
မြန်မာစကားမတတ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါစေသီချင်းဆိုနေကြတယ်ဆိုပြီး နိုင်ငံခြားက လုံခြုံရေးတပ်ဖွဲ့တစ်ခုက သီချင်းဆိုနေဟန် ဗွီဒီယိုပို့စ်တစ်ခုကို ပျံ့နှံ့လျက်ရှိပါတယ်။
ဒီဗွီဒိုယိုဖိုင်ကို “Pway Li” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “အမေအောင်ဆန်းစုကြည် သမ္မတဖြစ်ပါစေတဲ့ ကို့ဘာသာစကားမဟုက်ပေမဲ့ အမေ့ကိုဂုဏ်ပြုသီဆိုထားတာလေးနားထောင်ကြည့်ပါဗျာ အမေအောင်ဆန်း စုကြည် သမ္မတဖြစ်ပါစေတဲ့ကို့ဘာသာစကားမဟုက်ပေမဲ့ အမေ့ကိုဂုဏ်ပြုသီဆိုထား တာလေးနားထောင် ကြည့်ပါဗျာ”ဆိုပြီး အောက်ပါအတိုင်းမျှဝေထားရာမှာ ၂ ရက်အတွင်း ဒီဗွီဒီယိုကို ပြန်လည် မျှဝေသူပေါင်း ၃ သောင်း ၈ ထောင်ကျော်ရှိပါတယ်။

အချက်အလက်စိစစ်ချက်
ဒီဗွီဒီယိုကို ဗွီဒီယိုကနေ ဓာတ်ပုံအဖြစ်ပြောင်းပေးနိုင်တဲ့ Invid ဆိုတဲ့ ဆော့ဖ်ဝဲလ်အသုံးပြုပြီး ခွဲခြမ်း စိတ်ဖြာ ကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

ရလာတဲ့ပုံတွေထဲက ပထမဆုံးပုံကို Yandex မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။

အွန်လိုင်းမှာ ၂၀၁၇ ခုနှစ်လောက်ကတည်းက ပျံ့နှံ့လျက်ရှိတဲ့ ဒီဗွီဒီယိုဟာ ၄ မိနစ်နဲ့ ၅၂ စက္ကန့်ရှည်ကြာပြီး အင်ဒိုနီးရှားနိုင်ငံက ရဲတပ်ဖွဲ့တစ်ခုအတွင်းမှာ ကကွက်နဲ့ တာဝန်ထမ်းဆောင်နေကြတယ်လို့ အင်ဒိုနီးရှား ဘာသာ စကားနဲ့ရေးသားထားတဲ့ ဗွီဒီယိုဖိုင်မှာရေးသားထားပြီး ဗွီဒီယိုထဲမှာပါတဲ့သီချင်းဟာလည်း အင်ဒိုနီးရှာ ဘာသာစကားဖြစ်တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
“Pway Li”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ ဗွီဒီယိုဟာ မူရင်း ၄ မိနစ်နဲ့ ၅၂ စက္ကန့်ရှည်ကြာတဲ့ ဒီဗွီဒီယိုကနေပြီးတော့ ၉ စက္ကန့်မြောက်နေပြီးတော့ ၃ မိနစ် ၆ စက္ကန့်ကြားကကွက်ကို ယူပြီးတော့ အသံဖိုင် နေရာမှာ အခြားတီးလုံးနဲ့ သီချင်းကိုအစားထိုးဖန်တီးထားတာဖြစ်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေ မူရင်းဗွီဒီယိုဟာ အင်ဒိုနီးရှားနိုင်ငံက ရဲတပ်ဖွဲ့တစ်ခုမှာ ကကွက်နဲ့ တာဝန်ထမ်း ဆောင်နေကြတယ်လို့ အင်ဒိုနီးရှား ဘာသာ စကားနဲ့ရေးသားထားတဲ့ ဗွီဒီယိုဖိုင်မှာရေးသားထားပြီး ဗွီဒီယိုထဲ မှာပါတဲ့သီချင်းဟာလည်း အင်ဒိုနီးရှာဘာသာစကားဖြစ်တာတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ရေးအတွက် ဆုတောင်းသီချင်းဆိုတဲ့ အချက်အလက်ဟာ အချက်အလက်မှားဖြစ်တာတွေ့ရပါတယ်။

Title:ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါစေသီချင်းဆိုနေကြတာလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: False