KIA နဲ့ NUG က စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့သဘောတူတယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။
အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။
“အားလုံးတွေ့ ဆုံဆွေးနွေးပွဲ ကြေညာ
NUG နဲ့ KIA ဦးဆောင်ပြီး စတင်ကြောင်းကြေညာ ၂၀၂၆ ဟာ အပစ်အားလုံး ရပ်ဆိုင်းမည်ဟု ကြေညာ
ပြည်သူအားလုံး ငြိမ်းချမ်းရေး ရပြီဟေ့”

အချက်အလက်စိစစ်ချက်
ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နဲ့ ကချင်အမျိုးသားလွတ်လပ်ရေး တပ်မတော်(KIA) စစ်တပ်နဲ့ ဆွေးနွေးမယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။ ဒီအချိန်မှာပဲ ၂၀၂၆ ခုနှစ် လက်ကျန်ကာလတွေမှာ စစ်ရေးအရှိန်မြှင့်မယ်လို့ NUG က ကြေညာထားသလို NUG မပါတဲ့ နေပြည်တော်နဲ့ ဆွေးနွေးပွဲ လုပ်ဖို့မရှိဘူးလို့ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ထုတ်ဖော်ပြောဆိုလာပါတယ်။
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay KhitThit”ကို ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိတယ်။။
အခုလည်း ဗွီဒီယိုထဲမှာဖော်ပြထားတဲ့ အကြောင်းအရာဟာ CNI သတင်းဌာနကဖော်ပြခဲ့တဲ့ ၆၅ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲမှာ ဗိုလ်ချုပ်ဂွမ်မော်ရဲ့ပြောကြားချက်၊ ရန်ကုန်ခေတ်သစ် သတင်းဌာနကဖော်ပြခဲ့တဲ့ ကုလသမဂ္ဂကို ပေးသွင်းရမယ့် နှစ်စဉ်ကြေး အမေရိကန်ဒေါ်လာ ၃ သိန်းကျော်ကို NUG အစိုးရက ဆက်လက်ပေးသွင်းနေ၊ လွှတ်တော်တက်ဖို့ တပ်ကိုယ်စားလှယ်စာရင်း ကြေညာ စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။
သုံးသပ်ချက်ဗွီဒီယိုတွေကို သတင်းမီဒီယာတချို့က သတင်းဖော်ပြချက်တွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ပြီးကာ ပြန်လည် ဖြန့်ချိတဲ့ ယူကျူ့ချန်နယ်တွေက ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာ NUG နဲ့ KIA ဟာ စစ်ကောင်စီနဲ့ အပစ်ရပ်ဆွေးနွေးမယ်ဆိုတဲ့ အကြောင်း အထောက်အထားမတွေ့ရချိန်မှာ NUG က ထိုးစစ်အရှိန်မြှင့်မယ်လို့ ကြေညာထားတာတွေ့ရပါတယ်။
Title:Fact Check: KIA နဲ့ NUG က စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့သဘောတူတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False

