
ညောင်လေးပင်မှာ ခိုးဝင်လာသော ဘင်္ဂါလီ ၂၀၀ ဦး ဖမ်းဆီး ရမိတယ်ဆိုတဲ့ ပို့စ်တစ်ခုလူမှုကွန်ယက်သုံးစွဲသူတွေ အကြားမှာပျံ့နှံ့ခဲ့ပါတယ်။
စက်တင်ဘာ ၇ ရက်က “ဘုန်း နိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ကိုဗစ်ဖြစ်တာသောက်သောက်လဲ ခိုးသွင်းဘင်္ဂလီက တဖွဲဖွဲ”ဆိုပြီးခေါင်းစဉ်တပ်မျှဝေထားပြီး ညောင်လေးပင်မြို့တွင် ဘောက်ကားကြီး(၂)စီး အံစာတုံးကား(၁)စီးဖြင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှ တရားမဝင် ခိုးသွင်းလာသော ဘင်္ဂလီအကောင်(၂၀၀) ဖမ်းဆီးရမိသည်ဟု ညောင်လေးပင်မြို့မှ တာဝန်ရှိသူတစ်ဦးကပြောတယ်စသည်ဖြင့် ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။

အချက်အလက်စိစစ်ချက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂါလီ ၂၀၀ဦးကို ဖမ်းဆီးရမိဆိုတဲ့ပို့စ်ဟာ မတ် ၃၁ရက်နေ့ထဲက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပြီး အဲဒီအချိန်က “Nay Lin Htike”ဆိုတဲ့ ဖေ့ဘွတ်ခ်အကောင့်က ရန်ကုန်တိုင်း ဒေသကြီး ရွှေကျီးစက်ရုံပိတ်လိုက်တာကြောင့် စက်ရုံပိုင်ရှင်ကသဲတော၊ ဝမ်းတွင်း၊ သာစည် စတဲ့ ဒေသတွေဆီ အလုပ်သမားတွေကို စက်ရုံကားတွေနဲ့ ပြန်လိုက်ပို့တာဖြစ်ကြောင်း ဧပြီ ၁ရက်က ရေးသားထားတာတွေ့ ရပါတယ်။
“ညောင်လေးပင်မြို့နယ်ဖြစ်ပျက်နေတဲ့ COVID-19 ရောဂါအခြအနေနဲ့ပတ်သက်ပြီ အများပြည်သူသိသင့် သိထိုက်၊သိပိုင်ခွင့်ရှိတဲ့အကြောင်းအရာအချက်အလက်မှန်သမျှကို အချိန်နဲ့တပြေးညီ သိရအောင် ဖြစ်ပေါ်နေတဲ့ နယ်မြေဒေသတွေအထိ သွားရောက်သတင်းယူ ထုတ်ဖေါ် ရေးသားပေးနေပါတယ်၊ မတ်လ ၃၁ ရက်နေ့ညက ကွန်တိန်နာဘောက်ယာဥ်လေးစီးနဲ့ ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားတွေကို ပြည်တွင်းကို တင်ဆောင်လာ တယ်ဆိုတဲ့ သတင်းပေးချက်အရ မြို့နယ်ရဲတပ်ဖွဲ့မှူး၊မြို့မစခန်းမှူး တို့နှင့်အတူ တာဝန်ရှိသူတွေပိတ်ဆို့ရှာဖွေ စစ်ဆေးခဲ့ပါတယ်၊ စစ်ဆေးပေါ်ပေါက်ချက်အရ ရန်ကုန်မြို့ (ရွှေကျီး)စက်ရုံမှအလုပ်သမားတွေဖြစ်ပြီ စက်ရုံ ပိတ်လိုက်တာကြောင့် ရွှေကျီးစက်ရုံပိုင်ရှင် မှ ရွှေကျီးစက်ရုံပိုင် ယာဥ်တွေဖြင့် စက်ရုံလုပ်သားတွေကို သဲတော ၊ ဝမ်းတွမ်း ၊ သာစည် မြို့ကို လိုက်လံပို့ဆောင်ပေးနေတာပဲဖြစ်ပါတယ်၊COVID-19 ရောဂါအခြေအနေနဲ့ပတ်သက်ပြီ ပြည်သူလူထု စိုးရိမ်မှုရှိနေတဲ့ အချိန်ခါမျိုးမှာ မသမာသူ လူတချို့က အခွင့်ကောင်းယူ ပြီးသတင်းမှား တွေကောဟ လာဟတွေကို လူမှု့ကွန်ယက်တွေမှာ “ဘင်္ဂါလီတွေကို တင်ဆောင်လာတယ်၊ခိုးဝင် ၂၀၀ ကျော် တွေ့ရှိ ” ဆိုတဲ့ မဟုတ်မမှန်ရေးသားဖော်ပြနေပါတယ်၊
ဒီလိုရေးသားချက်တွေဟာမှန်ကန်မှု မရှိသလို ပြည်သူလူထုအနေနဲ့လည်းအထိတ်တလှန့် မဖြစ်ပေါ်စေဖို့ ပြန်လည်းရေးသားတင်ပြရခြင်းဖြစ်ပါတယ်။ ညောင်လေးပင်မြို့နယ်မှာ COVID-19နဲ့ပတ်သက်ပြီး ထူးခြား ဖြစ်စဥ်တွေရှိပါက အချိန်နဲ့တပြေးညီ တင်ပြပေးသွားမှာဖြစ်သလို၊ မမှန်သတင်းဖေါ်ပြရေးသားသူတွေကိုလည်း တရားစွဲဆိုသွားမှာဖြစ်ကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။”ဆိုပြီးရေးသားခဲ့တာတွေ့ရပါတယ်။
https://www.facebook.com/groups/928289337196419/permalink/3884442258247764/
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ညောင်လေးပင်မှာ ခိုးဝင်လာသော ဘင်္ဂါလီ ၂၀၀ ဦး ဖမ်းဆီး ရမိတယ်ဆိုတဲ့ ပို့စ်ဟာ သတင်းတုသတင်းမှားဖြစ်တာတွေ့ရပါတယ်။

Title:ညောင်လေးပင်မှာ ခိုးဝင်လာသော ဘင်္ဂါလီ ၂၀၀ ဦး ဖမ်းဆီး ရမိတယ်ဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False