
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗမာပါတီမဟုတ်ပြောကြားချက်ကိုကြောင့် မာမူတွေပျော်လို့ရပြီဆိုလို့ရေးသားပြီး လူမှုကွန်ယက်မှာရေးသားဖြန့်ဝေနေတာ တွေ့ရပါတယ်။
ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ “ဝန်ခံပြီ၊ မာမူတို့ပျော်ကြပြီ”လို့ရေးသားချက်နဲ့အတူ အောက်တိုဘာ ၂၁ ရက်နေ့ ထုတ်စံတော်ချိန် သတင်းစာ စာမျက်နှာ ၃ မှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဗမာပါတီမဟုတ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြောဆို”လို့ ခေါင်းစဉ်တပ်ထားရေးသားထားဟန်ရှိတဲ့ ဓာတ်ပုံပို့စ်နှင့်အတူ မျှဝေနေတာ ဖြစ်ပါတယ်။
သို့သော်လည်း စံတော်ချိန်သတင်းစာရဲ့အောက်တိုဘာ ၂၁ ရက်နေ့ထုတ် စာမျက်နှာ ၃မှာ ဒီလိုသတင်းခေါင်းစဉ်နဲ့ ဖော်ပြချက်မပါရှိပါဘူးတာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဗမာပါတီမဟုတ်ကြောင်း”ပြောဆိုချက်ဟာ တိုင်းရင်းသားလူမျိုးတွေနဲ့ မဲဆွယ်တဲ့အနေနဲ့ အသုံးပြုတဲ့ စကားလုံးဖြစ်တာလည်းတွေ့ရှိပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ “ဘာတဲ့…ဗမာပါတီမဟုတ်ဘူးတဲ့” လို့ရေးသားပြီး “Nay Sit”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြု သူက အောက်ပါအတိုင်းမျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အောက်တိုဘာ ၂၁ ရက်နေ့မှာ စံတော်ချိန်သတင်းစာမှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဗမာပါတီမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောဆို”ခေါင်းစဉ်နဲ့ ဖော်ပြခဲ့တဲ့ သတင်းမျိုးမတွေ့ရှိ တာတွေ့ရပါတယ်။ အောက်တိုဘာ ၂၁ ရက်နေ့က စံတော်ချိန်သတင်းစာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်း ၂ ခုဖော်ပြခဲ့တာတွေ့ရပါတယ်။ ပထမတစ်ခုက “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မဲပေး သည့်အစီအစဉ် လက်တွေ့သရုပ်ပြသမှု ကြည့်ရှု”ခေါင်းစဉ်နဲ့သတင်းဖြစ်ပြီး နောက်တစ်ခုကတော့ “အမျိုးသမီး လေးသိန်းခွဲခန့်ကို သားအိမ်ခေါင်းရောဂါကာကွယ်ဆေးထိုး နှံပေးမည်”ခေါင်းစဉ်နဲ့သတင်းဖြစ်ပါတယ်။ စံတော်ချိန်သတင်းစာတာဝန်ရှိသူတစ်ဦးကို ဆက်သွယ်အတည်ပြုရာမှာလည်း ဒီလိုရေးသားခဲ့ခြင်းမရှိကြောင်း Fact Crescendo Myanmar ကို အတည်ပြုပါတယ်။
Google မှာ အဓိကစကားလုံးတွေ အသုံးပြုရှာဖွေနည်းနဲ့ ရှာဖွေကြည့်ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုရေးစီအဖွဲ့ချုပ်ဟာ ဗမာပါတီမဟုတ်ကြောင်းပြောကြားချက်ကို အောက်တိုဘာ ၇ ရက်မှာ ပြောကြားခဲ့တာတွေ့ရပါတယ်။
ယင်းအစား “NLD ပါတီသည် ဗမာပါတီမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော”ကြားဆိုတဲ့သတင်းကို အောက်တိုဘာ ၇ ရက်မှာ မြန်မာတိုင်းမ်သတင်းဌာနကရေးသားထားတာတွေ့ရပါတယ်။ အလဲဗင်းသတင်းဌာန ကလည်း ရေးသားခဲ့တာတွေ့ရပါတယ်။ ကရင်လူငယ်တစ်ဦးဖြစ်သူ ကိုရဲဟိန်းသူထက်အပါအဝင် ကော့မှူးဒေသခံ ၆ ဦးနဲ့အွန်လိုင်းစကားဝိုင်းမှာပြောခဲ့တာဖြစ်ပါတယ်။
အလားတူပြောဆိုချက်မျိုး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်ခင် အောက်တိုဘာလထဲမှာပြောကြားခဲ့တာရှိပါတယ်။ အောက်တိုဘာ ၆ ရက်က ကချင်ပြည်နယ်၊ မိုးမောက်မြို့ တွင်ပြုလုပ်တဲ့ လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်းပြောကြားခဲ့တာတွေ့ရပါတယ်။

မူရင်းလင့်ခ် – 7day | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဗမာပါတီမဟုတ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြောဆိုချက်ကို နားလည်မှုလွဲမှာစေဖို့ လိုသလိုစွဲပြီး မျှဝေနေခြင်းဖြစ်တာ တွေ့ရပါတယ်။ အောက်တိုဘာ ၂၁ ရက်နေ့ထုတ်စံတော်ချိန်သတင်းစာမှာလည်း နားလည်မှုလွဲမှာစေတဲ့အရေးအသားနဲ့ပို့စ်တွေမှာ ဖော်ပြနေသလို သတင်းဖော်ပြချက်မျိုးဖော်ပြခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။

Title:ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗမာပါတီမဟုတ်ပြောကြားချက်ကို မွတ်ဆလင်အသိုင်းအဝိုင်းကို ညွှန်းဆိုတယ်ဆိုပြီး သတင်းမှားဖြန့်
Fact Check By: Nayar MaungResult: Misleading