Fact Check: ဗိုလ်ချုပ်ဇော်မင်းထွန်း မိသားစု အသတ်ခံရမှုလား – ချဲ့ကားထားတဲ့ သတင်းမှားဖြစ်တယ်

False နိုင်ငံရေး | Politics

စစ်တပ်ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်‌‌‌ဇော်မင်းထွန်းရဲ့ မိသားစု အသတ်ခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းမှား ဖြန့်ချိနေခြင်းဖြစ်တယ်။ 

ဇန်နဝါရီ ၁၈ ရက်က “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က  ဖြန့်ဝေခဲ့တဲ့ ဗွီဒီယို စခရင်ရှော့နဲ့ ဗွီဒီယို ပါစာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၃၀၀၀၀ ကျော်ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။

“ဗိုလ်ချုပ် ဇော်မင်းထွန်း

မိသားစု အသတ်ခံရ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

“Local Celegram”ဟာ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း ဗိုလ်ချုပ်‌‌ဇော်မင်းထွန်း မိသားစု အသတ်ခံရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုထဲမှာ တကယ်တမ်းဖော်ပြခဲ့တဲ့ အကြောင်းအရာဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာမှာ ကချင်ပြည်နယ် ဖားကန့်က တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ တူတော်စပ်သူ ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းအကြောင်းနဲ့ ရခိုင်မှာ လက်နက်ကျ အဖမ်းခံခဲ့တဲ့ ဗိုလ်ချုပ်မှုးချုပ်တွေရဲ့ မိသားစုဝင်တွေကို အကျိုးခံစားခွင့် စစ်တပ်က မပေးတော့တဲ့ အကြောင်းတွေ ပါဝင်ပါတယ်။

သုံးသပ်ချက်

စစ်တပ်ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်‌‌‌ဇော်မင်းထွန်းရဲ့ မိသားစု အသတ်ခံရတယ်လို့ ဖြန့်ချိနေတာဟာ ချဲ့ကာထားတဲ့ သတင်းမှားတခုဖြစ်တာတွေ့ရပါတယ်။ တကယ်တမ်း ဗွီဒီယိုထဲမှာဖော်ပြနေတဲ့ အကြောင်း အရာဟာ ၂၀၂၄ ခုနှစ်အောက်တိုဘာလအတွင်မှာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့  ဖားကန့်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ဗိုလ်ချုပ်‌ဇော်မင်းထွန်းနဲ့ တူတော်စပ်သူအကြောင်းသာပါဝင်တယ်။ “Local Celegram”ဟာ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ထင်ယောင်ထင်မှားဖြစ်ဖွယ် သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံသတင်းရေးသားဖြန့်ဝေတာတွေ လုပ်နေတဲ့ နေရာဖြစ်တယ်။

ပြောဆိုချက်- စစ်တပ်ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်‌‌‌ဇော်မင်းထွန်းရဲ့ မိသားစု အသတ်ခံရ

Avatar

Title:Fact Check: ဗိုလ်ချုပ်ဇော်မင်းထွန်း မိသားစု အသတ်ခံရမှုလား – ချဲ့ကားထားတဲ့ သတင်းမှားဖြစ်တယ်

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *