Fact Check: ၁ နာရီ မိုင် ၅၀၀ နှုန်းနဲ့တိုက်မယ့် မုန်တိုင်းကြီးဝင်မယ်ဆိုတဲ့ သတင်းတု

False လူမှုရေး

၁ နာရီ မိုင် ၅၀၀ နှုန်းနဲ့တိုက်မယ့် ဆိုင်ကလုန်းမုန်တိုင်းကြီး ၂၄ နာရီအတွင်း ဝင်ရောက်ဖို့ရှိလို့ မြို့ ၅ မြို့က နေထိုင်သူတွေ အမြန်ရှောင်ကြ  မိုးလေဝသခန့်မှန်းသူ ဆရာမ စုစုစံက သတိပေးထားတယ်လို့ ဆိုတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။

အောက်ပါစာသားတွေကတော့ ဒီလိုရေးသားဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်ဖြစ်တယ်။ 

“၂၄ နာရီအတွင်း ဝင်တိုက်တော့မယ့်ဆိုင်ကလုန်းမုန်တိုင်းကြီး

၁နာရီမိုင်=၅၀၀

အခုကြေညာတဲ့မြို့ကြီး(၅)မြို့ အမြန်ပြေးပါ

ဆရာမစုစုစံကိုယ်တိုင် အထူးသတိပေးပြီဟေ့”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဒီလို အင်းအားပြင်း ဆိုင်ကလုန်းမုန်တိုင်းဝင်မယ်ဆိုတဲ့ ခန့်မှန်းပြောဆိုချက်ကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက် မတွေ့ရပါဘူး။ မိုးလေဝသခန့်မှန်းချက်တွေ ပုံမှန်ထုတ်ပြန်ဖော်ပြနေတဲ့ SU SU SAN အမည်နဲ့ဖေ့စ်ဘွတ်အကောင့်မှာလည်း ဒီလိုဖော်ပြချက်မရှိပါဘူး။ Star Vibes အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ လုပ်ကြံပြောဆိုချက်တွေကို ဖြန့်ဝေတာ၊ သတင်းတချို့ကို ပြန်လည်ဖော်ပြရာမှာ ခေါင်းစဉ်တု ဒါမှမဟုတ် ချဲ့ကား‌ရေးသားထားတဲ့ ခေါင်းစဉ်တပ် ဗွီဒီယိုတွေ ဖြန့်ဝေတာလုပ်တဲ့ နေရာတခု ဖြစ်တယ်။ ဒီချန်နယ်အကြောင်း Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့အကြောင်းအရာဟာ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အချိန်အခါမဟုတ် မိုးရွာမယ်လို့ သတိပေးတယ်ဆိုတဲ့ အကြောင်းသာပါဝင်တယ်။ ဒါဟာလည်း တကယ်တမ်းမှာ ဗွီဒီယိုထဲက အသံနဲ့ ဖတ်ကြားသူ ပြောဆိုထားသလို မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မတ် ၇ ရက်နဲ့ မတ် ၉ ရက်ကြားမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမယ်လို့ ခန့်မှန်းချက်ဖော်ပြထားတာမရှိပါဘူး။ 

သုံးသပ်ချက်

တကယ်တမ်းမှာ မြန်မာနိုင်ငံကို မုန်းတိုင်းဝင်ရောက်မယ်ဆိုတဲ့ အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ‌ဖော်ပြချက် မတွေ့ရှိပါဘူး။ Star Vibes ဟာ အခုလို လုပ်ကြံရေးသား ဖြန့်ဝေချက်တွေ လုပ်လေ့ရှိတဲ့ ယူကျူချန်နယ်တခုဖြစ်တာတွေ့ရတယ်။

Avatar

Title:Fact Check: ၁ နာရီ မိုင် ၅၀၀ နှုန်းနဲ့တိုက်မယ့် မုန်တိုင်းကြီးဝင်မယ်ဆိုတဲ့ သတင်းတု

Written By: Zun Zee  

Result: False