
ယခုရက်ပိုင်းများအတွင်း နေ့စဉ်နီးပါးအတည်ပြုလူနာ ထောင်ဂဏန်းတွေ့ရှိမှုနဲ့အတူ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအတည်ပြုလူနာ ၂၂၀၀၀ ကျော်နဲ့ ဒီရောဂါနဲ့သေဆုံးသူ ၅၃၅ ဦးထက်မနည်းရှိပြီဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ COVID-19 ကူးစက်ခံလို့လဲကျနေသူတွေအဖြစ် ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။
ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ မြေပြင်မှာလဲနေတဲ့သူတွေပုံတွေပါဝင်ပြီး ဓာတ်ပုံထဲက ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ သူအချို့မှာ PPE ဝတ်စုံဝတ်ဆင်ထားတာလည်းတွေ့ရပါတယ်။
သို့သော်လည်း ဓာတ်ပုံထဲက နေရာသီးသီးမှာလဲကျနေတဲ့သူတွေဟာ COVID-19 ကူးစက်ခံရပြီး လဲကျခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုးမရှိတာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကိုအောက်ပါအတိုင်းမျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဒီဓာတ်ပုံတွေထဲက မီးခိုးရောင်အင်္ကျီ၊ ပုဆိုးဝတ်၊နှာခေါင်းစီးနဲ့လဲကျနေတဲ့ အမျိုးသားဟာ အောက်တိုဘာ ၄ ရက်နေ့က “မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ -Mahar Rescue”ဖေ့စ်ဘွတ်စာမျက်နှာမှာတွေ့ရပြီး “၄.၁၀.၂၀၂၀ နေ့လည် (၁၁:၂၀) အချိန်။ ၃၅လမ်း / စိန်ပန်း လမ်းမကြီးဒေါင့် ၊ လူတစ်ဦးဆိုင်ကယ်ပေါ်ပြုတ်ကျ သတိလစ်နေ ကြောင်း အကူအညီတောင်းလာသဖြင့်။ သာမန်လူနာတင်ယာဉ် (၁) ၊ အဖွဲ့ဝင် (၄)ဦး မှ လိုအပ်သည်များ ဆောင်ရွက်ပေးပြီး ဆေးရုံကြီး OPD ဌာနသို့ ပို့ဆောင်”ဆိုပြီးရေးသားမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင့်ခ် – FB link | Archive link
မီးခိုးရောင်အင်္ကျီ၊ ပုဆိုးဝတ်၊နှာခေါင်းစီးနဲ့လဲကျနေတဲ့ အမျိုးသားဟာ COVID-19 အတည်ပြုလူနာမဟုတ်ဘူးလို့ ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့သူနဲ့ မန္တလေး အထွေထွေရောဂါကု ဆေးရုံအုပ်ကြီးဒေါက်တာ စုစုဒွေးက 7day သတင်းဌာနကို အတည်ပြုထားတာ တွေ့ရပါတယ်။

မူရင်းလင့်ခ် – 7day | Archive link
ဒုတိယဓာတ်ပုံဖြစ်တဲ့ အင်္ကျီအစိမ်းဝတ်ပုံဟာလည်း ကြည့်မြင်တိုင်မှာ အောက်တို ဘာ ၅ ရက်က အရက်အလွန်အကျွံ သောက်ပြီး သေဆုံးသွားသူ တစ်ဉီးအား PPE ဝတ်စုံများဖြင့် သယ်ဆောင်ခဲ့ ခြင်းဖြစ်တယ်လို့ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဇာနည်ဝင်းက 7day ကိုအတည်ပြုထားတာတွေ့ရပါတယ်။
ခုံးတံတားအောက်မှာ လဲကျနေပုံဟာ စက်တင်ဘာ ၂၀ ရက်က “Thurein Tun”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “20*9*2020 ရွှေပြည်သာတံတားအောက် ၅ ရက်ခန့် ဖျားနေတဲ့ အသက် ၃၅ နှစ်ပတ်ဝန်းကျင် အိမ်ခြေမဲ့တစ်ဦးကို အင်းစိန်ဆေးရုံပို့ဆောင်ပေးခဲ့ပါတယ် အသက်ကလဲမကြီးသေးဘူး အရက်သမားလဲမဟုတ် ကူညီရအခက် မကူညီရအခက်”လို့ရေးသားပြီးမျှဝေထားပါတယ်။ ဒီဓာတ်ပုံထဲမှာပါတဲ့ အမျိုးသားဟာ COVID-19 အတည်ပြုလူနာဟုတ်မဟုတ် မသိရှိရပါဘူး။
မူရင်းလင့်ခ် – Thurein Tun | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာပါဝင်ခဲ့တဲ့ နေရာအသီးသီးမှာလဲကျနေသူပုံတွေဟာ COVID-19 ကြောင့်လဲကျခဲ့တယ်ဆိုတာ မဟုတ်ကြောင်းတွေ့ရပါတယ်။

Title:COVID-19 ကူးစက်ခံပြီး မြေပြင်မှာလဲကျနေပုံတွေလား -မဟုတ်ပါ
Fact Check By: Nayar MaungResult: Misleading