သင်္ကြန်ရုံး ပိတ်ရက်ကာလအတွင်း မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အတည်ပြုလူနာ ရုတ်တရက် မြင့်တက်လာနေပြီး ဧပြီ ၁၄ ရက် တစ်ရက်ထဲမှာပဲ အတည်ပြုလူနာ၂၁ ဉီးထပ်မံတွေ့ရှိခဲ့ရပြီးနောက် အတည် ပြုလူနာ၆၂ ဉီးရှိနဲ့ သေဆုံးသူ ၄ ဉီး၊ ပြန်လည်သက်သာသူ ၂ ဉီးရှိထားပါတယ်။

ဒီလိုအချိန်မှာ “အကယ်၍ မိမိ၌ Covid - 19 မိမိမှာ ဖြစ်ခဲ့လျှင် အိမ်တွင်း၌အလွယ်ကူဆုံးနဲ့ ၊ ငွေကုန်သက်သာ ဆုံးနည်းလမ်းများ”ဆိုပြီးတော့ “Phyu” အမည်နဲ့ လူမှုကွန်ယက်သုံးစွဲသူက “သတင်းစုံ”အမည်နဲ့ ဖေ့စ်ဘွတ် အုပ်စုမှာ မျှဝေထားပါတယ်။

Fb linkArchive link

မျှဝေထားတဲ့လင့်ခ်ကိုဖွင့်ကြည့်လိုက်မယ်ဆိုရင် “လည်ချောင်း စူးရှ့ရှ့ နာချင်လာရင် ဆားရေနွေးနဲ့ ခေါင်းမော့ပြီး ပလုပ်ကျင်း လည်ချောင်းဆေးပါ၊ တစ်နေ့လျှင် 1မိနစ်ခန့် 3 ကြိမ်။ စူးရှမှု ပိုပြင်းထန်လာရင် ဆားရေအပြင် ကြက်သွန်ဖြူ အတက်ခွာပြီး ဖိကိုက်လိုက်ပါ။ ပူပြီး စပ်တဲ့ အရည် ထွက်လာမယ်။ အပူငွေ့ကို အဆုတ်ထဲ ရောက်အောင် ရှူသွင်းပြီး 10 စက္ကန့် အသက်အောင့်ထားပါ၊ရောဂါ ရဲ့ 80%ကို ကုသပေးပါတယ်။ ချောင်းစဆိုးလာရင် ရေနွေးငွေ့ကို အဆုပ်ထဲအထိရောက်အောင် ရှူပါ။တစ်နေ့ 3 ကြိမ်၊ 2 ရက်ခန့် ပြုလုပ်ပါ၊ ရောဂါရဲ့ 90% ကို ကုသပေးပါတယ်။ ဒါတွေကို မလုပ်ဆောင်နိုင်ခဲ့လို့ ရောဂါရနေပြီဆို (၃) ချက်လုံးကို ပြန်လုပ်ပါ။ သံပုရာရည် + ပျားရည် 1ဇွန်းစီ ရော သောက်ပါ။ လက်ဘက်ရည်ပူပူ၊ စွတ်ပြုတ်တို့ကို သောက်ပါ။ လေဝင်လေထွက် ကောင်းတဲ့နေရာမှာ နေပါ။ ဒီအချက်တွေကို တိကျစွာလိုက်နာရင် ရောဂါရဲ့ 99% ကို ကုသနိုင်ပါတယ်။ covid-19 ကိုလည်း အနိုင်ယူနိုင်ပါတယ်”ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။

ဒီပို့စ်ကို့ လူမှုကွန်ယက်သုံးစွဲသူတွေနဲ့ စာမျက်နှာတွေမှာ မျှဝေခဲ့ကြတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။

Fb linkFb linkFb linkFb link
Archive linkArchive linkArchive linkArchive link

အချက်အလက်စိစစ်ချက်

လည်ချောင်းနာတာအတွက် ဆားရည်နဲ့ ပလုတ်ကျင်းတာဟာကောင်းတယ်ဆိုတဲ့ အမေရိကန်ကူးစက်ရောဂါထိန်း ချုပ်ရေးဌာနက ညွှန်ဆိုထားတဲ့ အထောက်အထားတစ်ချို့တော့ရှိပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။

CDC

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လူတွေကြားမှာရေပန်းစားနေတဲ့ ကောလာဟလတွေကို ရှင်းလင်းထုတ်ပြန်ထား တာတွေ့ရပါတယ်။ပါးစပ်ဆေးရည်နဲ့ပလုပ်ကျင်းတာက ကိုရိုနာဗိုင်းရပ်စ်ကူးစပ်မှုကနေကာကွယ်နိုင် တယ်ဆိုတာ သက်သေအထောက်အထားမရှိသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကပြောထားပါတယ်။

O

WHO Phillipines

ထို့အတူ ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့အစားအစာဖြစ်ပြီး ပိုးမွှာတွေကိုသေစေတယ်ဆိုတဲ့ ဂုဏ်သတ္တိရှိပေမဲ့ လက်ရှိဖြစ်နေတဲ့ COVID-19 ဗိုင်းရပ်စ်ပိုးကို ကြက်သွန်ဖြူစားခြင်းအားဖြင့် ကာကွယ်နိုင် တယ်ဆိုတာ မဟုတ်ဘူးလို့လည်း ကမ္ဘာ့ကျန်မားရေးအဖွဲ့က ရှင်းလင်းထားပါတယ်။

link

အနောက်တိုင်းဆေး၊ တိုင်းရင်းဆေးနဲ့ အိမ်တွင်းဆေးမီးတိုတွေက covid-19 ရောဂါလက္ခဏာကို သက်သာအောင်၊ ပျောက်အောင် ကုသပေးကောင်းပေးနိုင်ပေမဲ့ လောလောဆယ်အထိ ကာကွယ်နိုင်၊ ကုသနိုင်တယ်ဆိုတဲ့ ဆေးကို အချက်အလက်ခိုင်ခိုင်မာမာ မတွေ့ ရသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားထားပါတယ်။ အနောက်တိုင်းဆေးအပါအဝင် တိုင်းရင်းဆေးနဲ့ ကုသတာ၊ ကာကွယ်တာတွေကို စမ်းသပ်မှုတွေတော့ရှိနေပြီး လူတွေနဲ့ စမ်းသပ်မှုပြီးစီးရင်ပြီးစီးချင်း ထုတ်ပြန်ပေးသွား မယ်လို့လည်းပြောကြားထားပါတယ်။

လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်၊ ကုသနိုင်တဲ့ဆေးဝါးမျိုး မတွေ့ရှိရသေးဘူးလို့ ကမ္ဘာ့ကျန်းမားရေးအဖွဲ့က ပြောကြားထားပါတယ်။ အပြင်းအထန်ဖျားနာသူတွေအနေနဲ့ ဒီဖြစ်စဉ်ကနေ သက်သာဖို့ ဆေးရုံတက်ပြီး လိုအပ်တဲ့ ကုသမှုတွေလုပ်ဖို့လိုအပ်တယ်လို့လည်းပြောကြားထားပြီး ဒီလိုလူနာအတွက် ရောဂါကနေသက်သာအောင် ပြုစုစောင့်ရှောက်မှုကနေပဲ အတော်များများက သက်သာလာတာဖြစ်ပါတယ်လို့လည်း ပြောကြားထားပါတယ်။

ကုသတာ၊ ကာကွယ်တာတွေမှာဖြစ်နိုင်ခြေရှိတဲ့ဆေးဝါးတွေကို လူတွေနဲ့ စမ်းသပ်မှုအဆင့်တော့ရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ ဒီလိုစမ်းသပ်တီထွင်မှုတွေကို ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ပြောကြားထားပြီး ကိုရိုနာဗိုင်းရပ်စ်ကနေ အကောင်းဆုံးကာကွယ် နိုင်မယ့်နည်းလမ်းကတော့ လက်ကို မကြာခဏဆေးကြော သန့်စင်တာ၊ ချောင်းဆိုး၊နှာချေတဲ့အခါမှာ တံတောင်ကွေး ဒါမှမဟုတ် တစ်သျှူးစနဲ့ ဖုံးအုပ်တာတွေပဲဖြစ်တယ်လို့လည်းပြောကြားထားပါတယ်။

WHO

Google မှာ အဓိကကျတဲ့စကားလုံးတွေဖြစ်တဲ့ “inhaling steam can cure covid 19”လို့ရိုက်ရှာကြည့်ရမှာ အခုဗွီဒီယိုမျိုးပဲ လိမ္မော်သီးခြောက်၊ ဆားတို့ကို ရေနွေးလောင်းပြီး ထွက်လာတဲ့ ရေနွေးငွေ့ရှုသွင်းခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်တယ်ဆိုပြီးတော့ နိုင်ငံတကာမှာ ပျံ့နှံခဲ့တွေ့ရပါတယ်။

ကျွမ်းကျင်သူတွေက ဒီလိုလုပ်တာဟာ ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိဘဲ၊ အသက်ရှုလမ်းကြောင်းကို ဒဏ်ရာဖြစ်စေနိုင်တဲ့အတွက် အန္တရာယ်ရှိတဲ့လို့ သတိပေးထားတာတွေ့ရပါတယ်။ AFP သတင်းဌာနက အချက် အလက်စိစစ်ထားတဲ့ အကြောင်းအရာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

AFPArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်စိစစ်ချက်တွေအရ ဆားနဲ့ပလုပ်ကျင်း၊ ကြက်သွန်ဖြူစား၊ ရေနွေးငွေ့ရှုရင် covid-19 ကို ၉၉ ရာခိုင်နှုန်း ပျောက်ကင်းတယ်ဆိုတာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ အမေရိကန်ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန တို့လိုမျိုးအဖွဲ့အစည်းတွေက ပြောကြားထားတဲ့ အထောက်အထားတစ်စုံတစ်ရာမရှိတဲ့အတွက် သတင်းမှား ဖြစ်ပါတယ်။

Avatar

Title:ဆားနဲ့ပလုပ်ကျင်း၊ ကြက်သွန်ဖြူစား၊ ရေနွေးငွေ့ရှုရင် covid-19 ကို ၉၉ ရာခိုင်နှုန်း ပျောက်ကင်းတယ်ဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung

Result: False