Fact Check: ဟောလိဝုဒ် ဆိုင်းဘုတ် မီးလောင်နေတဲ့ ပုံဟာ တကယ်လား-မဟုတ်ပါ

Altered နိုင်ငံတကာ၊ | International

အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယာပြည်နယ် လောစ်အိန်ဂျလိ(Los Angeles)မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်ပြီး  နေရာ ၆ ခုထက်မနည်းမှာ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေပြီး ဒီမြို့က ရုပ်ရှင်မင်းသားမင်းသမီးတွေ နေထိုင်ရာ နေရာတွေ၊ ရပ်ကွက်တွေမှာ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့ရပါတယ်။ ဒီလိုအခြေအအနေမှာ ကမ္ဘာကျော် ရုပ်ရှင်ရိုက်ကူးရေ စတူဒီယိုတွေတည်ရှိရာ ဟောလိဝု(Hollywood)ဆိုင်းဘုတ်အနီးမှာပါ မီးလောင်နေတဲ့ ဓာတ်ပုံတွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ AI အသုံးပြုပြီး ဖန်တီးထားတဲ့ ဓာတ်ပုံတွေသာဖြစ်ပြီး ဒီဆိုင်းဘုတ်တည်ရှိတဲ့ နေရာဟာ လက်ရှိအချိန်အထိ မီးလောင်ကျွမ်းတဲ့ အထဲမှာပါဝင်ခြင်းမရှိသေးပါဘူး။

အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ Hollywood ဆိုင်းဘုတ် မီးလောင်ကျွမ်းနေ တယ်ဆိုတဲ့ ဓာတ်ပုံနဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတဲ့ ပြောဆိုချက်တွေနဲ့ ဒီဓာတ်ပုံကို ဖြန့်ဝေထားတာ ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။

“Film Industry ရုပ်ရှင်လောကရဲ့ထိပ်ခေါင် Hollywood တောမီးကနေတဆင့် မီးလောင်ခြင်းခံရ။”

C:\Users\User\Downloads\Untitled၂.jpg

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဇန်နဝါရီ ၈ ရက် မီးလောင်ကျွမ်းမှု သတင်းတွေနဲ့အတူ ဒီဓာတ်ပုံဟာ စတင်ပျံ့နှံ့လာခဲ့တဲ့ ဒီဓာတ်ပုံဟာ တကယ်အဖြစ်မှန်မဟုတ်ဘဲ  AI လို့ အင်္ဂလိပ်လို လူသိများပြီး ဉာဏ်ရည်တုနည်းပညာဆော့ဖ်ဝဲလ်တခု အသုံးပြုပြီး ဖန်တီးထားတဲ့ အရာတခုသာဖြစ်တယ်။ 

ဒီဓာတ်ပုံဟာ သတင်းတုတခုသာဖြစ်ပြီး ‌ဟောလိဝုဒ်ဆိုင်းဘုတ်ဟာ အခုချိန်အထိ ရှိနေပါတယ်လို့ ဆိုပြီး Hollywood Sign Trust အဖွဲ့က ဇန်နဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တာတွေ့ရပါတယ်။ အင်စတာဂရမ်မှာ ‌ကြေညာထားတဲ့ ကြေညာချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အောက်ပါစာသားကတော့ မူရင်း အင်္ဂလိပ်သာဘာနဲ့ ထုတ်ပြန်ချက်ကို မြန်မာလို ပြန်ဆိုထားခြင်းဖြစ်တယ်။

“ဟောလီးဝုဒ် ဆိုင်းဘုတ်သည် ဆက်လက် တည်ရှိနေပါသည်။

ကျေးဇူးပြု၍ လော့စ်အိန်ဂျလိစ်ကောင်တီ၏ ကျန်ရှိသောနေရာများကို သင့်အတွေးထဲတွင် ထားကာ ခရီးသွားရမည်ဆိုပါက သတိထားပါ။

@abc7la @nbcnews @ktla5news @cbsnews @foxla ကဲ့သို့သော ဂုဏ်သိက္ခာရှိသော သတင်းဌာနများဖြင့် စောင့်မျှော်ကြည့်ရှုပါ။”

C:\Users\User\Downloads\Untitled.jpg

ဒီလိုပဲ ရိုက်တာသတင်းဌာနအပါအဝင် တခြားသော အချက်အလက်စိစစ်တဲ့အဖွဲ့အစည်းတွေကလည်း ဒီဟောလိဝုဒ်ဆိုင်းဘုတ်ဟာ မီးလောင်ကျွမ်းကျင်းမရှိကြောင်း အချက်အလက်စိစစ်ဖော်ပြခဲ့ကြပါတယ်။ (ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။) အောက်ကတော့ ဇန်နဝါရီ ၁၀ ရက်နေ့အထိ ကယ်လဖိုးနီးယား သစ်တောနဲ့ မီးသတ်ဌာနက ထုတ်ပြန်ချက်တွေအရ မီးလောင်မှု ဖြစ်ပွားခဲ့တဲ့နေရာတွေကို CNN က သရုပ်ဖော်မြေပုံနဲ့ တင်ပြထားတဲ့ ပုံဖြစ်တယ်။ ဒီမြေပုံအရလည်း ဟောလိဝုဒ်ဆိုင်းဘုတ်တည်ရှိတဲ့နေရာဟာ မီးလောင်ကျွမ်းမှုမှာ ပါဝင်ခြင်းမရှိတာတွေ့ရပါတယ်။

သုံးသပ်ချက်အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေအရ ဟောလိဝုဆိုင်းဘုတ်အနီးမှာပါ မီးလောင်နေတဲ့ ဓာတ်ပုံတွေဟာ ဉာဏ်ရည်တုနည်းပညာအသုံးပြု ထုတ်လုပ်ဖန်တီးထားတဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။ လက်ရှိအချိန်အထိ ဟောလိဝုဒ်ဆိုင်းဘုတ်ဟာ မီးလောင်ကျွမ်းမှု ဧရိယာထဲမှာပါဝင်ခြင်းမရှိတာတွေ့ရပါတယ်။

Avatar

Title:Fact Check: ဟောလိဝုဒ် ဆိုင်းဘုတ် မီးလောင်နေတဲ့ ပုံဟာ တကယ်လား-မဟုတ်ပါ

Written By: နေရာမောင်  

Result: Altered