Fact Check: တရုတ်ရောက် မြန်မာစစ်ခေါင်း‌ဆောင် အဖမ်းခံရတဲ့ သတင်းတု

False နိုင်ငံရေး | Politics

တရုတ်ရောက် မြန်မာစစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတကာရဲတပ်ဖွဲ့က  ပြန်လည် ထွက်ခွာခွင့်ပိတ်ထားတယ်၊ တရုတ်နိုင်ငံက ဖမ်းလိုက်ပြီလို့ ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့ မှာ  ပျံ့နှံ့မှုအားကောင်း နေတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။

“အပြန်လမ်းမဲ့နေပြီ

နိုင်ငံတကာ ရဲတပ်ဖွဲ့က ထွက်ခွင့်မပြု

နိုင်ငံတကာခေါင်းဆောင်တွေအကုန် ပြန်ကုန်ပြီ

မင်းအောင်လှိုင် လေဆိပ်ကနေ ထွက်ခွာခွင့်မရ ဖြစ်နေ ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “”Mandalay KhitThit”ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့က သတင်းတွေကို ပြန်လည် ကူးယူပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတာတွေ့ရတယ်။ မြန်မာ စစ်ခေါင်းဆောင်ဟာ တရုတ်နိုင်ငံကို ဩဂုတ်လကုန်ပိုင်းမှာ သွားရောက်ခဲ့ပြီး တရုတ်‌သွားတဲ့ ခရီးစဉ်အတွင်းမှာ  စက်တင်ဘာ ၃ ရက်က မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ကြောင်းလည်း မြန်မာနောင်းသတင်းဌာနကဖော်ပြတယ်။

ဒီလိုပဲ ဗွီဒီယိုထဲမှာဖော်ပြထားတဲ့ အကြောင်းအရာတွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားသော မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ပြန်လည်ရရှိရေး ကူညီဆောင်ရွက်ပေးရန် စစ်တပ်က တရုတ်အစိုးရထံသို့ တရားဝင် အကူအညီတောင်း”၊ “ကရင်နီပြည်တွင် တိုက်ပွဲဇုန်ဧရိယာအတွင်း ပြည်သူများ ဖြတ် သန်းသွားလာနေထိုင်ခြင်း မပြုလုပ်ကြရန် KNA သတိပေး၊ “ကျုံဒိုးမြို့ ခမရ ၅၄၅ တပ်သို့ ရောက်ရှိလာသော စစ်မှုထမ်းတပ်သားသစ် ၃၀ ကျော် ထွက် ပြေး၊ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေပြီး စစ်သား ၄၀ နီးပါး သေဆုံးကာ စစ်တပ်က လက်နက်ကြီးနှင့်အတွဲလိုက်ဒုံးများ ပစ်ခတ်နေ” စစ်ကြောင်းထိုးလာသော စစ်တပ်က အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ် အစဖျောက်နေ” စတဲ့သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

“Mandala KhitThit”ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယိုပုံစံနဲ့ ပြန်လည်ဖော်ပြပါတယ်။ တရုတ်ရောက် စစ်ခေါင်းဆောင်ကို တရုတ်က ဖမ်းဆီးထားတယ်ဆိုတာဖြစ်စေ၊ နိုင်ငံတကာရဲတပ်ဖွဲ့က ထွက်ခွာခွင့်မပြုတာဖြစ်စေ အထောက်အထားမတွေ့ရဘဲ လုပ်ကြံရေးသားမျှဝေနခြင်းသာဖြစ်တယ်။ 

ပြောဆိုချက်- တရုတ်ရောက် မြန်မာစစ်ခေါင်း‌ဆောင် အဖမ်းခံရ

Avatar

Title:Fact Check: တရုတ်ရောက် မြန်မာစစ်ခေါင်း‌ဆောင် အဖမ်းခံရတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *