Fact Check: အမေရိကန်လေယာဉ်တင်သင်္ဘော ၄ စီး မြန်မာကိုဝင်‌လာတဲ့ သတင်းတု 

False နိုင်ငံရေး | Politics

အကောင်းဆုံးလက်နက်ကြီးတွေ တပ်ဆင်ထားတဲ့ အမေရိကန် လေယာဉ်တင် သင်္ဘော ၄ စီး မြန်မာနိုင်ငံကို ဝင်ရောက်လာတယ်ဆိုတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။

အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ 

“တရုတ်တောင် ကြောက်နေရပြီ

ကန်လေယာဉ်တင်သင်္ဘော ၄ ခု မြန်မာကို ဝင်ပြီ

အမေရိကန်ရဲ့ အကောင်းဆုံးလက်နက်ကြီးတွေ မြန်မာရေပိုင်နက်ကို ဝင်

တရုတ်ဝန်ကြီး နေပြည်တော် ရောက်လာပြီး အာဏာအပ်ဖို့ ဖိအားပေးနေ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  

အခုလည်း သတင်းဖော်ပြချက်ထဲမှာ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “ကျားဖြန့်တိုက်ဖျက်​ရေးအ​မေရီကန် ဝင်လာပြီး ​​နောက်ဝယ်”ဆိုတဲ့ သတင်းဆောင်းပါးကို ပြန်လည်‌ဖော်ပြထားတယ်။ မူလ‌ဖော်ပြချက် သတင်းဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်မှာ ကြည့်ပါ။

ဗွီဒီယိုထဲမှာ အမေရိကန်၊ ကိုလမ်ဘီယာခရိုင်၊ တရား​ရေးဌာနဦးဆောင်ပြီး အမေရိကန် ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို(FBI)၊ အထူးလျှို့ဝှက်ထောက်လှမ်းရေးဌာန(USSS)၊မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဦးစီးဌာနတွေ ပူးပေါင်းပြီး အွန်လိုင်း​ငွေလိမ်လုပ်ငန်းနှိမ်နင်းရေး အထူးတပ်ဖွဲ့ (Scam Centre Strike Force-SCSF) ဖွဲ့စည်း​ကြောင်း​ နိုဝင်ဘာ ၁၂ ရက်​မှာ ကြေညာပြီး အမေရိကန်နိုင်ငံသားတွေကို ဦးတည်လိမ်လည်နေတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံတွေထဲက ကျားဖြန့် ကွန်ရက်တွေကို ဖြိုခွဲဖို့၊ ကျူးလွန်သူ​တွေကိုအ​ရေးယူမယ်လို့ ကြေညာခဲ့တ ဲ့အကြောင်းစသည်ဖြင့်ပါတယ်။ တရုတ်ကလည်း အိမ်နီးချင်း ၅ နိုင်ငံ ပူးပေါင်းပြီး ငွေကြေးလိမ်လည်မှု ပြဿနာကို ဖြေရှင်းဖို့ကြိုးပမ်းနေကြောင်း၊ ၂၀၁၇ စစ်ဆင်ရေးနဲ့ တရုတ်က မြန်မာစစ်တပ်ကို အွန်လိုင်းငွေကြေးလိမ်လည်မှုတွေမှာ အာရုံစိုက်ဖို့ အရေးယူပြခဲ့ကြောင်း၊ အခုချိန်မှာ မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)က မြန်မာစစ်တပ်နဲ့ ပူးပေါင်ပြီး အွန်လိုင်းငွေကြေး လိမ်လည်မှုလုပ်ငန်းတွေကို ဖြိုခွင်းနေတာကို ပြောလာကြောင်း၊ အဓိကအားဖြင့် သက်သေပစ္စည်းတွေအဖြစ် သိမ်းဆည်းရမယ့်အစား ဖျက်ဆီးဖို့ မြန်မာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းက အမိန့်‌ပေးထားကြောင်း စသည်ဖြင့် ဖော်ပြထားတယ်။ ဒီအပြင် အခုတချိန် အမေရိကန်ပါ ပါဝင်လာတဲ့ ငွေကြေးလိမ်လည်မှု နှိမ်နှင်းရေးဟာ အရင်လို မြန်မာစစ်တပ်အနေနဲ့ ဟန်ပြလုပ်ပြရုံနဲ့ လုံလောက်တော့မှာ မဟုတ်ကြောင်း စသည်ဖြင့် သုံးသပ်ထားတဲ့ ဆောင်းပါးဖြစ်တယ်။

အမေရိကန်လေယာဉ်တင်သင်္ဘောတွေ မြန်မာနိုင်ငံကို ဖြန့်ကျက်ထားမယ့်အကြောင်းမပါဝင်ပါဘူး။

သုံးသပ်ချက်

“Mandalay Khitthit” ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့က သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ပြန်လည်ဖြန့်ချိတယ်။ အခုလည်း လူထုနွေဦးသတင်းဌာနက‌‌‌ဖော်ပြခဲ့တဲ့ အမေရိကန်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံ ကျားဖြန့်တိုက်ဖျက်ရေးဟာ ဟန်ပြသက်သက်နဲ့ အလုပ်ဖြစ်မှာမဟုတ်တော့တဲ့အကြောင်း သတင်းဆောင်းပါးကို လိုအပ်သလို ခေါင်းစဉ်တုတပ်ထားတယ်။

Avatar

Title:Fact Check: အမေရိကန်လေယာဉ်တင်သင်္ဘော ၄ စီး မြန်မာကိုဝင်‌လာတဲ့ သတင်းတု 

Fact Check By: နေရာမောင်  

Result: False