Fact Check: စစ်ခေါင်းဆောင်ကို ICC သေဒဏ်ပေးတဲ့ သတင်းမှား

False နိုင်ငံရေး | Politics

နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သေဒဏ်ချမှတ်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းမှား သာဖြစ်တာတွေ့ရတယ်။ 

နိုဝင်ဘာ ၂ ၇ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ  လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၄၅၀၀၀ ဝန်းကျင် ရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကိုအောက်မှာ ကြည့်ပါ။ 

“မအလကို ICC သေဒဏ်အမိန့်ချပြီ

ICC ရှေ့နေချုပ် ရန်ကုန်ရောက်နေ ပြီ”

C:\Users\User\Downloads\Untitled.jpg

မူရင်းလင်ခ့် – Youtube link | Archive link

နောက်ထပ် အလားတူတဲ့ ဖြန့်ဝေမှုမှာတော့ စစ်ခေါင်းဆောင်ဟာ ICC ကိုသေဒဏ်မပေးဖို့ တောင်းပန်လိုက်ပြီး NUG ကို အာဏာလွှဲပြောင်းပေးမယ်လို့ ဆိုပါတယ်။ ဒီနေရာမှာကြည့်ပါ။

အချက်အလက်စိစစ်ချက်

မြန်မာနိုင်ငံက ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ရမှု၊ ၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာတွေကို နှိပ်စက်ညှင်းပန်း သတ်ဖြတ်မှုတွေဟာ နိုင်ငံတကာရာဇဝတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာစစ်ခေါင်း‌ဆောင်ကို နိုင်ငံတကာရာ ဇဝတ်ခုံရုံး ရှေ့နေချုပ်က ကရင် အေအေ ခန်း(Karim A.A Kan)က ဖမ်းဝရမ်းထုတ်နိုင်ဖို့အတွက် စွဲချက်တင် လိုက်ကြောင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှာ ကြေညာပါတယ်။ 

တကယ်တမ်းမှာ  ဒီ ICC ရှေ့နေချုပ်ရဲ့ လူသားမျိုးနွှယ်ပေါ်မှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် ဖမ်းဝရမ်းထုတ်ပေးရန် စွဲချက်တင်မှုကို  ICC တရားသူကြီးတွေက ကြားနာပြီး ဖမ်းဝရမ်း ထုတ်သင့်မသင့် စဉ်းစားဆုံးဖြတ်မှာဖြစ်ပြီး ဒီဖြစ်စဉ်ဟာ ရက်သတ္တပတ် အနည်းငယ်ကနေ လများစွာကြာမြင့်နိုင်ပါတယ်။  

တကယ်လို့ ဖမ်းဝရမ်းထုတ်ခဲ့ရင်တောင် မြန်မာနိုင်ငံဟာ ICC စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံ မဟုတ်တဲ့အတွက် စစ်ခေါင်းဆောင်ကို အရေးယူဖို့ ခက်ခဲနိုင်ပါတယ်။ ICC အဖွဲ့ဝင် ၁၂၃ နိုင်ငံထဲက တနိုင်ငံကို ခရီးသွားမှသာ ဖမ်းဆီးပြီး ICC ကို လွှဲပြောင်းပေးခံရတာ သို့မဟုတ်ပါက NUG လို တော်လှန်ရေး အစိုးရတပ်ဖွဲ့တွေက ဖမ်းဆီးရမိချိန်မှာ ICC ကို လွှဲပြောင်းပေးနိုင်တာမျိုးဖြစ်တယ်။ 

C:\Users\User\Downloads\Untitled1.jpg

သုံးသပ်ချက်

ICC က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သေဒဏ်ချမှတ်လိုက်ပြီ ဆိုတာ မဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုဟာ လူသားမျိုးနွှယ်အ‌ပေါ်မှာ ကျူးလွန်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုဖြစ်လို့ ဖမ်းဝရမ်းထုတ်ပေးဖို့ ICC ရှေ့နေချုပ်ရုံးက စွဲချက်တင်ထားတဲ့ အဆင့်သာရှိသေးပြီး အမှုဟာ အပြီးသတ်ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။ 

ပြောဆိုချက်- ICC က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သေဒဏ်ချမှတ်လိုက်ပြီ

Avatar

Title:Fact Check: စစ်ခေါင်းဆောင်ကို ICC သေဒဏ်ပေးတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *