Fact Check: Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအဖမ်းခံရတယ်လို့ သတင်းမှားဖြန့်

False နိုင်ငံရေး | Politics

မြန်မာနောင်း(Myanmar Now) သတင်းဌာနက အယ်ဒီတာချုပ်ကိုဆွေဝင်းကို  ဖမ်းဆီးလိုက်ပြီဆိုပြီးတော့ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။

လူမှုကွန်ယက်ပေါ်မှာ “(Myanmar Now) သတင်းဌာနမှ ဆွေဝင်း ကို ဖမ်းဆီးလိုက်ပြီ” (မူရင်းအရေးအသား) လို့ ရေးသားမျှဝေနေတာပါ။ 

သို့သော်လည်း မြန်မာနောင်းသတင်းဌာနက အားလုံးဘေးကင်းကြကြောင်း ဖေဖော်ဝါရီ ၃ ရက် နေ့လည် ၁၁ နာရီဝန်းကျင်မှာ လူမှုကွန်ယက်စာမျက်နှာက တစ်ဆင့် အသိပေးထားပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေကို ပျံ့နှံ့လျက်ရှိတဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

အချက်အလက်ရှာဖွေကြည့်ရာမှာ မြန်မာနောင်းအယ်ဒီတာချုပ် ကိုဆွေဝင်းအဖမ်းခံရတယ်ဆိုတဲ့ အကြောင်း မီဒီယာလုပ်ငန်းအဓိက လုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ မတွေ့ရပါဘူး။

ထို့အပြင် မြန်မာနောင်းသတင်းဌာနရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖေဖော်ဝါရီ ၃ ရက် မနက် ၁၁ နာရီ ဝန်းကျင်က “Myanmar Now မှ အဖွဲ့သားများအားလုံး ဘေးကင်းရန်ကွာရှိကြပါသည်။”လို့ ရေးသားလျက် အောက်ပါအတိုင်းဖော်ပြထားပါတယ်။

မူရင်းလင်ခ့် – Myanmar NowArchive link

ကိုဆွေဝင်းကို ဆက်သွယ်အတည်ပြုရာမှာလည်း အောက်ပါအတိုင်းပြောပါတယ်။ “ကျွန်တော်ဘေးကင်းလုံခြုံပါတယ်”

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ မြန်မာနောင်းအယ်ဒီတာချုပ် ကိုဆွေဝင်းအဖမ်းခံရတယ်ဆိုပြီး မျှဝေနေတဲ့ အကြောင်းအရာဟာ သတင်းမှားဖြစ်တာတွေ့ရပါတယ်။

Avatar

Title:Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအဖမ်းခံရတယ်လို့ သတင်းမှားဖြန့်

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *