Fact Check: စစ်တပ်ခန့် ဝန်ကြီးချုပ် မော်လမြိုင်ခရီးစဉ်မှ လေယာဉ်ပစ်ချခံရပြီး လေယာဉ်မှူးနဲ့တူ အလောင်းပါ ပျောက်ဆုံးနေတဲ့သတင်းတု

False နိုင်ငံရေး | Politics

စစ်တပ်ခန့် ဝန်ကြီးချုပ် ညိုစော မော်လမြိုင်ခရီးစဉ် လေယာဉ်ပစ်ချခံရ၊ လေယာဉ်မှူးနဲ့တူ အလောင်းပါ ပျောက်ဆုံးနေတယ် လို့ ဆိုထားတဲ့    ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံ၊ စာသားကောက်နုတ်ချက်တွေကို အောက်မှာကြည့်ပါ။ မတ် ၆ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ သိန်း ဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ 

“ဝန်ကြီးချုပ် ညိုစော မော်လမြိုင်ခရီးစဉ် လေယာဉ်ပစ်ချခံရ၊ လေယာဉ်မှူးနဲ့တူ အလောင်းပါ ပျောက်ဆုံးပျောက်”(မူရင်းအရေးအသား)

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်နဲ့ ဗွီဒီယိုထဲ အသံဖိုင်နဲ့ ပြောကြားချက်မှာ စစ်ကောင်စီအဖွဲ့ဝင် ဝန်ကြီးချုပ် ညိုစော မော်လမြိုင်မြို့ကို သွားရောက်စဉ် လိုက်ပါစီးနင်းတဲ့ လေယာဉ်ဟာ မတ်လ ၆ ရက်နေ့မှာ ဆက်သွယ်မှု ပြတ်တောက်ပြီး ပျောက်ဆုံးနေတယ်လို့ ဖော်ပြခဲ့တာတွေ့ရတယ်။ ဒါပေမဲ့ ဒီသတင်းအကြောင်းအရာကို သတင်းလုပ်ငန်း အဓိက လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက် မရှိသလို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာလည်း ‌ဖော်ပြချက်မရှိပါဘူး။

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုမှုတွေနဲ့  သတင်းမီဒီယာတချို့က သတင်းတွေကို ရောနှော ဖြန့်ချိတာ၊ သတင်းမီဒီယာတချို့က သတင်းတွေကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတာတွေ ပြုလုပ်တဲ့နေရာတခု ဖြစ်တာတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။ 

ဒီအပြင် ၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ ဗန်းမော်မှာ တပ်မ-၈၈ လက်အောက်ခံ ခလရ ၁၃ စစ်ကြောင်း တိုက်ခိုက်ခံနေရပြီး သေဆုံးသူများပြား၊ ပဲခူးက ကပစ ၁၆ ကို အာရက္ခတပ်တော် (AA) နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်၊ ကျောက်ပန်းတောင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး စတဲ့ သတင်းတွေကို ပြန်လည်‌ဖော်ပြထားတယ်။

သုံးသပ်ချက်

ဗွီဒီယို ဖြန့်ချိထားတဲ့ “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုမှုတွေနဲ့  သတင်းမီဒီယာတချို့က သတင်းတွေကို ရောနှော ဖြန့်ချိတာတွေ့ရတယ်။ စစ်တပ်ခန့် ဝန်ကြီးချုပ် ညိုစော မော်လမြိုင်ခရီးစဉ် လေယာဉ်ပစ်ချခံရတဲ့ သတင်းဟာ မဟုတ်မှန်ဘဲ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။

Result Stamp

Title: Fact Check: စစ်တပ်ခန့် ဝန်ကြီးချုပ် မော်လမြိုင်ခရီးစဉ်မှ လေယာဉ်ပစ်ချခံရပြီး လေယာဉ်မှူးနဲ့တူ အလောင်းပါ ပျောက်ဆုံးနေတဲ့သတင်းတု

Fact Check By: နေရာမောင်

Result: False