Fact Check: စစ်ခေါင်းဆောင် သားနဲ့သမီး အသတ်ခံရဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

စစ်‌ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သားနဲ့ သမီးဟာ ပစ်သတ်ခံရတယ်လို့ MRTVက အတည်ပြု ကြေငြာလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုသာဖြစ်တယ်။

“Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က မေ ၂၀ ရက်မှာဖြန့်ဝေထားပြီး ပျံ့နှံ့မှုအား‌ကောင်းနေတဲ့  ယူကျူ့ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  

“မင်းအောင်လှိုင် သား နဲ့ သမီး ကို ပစ်သတ် 

MRTV ကတောင် အတည်ပြု ကြေငြာပြီ”

C:\Users\User\Downloads\May-20-2025-YouTube-05-20-2025_11_32_PM.png

Original link | Archive link

အချက်အလက်စိစစ်ချက်

 ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ  လုပ်ကြံရေးသားပြောဆိုချက်တွေကို ဖြန့်ဝေတာ တွေ့ရပါတယ်။ ဒီလိုဖြန့်ဝေမှုတွေနဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ဖော်ပြချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း တကယ်တမ်း ဖော်ပြနေတဲ့အကြောင်းအရာဟာ စစ်အာဏာသိမ်းအပြီးမှာ စစ်ခေါင်းဆောင်ရဲ့ သားနဲ့ သမီးဟာ စီးပွားရေးကွန်ယက်ကြီးထွားလာပြီး သွင်းကုန်လုပ်ငန်းအကုန်လုံးနီးပါးကို ထိန်းချုပ်လုပ်ကိုင်နေတဲ့ အကြောင်း၊ အရင်က သာမန်စီးပွားရေးသမားအဆင့်ကနေ အခုဆိုရင် ဒေါ်လာသန်း ၄၀၀ ဝန်းကျင်လောက်အထိ ချမ်းသာလာခဲ့တဲ့အကြောင်း၊ နောက်တယောက်ကတော့ စစ်ခေါင်းဆောင်သား အောင်ပြည့်စုံနဲ့ ‌ပေါင်းပြီး ချမ်းသာလာတဲ့ နိုင်ဖြိုးကျော် ဖြစ်ကြောင်း၊ သရုပ်ဆောင် ဝတ်မှုံရွှေရည်ရဲ့ ခင်ပွန်းဖြစ်သူ နိုင်ဖြိုးကျော်က လေယာဉ်ဆီတင်သွင်းမှုလိုဟာမျိုးတွေမှာလည်း ဦးဆောင်တင်သွင်းပေးနေကြောင်း၊ နိုင်ဖြိုးကျော်ဟာ သာမန်စီးပွားရေးသမားတယောက်အဖြစ်ကနေ အခုဆိုရင် ဒေါ်လာ သန်း ၈၀၀ လောက်အထိ ချမ်းသာလာခဲ့ ကြောင်းစတဲ့အကြောင်းတွေကို ဖော်ပြထားတယ်။ နိုင်ဖြိုးကျော်နဲ့ စစ်ခေါင်းဆောင် သမီးဟာ စီးပွားဖက်ဖြစ်ပြီး တချို့လုပ်ငန်းတွေမှာ လက်ဝါးကြီးအုပ်ထားတယ်ဆိုတာကို သတင်းဌာနတချို့က(ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ) ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

သုံးသပ်ချက်

“Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းတု သို့မဟုတ် သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ အခုလည်း ဗွီဒီယိုထဲမှာ အသံနဲ့ဖတ်ကြားခဲ့တဲအကြောင်းအရာဟာ စစ်‌ခေါင်း‌ဆောင် သားသမီးတွေရဲ့ စီးပွားရေးလက်ဝါးကြီးအုပ်မှုတွေနဲ့ သက်ဆိုင်ပေမဲ့ စစ်‌ခေါင်း‌ဆောင် ရဲ့ သားနဲ့ သမီးဟာ ပစ်သတ်ခံရတယ်လို့ MRTVက အတည်ပြုတယ်ဆိုတဲ့ ရေးသားဖြန့်ဝေမှုဟာ အထောက်အထားမရှိဘဲ   သတင်းတုဖြစ်တယ်။

Avatar

Title:Fact Check: စစ်ခေါင်းဆောင် သားနဲ့သမီး အသတ်ခံရဆိုတဲ့ သတင်းတု

Written By: Zun Zee  

Result: False