
ပုသိမ်ဟာလဝါမုန့်များတွင် လူကိုအန္တရာယ်ဖြစ်စေတဲ့ Spermatozoa ဘက်တီးရီးယားများတွေ့ရှိရတဲ့အတွက် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကပ်ရေးဌာန(FDA)မှ ရောင်းချခွင့် ပိတ်ပင်သွားမယ်လို့ဆိုထား တဲ့ပို့စ်ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။
အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ပို့စ်တစ်ခုကဖြစ်ပါတယ်။ “Zaw Myo”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက ပို့စ်ကို ဓာတ်ပုံအချို့နဲအတူ ဩဂုတ် ၆ ရက်ကမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၂၀၀ ကျော်ရှိပါတယ်။
“ပုသိမ်ဟာလဝါမုန့်များတွင် လူကိုအန္တရယ်ဖြစ်စေသော ရောဂါပိုးများတွေ့ရှိရ၍ ရောင်းချခွင့်ပိတ်ပင်သွားမည်။
မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကပ်ရေးဌာန(FDA)မှ ပုသိမ်မြို့ရှိ ဟာလဝါ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး၍ ဓာတ်ခွဲစမ်းသပ်ရာ ဟာလဝါမုန့်များတွင် Spermatozoa ခေါ် လူ၏ခန္ဓာကိုယ်အား ပြင်းထန်စွာထိခိုက်စေနိုင်သည့် ဘက်တီးရီးယားများ စစ်ဆေးတွေ့ရှိသဖြင့် ရောင်းချခွင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပုသိမ်ဟာလဝါအစား ကျန်းမာရေးနှင့်ညီညွတ်လတ်ဆတ်သော မန္တလေးထိုးမုန့်များကိုသာ ရောင်းချရန် ခရိုင်FDA မှ ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း သိရသည်။”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ မှာလည်းတွေ့ရပါတယ်။ ပို့စ်တွေအောက်က မှတ်ချက်တွေကိုလေ့ လာကြည့်ရာမှာ ဟာသအဖြစ်မျှဝေထားတယ်လို့ နားလည်သူတွေရှိပေမဲ့ အမှန်တကယ်သတင်းတစ်ခုအဖြစ် ယုံကြည်နေကြသူတွေရှိပါတယ်။
အချက်အလက်စိစစ်ချက်
စစ်တပ်ထိန်းချုပ်မှုအောက်မှာရှိတဲ့ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကပ်ရေးဌာန(FDA)ရဲ့ ထုတ်ပြန်ချက်တွေကို ဒီမှာကြည့်နိုင်ပါတယ်။ တစ်စုံတစ်ရာထုတ်ပြန်ချက်မရှိပါဘူး။
ထို့အပြင် “ဟာလဝါမုန့်များတွင် Spermatozoa ခေါ် လူ၏ခန္ဓာကိုယ်အား ပြင်းထန်စွာထိခိုက်စေနိုင်သည့် ဘက်တီးရီးယားများ စစ်ဆေးတွေ့ရှိသဖြင့် ရောင်းချခွင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။”ဆိုတဲ့ ပြောဆိုချက်ကို လေ့လာကြည့်ရအောင်ပါ။ Google မှာ “Spermatozoa”ဆိုတဲ့စကားလုံးကို အလွယ်တကူရှာ ကြည့်နိုင်ပါတယ်။ ဖိုသတ္တဝါရဲ့ သုတ်ပိုးကို သိပ္ပံလို Spermatozoa လို့ ခေါ်တာဖြစ်ပါတယ်။ ဘက်တီးရီးယားပိုး မဟုတ်ပါဘူး။ ဒီလင့်ခ်မှာကြည့်ပါ။ လူခန္ဓာကိုပြင်မှာ သုတ်ပိုးဟာ မိနစ်ပိုင်းသာ ရှင်သန်ုနိုင်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။
ဓာတ်ပုံတွေကတော့ လူတွေစိတ်ဝင်စားအောင် သက်ဆိုင်သည်ဖြစ်စေ မသက်ဆိုင်သည်ဖြစ်စေ လိုသလို အသုံးပြုထားခြင်းဖြစ်ပါတယ်။ ဒီပို့စ်မှာပါတဲ့ ဓာတ်ပုံအားလုံးကိုတော့ ဘယ်ကနေ ဘယ်လို ရယူအသုံးပြုထား သလဲဆိုတာ Fact Crescendo Myanmar အနေနဲ့ အတည်မပြုနိုင်ပါဘူး။ သို့သော်လည်း ဒီထဲက ဟာလဝါပုံကို Popolay ေဖ့စ်ဘွတ်စာမျက်နှာရဲ့ ၂၀၁၇ ခုနှစ်က ပို့စ်တစ်ခုမှာတွေ့ရသလို သုတ်ပိုးပုံဓာတ်ပုံကိုလည်း ၂၀၁၄ ခုနှစ်က ဘီဘီစီရဲ့ ဒီသတင်းမှာတွေ့ ရပါတယ်။
သုံးသပ်ချက်
ဟာသသဘောနဲ့မျှဝေထားခြင်းဖြစ်နိုင်ပေမဲ့ ပို့စ်ဟာဖေ့စ်ဘွတ်အသုံးပြုသူတွေကိုနားလည်မှုလွဲစေနိုင်တာ တွေ့ရပါတယ်။ ပုသိမ်ဟာလဝါမုန့်တွေမှာ Spermatozoa ခေါ် ဘက်တီးရီးယားတွေ့တယ်ဆိုတာ မဟုတ်သလို FDA ကရောင်းချခွင့်ပိတ်ပင်တယ်ဆိုတာမဟုတ်ပါဘူး။ Spermatozoa ဆိုတာ ဖိုသုတ်ပိုးဖြစ်ပြီး ဘက်တီးရီးယား ပိုးလည်းမဟုတ်ပါဘူး။

Title:Fact Check: ပုသိမ်ဟာလဝါမှာ Spermatozoa ဘက်တီးရီးယားများတွေ့လို့ ရောင်းချခွင့်ပိတ်ပင်ဆိုတဲ့ သတင်းတု
Fact Check By: Nayar MaungResult: Misleading