Fact Check: ထိုင်ခုံတွေနဲ့အောက်ဆီဂျင်ပေးထားရတဲ့လူနာတွေဟာ ရန်ကုန် ဆေးရုံကြီးကCOVID-19 အတည်ပြုလူနာတွေမဟုတ်ပါ

False လူမှုရေး

ရန်ကုန်ဆေးရုံကြီးမှာ COVID-19 လူနာတွေကို ထိုင်ခုံတွေနဲ့ကုသနေရတယ်ဆိုတဲ့ ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။

ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ လူနာတစ်ချို့ဟာ လျှောက်လမ်းတစ်ခုရဲ့ တစ်ဖက်တစ်ချပ်စီမှာ ထိုင်ခုံတစ်လုံးစီနဲ့ အောက်စီဂျင် အိုးတွေပေးထားရတဲ့ ဓာတ်ပုံလည်းပါဝင်ပြီး ရေးသားမျှဝေထားတဲ့ စာသားတွေမှာ ရန်ကုန်ဆေးရုံကြီးကဖြစ်တယ်၊ COVID-19 လူနာတွေကို အခုလိုကုသတယ်ဆိုပြီး ဖော်ပြထားတာတွေ့ရပါတယ်။

သို့သော်လည်း ဓာတ်ပုံပို့စ်ထဲမှာပါတဲ့ လူနာတွေဟာ COVID-19 အတည်ပြုလူနာတွေမဟုတ်သလို နေရာဟာ လည်း ရန်ကုန်ဆေးရုံကြီးမှာမဟုတ်ဘဲ မြောက်ဉက္ကလာပဆေးရုံမှာ Fact Crescendo Myanmar ကတွေ့ရပါတယ်။

“ဘိုနေ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ဖျားသွားမယ်ဝန်ကြီး ပြောတဲ့  …ပြင်ထားတာ လာကြည့်လိုက် ဖျားသွားမယ် ဆိုတဲ့…အရေးပေါ် အထူးကုသဆောင် (YGH-ICU)”ဆိုပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။   

မူရင်းလင်ခ့် – Fb link  |  Archive link

လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာနားလည်းမှုလွဲစေနိုင်တဲ့ အရေးသားနဲ့“တကယ့်ကို ဝမ်းနည်းကြေကွဲစရာ ကောင်းတဲ့ ကိုဗစ်လူနာတွေရဲ့ မြင်ကွင်းလေး”ဆိုပြီးတော့ ကုတင်မလုံလောက်လို့ ကိုဗစ်လူနာတွေကို ကုသနေရပုံအဖြစ် ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း အလားတူမျှဝေထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဒီလူနာတွေပါတဲ့ဓာတ်ပုံကို မြောက်ဉက္ကလာပဆေးရုံကြီးက ဆေးရုံအုပ် ဒေါက်တာဝင်းသန္တာဖြူကလည်း ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ အခုလိုသတင်းမှားပျံ့နှံ့လာပြီးနောက်မှာ ပြန်လည်ရှင်းတဲ့အနေနဲ့ ဒီဓာတ်ပုံကို ပြန်လည်မျှဝေခဲ့တာဖြစ်ပြီး မျှဝေထားတဲ့ပို့စ်ထဲက ကောက်နှုတ်ချက်ဖော်ပြရရင် အောက်ပါ အတိုင်းဖြစ်ပါတယ်။ 

“တစ်ဆေးရုံလုံးရဲ့ သံသယလူနာတွေ နေရာချထားဖို့ ကုတင်မရ​သေးခင် လိုအပ်နေချိန် အရေးပေါ်သို့ လူနာရောက် လာတယ် သွေးစစ် ဓာတ်မှန်ရိုက် အဖြေစောင့် ဆေးရုံတင်ဖို့လိုပေမယ့် ကုတင်မရသေးလျှင် သက်တောင့်သက်သာ ဖြစ်အောင်အရင် ချပေးထားတဲ့ခုံတွေထက် လူနာတွေ Dream Bedကဲသို့ လှဲလို့ရအောင် အခုလို ခုံမျိုးနဲ့ အောက်စီဂျင် ရေ ထမင်း မုန့် အစရှိသဖြင့် အလှူရှင်များလှူဒါန်းမှုကို မျှဝေပေးကြပါတယ်”

"အကောင်းဆုံးလုပ်​ဆောင်ပေးပြီးတောင့်ခံပေးနေတဲ့ရှေ့တန်းခံစစ် NOGH,ED Team ကိုအထူးကျေးဇူးတင်ဂုဏ်ယူလျက်"ဒီ ဓာတ်ပုံလေး fb…

Geplaatst door Win Thandar Phyu op Maandag 5 oktober 2020

မူရင်းလင့်ခ် –  Win Thandar Phyu  |  Archive link 

အထက်ပါအချက်အလက်အရ ဒီဓာတ်ပုံဟာ ရန်ကုန်ဆေးရုံကြီးက မဟုတ်တာတွေ့ရပါတယ်။ အလားတူ COVID-19 အတည်ပြုပြီးလူနာတွေဖြစ်တယ်ဆိုတဲ့အထောက်အထားလည်းမရှိပါဘူး။

ရန်ကုန်ဆေးရုံကြီး”၊ “covid-19 ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာန” စတဲ့ အဓိကကျတဲ့စကားလုံးအချို့ အသုံးပြုရှာဖွေရာမှာ အခြားသောသတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာ အခုလိုမျိုး COVID-19 လူနာတွေ တက်ရောက်ကုသဖို့အတွက် နေရာမရှိ လောက်အောင်ပြတ်လပ်နေတယ်ဆိုတဲ့ သတင်းမျိုး မတွေ့ရှိရပါဘူး။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှာ COVID-19 လူနာတွေကို ကုသနေပုံအဖြစ် မျှဝေနေတဲ့သတင်းဖော်ပြချက်နဲ့ ဓာတ်ပုံဟာမှန်ကန်မှု မရှိတာတွေ့ရပါတယ်။

Avatar

Title:ထိုင်ခုံတွေနဲ့အောက်ဆီဂျင်ပေးထားရတဲ့လူနာတွေဟာ ရန်ကုန် ဆေးရုံကြီးကCOVID-19 အတည်ပြုလူနာတွေမဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *