Fact Check: PDF နဲ့ NUG က နာမည်ကို အလွဲသုံးစားလုပ်ပြီး အာဏာရူးကာ အကြမ်းဖက်နေကြောင်း သမ္မတဦးဝင်းမြင့်ပြောတဲ့ သတင်းတု 

 PDF နဲ့ NUG က သူ့အမည်ကို အလွဲသုံးစားလုပ်ကာ အာဏာရူးပြီး နိုင်ငံကို ဖျက်ဆီးအကြမ်းဖက်လုပ်နေကြောင်း သမ္မတ ဦးဝင်းမြင့်ကပြောကြားလိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တခု ဇွန် ၁၂ ရက်က ဖေ့စ်ဘွတ်မှာ မျှဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းခဲ့တာ တွေ့ရတယ်။ သတင်းတုဖြန့်ချိနေ ခြင်းဖြစ်တယ်။  ဒီလိုပြောဆိုချက်တွေပါဝင်တဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “pdf,nug တွေက အမည်ကို အလွဲသုံးစားလုပ်ကာ အာဏာရူးပြီး နိုင်ငံကို ဖျက်ဆီးအကြမ်းဖက်လုပ်နေကြောင်း သမ္မတဟောင်းလွတ်ငြိမ်း ဦးဝင်းမြင့်က ပြောကြားလိုက်သည်” Original link | Archive link အချက်အလက်စိစစ်ချက် အခုလို ပြောဆိုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်အကောင့် လေ့လာကြည့်ရာမှာ  မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်တဲ့ အကောင့်တု တခုဖြစ်နေပြီး သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ NUG/PDFတွေကို […]

Continue Reading

Fact Check: NUG ကို လက်နက်ပေးဖို့ အမေရိကန် ကတိပြုတဲ့ သတင်းမှား

NUG ကို လက်နက်ပေးဖို့ အမေရိကန် ကတိပြုလိုက်ပြီး စစ်ကောင်စီကို တိုက်ခိုက်ဖို့အတွက် NUG ဟာ အမေရိကန်ရဲ့ အကူအညီရပြီလို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “NUG ကို လက်နက်ပေးဖို့ US ကတိပြု တရုတ်အားကိုးနဲ့ အကြမ်းဖက်နေတဲ့ စစ်ကောင်စီကို  တိုက်ခိုက်ဖို့ NUGကို စစ်ကူပေးလာပြီ” Original link | Archive link အချက်အလက်စိစစ်ချက်  ဒီလို လက်နက်အကူအညီ NUG ကိုပေးမယ့်အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ၊ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေဖော်ပြချက် မတွေ့ရပါဘူး။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ မူဝါဒဟာ […]

Continue Reading

Fact Check: မင်္ဂလာဒုံလေတပ်ကို NUG အထူးတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်မှု အများအပြားသေဆုံးတဲ့ သတင်းတု

မင်္ဂလာဒုံလေတပ်ကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) အထူးကွန်မန်ဒိုတပ်တွေက တိုက်ခိုက်မှု အဆင့်မြင့်အရာရှိတဦးအပါအဝင် လေတပ်အရာရှိအများအပြား သေဆုံးသွားတယ်လို့ ဆိုပြီး ယူကျူ့ချန်နယ်တခုက ဖြန့်ဝေနေတာဟာ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “မင်္ဂလာဒုံလေတပ် သွေးချောင်းစီးနေပြီ NUG အထူးကွန်မင်ဒိုတပ်ဖွဲ့မှ တိုက်ခိုက် ၊ လေတပ် ချုပ်အပါဝင် အရာရှိအများပြား သေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်က ဖော်ပြချက်ထဲမှာ “ရန်ကုန်မြို့၊ မင်္ဂလာဒုံရှိ လေတပ်အခြေစိုက်စခန်းတစ်ခု ယနေ့မနက်ပိုင်းတွင် ပြင်းထန်စွာ တိုက်ခိုက်ခံခဲ့ရပြီး လေတပ်အရာရှိများ အပါအဝင် လူသေဆုံးမှုများပြားကာ အဆောက်အဦးများစွာ ပျက်စီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များအရ သိရပါသည်။ မနက် ၄ […]

Continue Reading

Fact Check: မြန်မာစစ်တပ်တိုက်လေယာဉ်တွေကို ပစ်ချဖို့ လေယာဉ်ပစ်ဒုံးကျည်တွေ NUG ကို အမေရိကန်ပေးပို့တဲ့ သတင်းတု

မြန်မာစစ်တပ်တိုက်လေယာဉ်တွေကို ပစ်ချဖို့ လေယာဉ်ပစ်ဒုံးကျည်တွေ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ဆီ အမေရိကန်က ပေးပို့လိုက်တယ်လို့ ဆိုပြီး ယူကျူ့ချန်နယ်တခုက ဖြန့်ဝေနေတာဟာ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အမေရိကန် ကြားဖြတ် ဝင်လာပြီဟေ့  လေယာဉ်ပစ်လက်နက်ကြီး NUG ကို ပို့ပေးပြီ  အမေရိကန်မှ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်လေယာဉ်တွေကို ပစ်ချဖို့ လေယာဉ်ပစ်ဒုံးကျည်တွေ NUGကို့ပို့ပေးပြီ” Original link | Archive link အချက်အလက်စိစစ်ချက် အမေရိကန်အစိုးရမှ လေယာဉ်ပစ်ကာကွယ်ရေး လက်နက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆီ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများထွက်ပေါ်နေတယ်လို့ “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်က ၄င်းတို့ သတင်းဗွီဒီယိုထဲမှာ ပြောဆိုထားပေမဲ့ လက်ရှိအချိန်အထိ အမေရိကန်အစိုးရ ဒါမှမဟုတ် NUG ဘက်က […]

Continue Reading

Fact Check: NUG သမ္မတကို စစ်တပ်က ဖမ်းလိုက်ပြီး ရုံးချုပ်ကိုလည်း လေယာဉ်၈ စီးနဲ့ ဗုံးကြဲတဲ့ သတင်းတု

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ သမ္မတဖြစ်သူကို စစ်တပ်က ဖမ်းဆီးလိုက်ပြီး NUG ရုံးချုပ်ကိုလည်း လေယာဉ် ၈ စီးနဲ့ ဗုံးကြဲခံရတာကြောင့် ပြည်ထောင်စု အစိုးရရုံးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး သေဆုံးခဲ့တယ် လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ  ပျံ့နှံ့မှုအားကောင်း နေတယ်။ သတင်းတု ဖြန့်ချိ နေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဒီတိုင်းဆို တော်လှန်ရေး ရှုံးပြီဟာ NUG သမ္မတ ကို အရှင် ဖမ်းပြီး NUG ရုံးချုပ် ကို လေယာဉ်(၈)စီး နဲ့ ဗုံးကြဲလို့ ဇော်ဝေစိုး သေပါပြီ” Original link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေနဲ့ ယုံကြည်ရတဲ့ […]

Continue Reading

Fact Check: လေထုညစ်ညမ်းမှုလျော့ချရေး နှာခေါင်းတပေါက်သာ အသက်ရှူဖို့ NUG အမိန့်ထုတ်တဲ့ သတင်းတု

ကမ္ဘာ့လေထုကို ပိုမိုသန့်စေဖို့အတွက် “အောက်စီဂျင်ချွေတာရေး” အစီအစဉ်အရ နှာခေါင်း တပေါက်ဖြင့်သာ အသက်ရှုရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အမိန့်ထုတ်တယ်လို့ ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “၁။ အကြမ်းဖက်စစ်ကောင်စီသည် စက်သုံးဆီချွေတာရန်အတွက် မော်တော်ယာဉ်များကို “စုံ/မ” စနစ်ဖြင့် မောင်းနှင်ခိုင်းနေကြောင်း သိရှိရပါသည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်ကောင်စီ၏ စီမံကိန်းထက် သာလွနှန် ကောင်းမွန်သော၊ ကမ္ဘာ့လေထုကို ပိုမိုသန့်စစေမည့် “အောက်စီဂျင်ချွေတာရေးနှင့် လေထုညစ်ရေး” အစီအစဉ်ကို ယနေ့မှစ၍ အောက်ပါအတိုင်း ပြဋ္ဌာန်းလိုက်သည်။ (က) စုံရက်များတွင် – ပြည်သူများအားလုံး မိမိတို့၏ “ညာဘက်” နှာခေါင်းပေါက် တစ်ဖက်တည်းဖြင့်သာ အသက်ရှုရမည်။ ဘယ်ဘက်နှာခေါင်းပေါက်ကို ဂွမ်း (သို့မဟုတ်) […]

Continue Reading

Fact Check: အမေရိကန် သမ္မတနဲ့ ဒေါ်ဇင်မာအောင်တို့တွေ့ဆုံခဲ့ပြီး လေယာဉ် အစီး ၂၀ အကူအညီရတဲ့ သတင်းတု 

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ်နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံခဲ့ပြီး လေယာဉ် အစီး ၂၀ အကူအညီရခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “ယနေ့ တစ်ကမ္ဘာလုံး အံ့သြကုန်တဲ့ သတင်းကြီး  အမေရိကန် သမ္မ နဲ့ ဒေါ်ဇင်မာအောင်  တွေ့ခွင့်ရပြီး လေယာဉ်အစီး ၂ဝ ရပြီဟေ့” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”ယူကျူ့ချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar မှာ အချက်အလက်စိစစ်မှုတွေ မကြာခဏဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီချန်နယ်ဟာ လုံးဝလုပ်ကြံပြောဆိုတာတွေ၊ သတင်းမီဒီယာတွေမှာ […]

Continue Reading

Fact Check: KIA နဲ့ NUG က စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့သဘောတူတဲ့ သတင်းတု

KIA နဲ့ NUG က စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့သဘောတူတယ်ဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။  အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “အားလုံးတွေ့ ဆုံဆွေးနွေးပွဲ ကြေညာ  NUG နဲ့ KIA ဦးဆောင်ပြီး စတင်ကြောင်းကြေညာ ၂၀၂၆ ဟာ အပစ်အားလုံး ရပ်ဆိုင်းမည်ဟု ကြေညာ  ပြည်သူအားလုံး ငြိမ်းချမ်းရေး ရပြီဟေ့” Original link | Archive link အချက်အလက်စိစစ်ချက် ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နဲ့ ကချင်အမျိုးသားလွတ်လပ်ရေး တပ်မတော်(KIA) စစ်တပ်နဲ့ ဆွေးနွေးမယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။ ဒီအချိန်မှာပဲ ၂၀၂၆ […]

Continue Reading

Fact Check: TNLA နဲ့ MNDAA ခေါင်းဆောင်တွေက  NUG ကို ဝေဖန်ချက်တွေလား-မဟုတ်ပါ 

TNLA အထွေထွေအတွင်း‌ရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်၊ MNDAA ခေါင်းဆောင် ဖုန်တာရွှင်တို့က NUG အပေါ် ဝေဖန်ချက်ဆိုပြီး ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ TNLA ကလည်း ဗိုလ်ချုပ်တာဘုန်းကျော်က ဒီလိုပြောကြားချက် မရှိကြောင်း  တရားဝင် ငြင်းဆိုထားတယ်။  ၂၀၂၇ စစ်ဆင်ရေးနဲ့ မြန်မာအာဏာသိမ်းစစ်တပ်ဆီကနေ နယ်မြေအများအပြား သိမ်းယူနိုင်ခဲ့ပေမဲ့ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် သိမ်းပိုက်နယ်မြေအချို့ကို ပြန်ပေးအပ်ကာ ငြိမ်းချမ်းရေးရယူခဲ့ရပြီး‌နောက် ဒီ ၂ ဖွဲ့ဟာ မြန်မာလူထုရဲ့ ဝေဖန်မှုကို ခံနေရချိန်လည်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ဘယ် NUG လော်ဘီ မီဒီယာမှမတင်ပြရဲသော အမှန်တရားများ”ဆိုပြီး “star news”အမည်နဲ့‌ […]

Continue Reading

Fact Check: သမ္မတထရမ့်တွေ့ဆုံမှုအပြီး NUG ကို အမေရိကန်က လက်နက် သန်း ၅၀၀ ဖို့ထောက်ပံ့ဆိုတဲ့ သတင်းတု

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန်သမ္မတထရမ့်တို့ တွေ့ဆုံမှုအပြီးမှာ အမေရိကန်က NUG ကို ဒေါ်လာ သန်း ၅၀၀ ဖိုး လက်နက်တွေ ထောက်ပံ့ခဲ့တယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက  ဖြန့်ချိထားတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်း ဖြစ်တယ်။  “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ဗွီဒီယိုရဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “NUG နဲ့ ဒေါ်နယ်ထရမ့်တွေ့ဆုံမှုအပြီး  လက်နက် သန်း ၅၀၀ ဖိုး  ‌ဒေါ်ဇင်မာအောင် ချပြလို့ ဗိုလ်ချုပ်တွေလန့်ကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက်  “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို  ပုံဖျက်ပြောဆိုပြီး သတင်းခေါင်းစဉ်တုတပ် ပြန်လည်ဖြန့်ချိတာ၊ လုံးဝလုပ်ကြံရေးသား […]

Continue Reading