Fact Check: ဖိလစ်ပိုင်စာတိုက်မီးလောင်မှုကို ပြင်သစ်မှာ ဆန္ဒပြသူတွေက စာကြည့် တိုက်မီးရှို့မှုအဖြစ် ဖြန့်ဝေ

False နိုင်ငံတကာ၊ | International

ပြင်သစ်မှာ ဆန္ဒပြသူတွေက စာကြည့်တိုက်မီးရှို့မှုအဖြစ် ဗွီဒီယို သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေအကြား ဖြန့်ဝေလျှက်ရှိပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အထင်ကရ ဗဟိုစာတိုက်ကြီး မေလအတွင်းက မီးလောင်မှုဖြစ်တယ်။ 

ပြင်သစ်မှာ ၂၀၂၃ ခုနှစ် ဇွန် ၂၈ ရက်က အသက် ၁၇ နှစ်အရွယ်ကောင်လေးတစ်‌ယောက်ကို ရဲက မီးပွိုင့်မှာ မရပ်လို့ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးခဲ့ပြီးနောက် ပြင်သစ်မှာ ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ပေါ်နေပါတယ်။

အောက်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“NUG အကြမ်းဖက်အဖွဲ့ကကောင်တွေ ရောက်တဲ့နိုင်ငံနဲ့ ဒေသတွေမှာ မတည်ငြိမ်မှုဖြစ်ပွားနေ

ယခုလည်း

ပြင်သစ်ရဲ့ အကြီးဆုံးစာကြည့်တိုက်လည်း မီးလောင်သွားပြီဖြစ်ပါတယ်

#မှိုင်းဝေ” 

မူရင်းလင်ခ့် – Fb link | Archive link

တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဖြန့်ဝေထားတဲ့ ဗွီဒီယိုကို Google  မှာ ပုံပြန်လည်ရှာနည်းအသုံးပြု ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ၂၀၂၃ ခုနှစ် မေလအတွင်းမှာ နိုင်ငံတကာသတင်းဌာန အများအပြားဖော်ပြခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံက အထင်ကရ စာတိုက်ကြီး မီးလောင်မှုဖြစ်တာတွေ့ရပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်က ဗဟိုစာတိုက်ကြီးမှာ မေလ ၂၂ ရက်က မီးလောင်မှုကြီး ဖြစ်ပွားခဲ့တဲ့ ဗီဒီယိုဖိုင်အဖြစ် သတင်းတွေမှာဖော်ပြပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။

၂၀၂၃ ခုနှစ် မေ ၂၂ ရက်က ဗြိတိန်အခြေစိုက် Skynews မှာဖော်ပြခဲ့တဲ့ ဖိလစ်ပိုင်စာတိုက်ကြီး မီးလောင်မှု ဗွီဒီယို မြင်ကွင်းကျယ်ကို ယူကျူ့ရဲ့ ဒီလင့်ခ်မှာ တွေ့နိုင်ပါတယ်။ 

Skynews ယူကျုဗွီဒီယိုအတိုပါမြင်ကွင်းနဲ့ ပြင်သစ်စာကြည့်တိုက်မီးလောင်မှုအဖြစ်ဖော်ပြတဲ့ မြင်ကွင်းကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ပြင်သစ်စာကြည့်တိုက်မီးလောင်မှုအဖြစ်ဖော်ပြတဲ့ မြင်ကွင်းဗွီဒီယိုဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ မေလအတွင်းက ဗဟိုစာတိုက်ကြီး မီးလောင်မှုမြင်ကွင်းဖြစ်တယ်။

ပြောဆိုချက်- ပြင်သစ်မှာ ဆန္ဒပြသူတွေက အကြီးဆုံးစာကြည့်တိုက်မီးရှို့လို့ မီးလောင်နေတဲ့ မြင်ကွင်းဗွီဒီယို

Avatar

Title:Fact Check: ဖိလစ်ပိုင်စာတိုက်မီးလောင်မှုကို ပြင်သစ်မှာ ဆန္ဒပြသူတွေက စာကြည့် တိုက်မီးရှို့မှုအဖြစ် ဖြန့်ဝေ

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *