ပါတီဝင်အများစု နှုတ်ထွက်စာ တင်၍ ထွက်ကုန်ကြတယ်ဆိုတဲ့ပို့စ်တစ်ခုကို “Khun Sai Lieng”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက ဇူလိုင် ၂၄ ရက်က မျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ၅၀၀ ဝန်းကျင်က ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဒီလိုပါတီဝင်တွေ နှုတ်ထွက်ကုန်ပြီဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟို အလုပ်အမှုဆောင် ဒေါက်တာမျိုးညွှန့်ကို Fact Crescendo Myanmar က ဆက်သွယ်အတည်ပြုရာမှာ အောက်ပါအတိုင်း ပြောထားတာတွေ့ရပါတယ်။

“ကျွန်တော်တို့က အခွင့်အဏာနဲ့သက်ဆိုင်တဲ့ ရာထူးနေရာရွေးချယ်တိုင်းဟာ ဒီနေရာကို မရတဲ့လူတွေ သူတို့ကို ထောက်ခံတဲ့လူတွေကနေပြီးတော့ ပြန်လည်ဆန့်ကျင်တာတွေရှိပါတယ်။ ဒါပေမဲ့ နှုတ်ထွက်တာကတော့ အင်မတန်ကို ရှားပါးတဲ့ဖြစ်တောင့်ဖြစ်ခဲကိစ္စပဲဖြစ်ပါတယ်။အများအပြားနှုတ်ထွက်ကုန်ကြပြီဆိုရင်တော့ လုံးဝမမှန်တဲ့ သတင်းပါလို့ ကျွန်တော်တို့ ငြင်းဆိုပါတယ်”လို့ ဒေါက်တာမျိုးညွှန်က ပြောပါတယ်။

မိုးကုတ်မှာ NLD ဆိုင်းပုဒ်တွေကိုလိုက်ဖြုတ်ချနေကြပြီဆိုတဲ့ Myanmar Hard Talk အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာ က မျှဝေထားတာ သတင်းမှားဖြန့်ချိခဲ့ပါသေးတယ်။ Fact Crescendo Myanmar က အချက်အလက်စိစစ်ထား တာကို ဒီလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ နိုင်ငံအနှံ့က NLD ပါတီဝင်တွေ နှုတ်ထွက်ကုန်ပြီဆိုတဲ့ အချက်အလက်ကို အချက်အလက်မှားအဖြစ် သတ်မှတ်ပါတယ်။

Avatar

Title:နိုင်ငံအနှံ့ NLD ပါတီဝင်တွေအပြိုင်နှုတ်ထွက်ကုန်ပြီဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *