
တာမွေမြို့နယ် ကျိုက္ကဆံလမ်းပေါ်က တာမွေရဲစခန်းရှေ့မှာ မတ်လ ၁၄ ရက်နေ့က ကျဆုံးသွားတဲ့ ဆေး (၁) ကျောင်းသား မောင်ခန့်ညားဟိန်းဟာ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးနဲ့ သားအဖတော်တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြုသူအကြားမျှဝေနေတာတွေ့ရပါတယ်။
သို့သော်လည်း ဆန္ဒပြရင်း ကျဆုံးခဲ့တဲ့ကိုခန့်ညားဟိန်းရဲ့ ဖခင်ဟာ ဉီးသိန်းဇော်ဖြစ်တာတွေ့ရပါတယ်။
“online ပေါ်က သီချင်းကောင်းများ” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “ဆရာဇော်ဝေစိုးသားအသတ်ခံလိုက်ရပြီ လူကို ခွေးကိုက်ခြင်း တခု”လို့ ရေးသားပြီး မတ်လ ၁၅ ရက်နေ့က ရေးသားမျှဝေထားပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံပို့စ်ဟာ ဒေါက်တာဇော်ဝေစိုးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြခဲ့တဲ့ ဓာတ်ပုံပို့စ်ဖြစ်ပါတယ်။
“သား ခန့်ညားဟိန်း အတွက်
ကျွန်တော်ရဲ့ မျက်ရည်နဲ့ ရေးတဲ့စာ
စိတ်ထဲမှာ ဘယ်လောက်တင်းထား တင်းထား မရဘူး
မျက်ရည်တွေ ကျလာတယ်
လုံး၀ လူမဆန်ဘူး ၊လုံးဝ လူလိုမပြုမှုဘူး၊
တစ်ကမာလုံးက ပြောကြတယ်၊မြန်မာလူမျိုးတွေက၊ လူ မဟုတ်ဘူးတဲ့။
သိပ်ကို ရိုင်းတယ်၊ သိပ်ကို လူစိတ်မဲ့တယ်တဲ့၊
သူတို့ တစ်တွေကြောင့်၊ မြန်မာတွေ
ကမ္ဘာမှာ ခေါင်းမဖော်နိုင်တော့ဘူး။
ငါ့သားကို သတ်တယ်၊ ဘာလက်နက်မှ မပါတဲ့သူကို
အသေအချာ၊ အေးအေးဆေးဆေး ချိန်တွယ်ပြီး
ပစ်သတ်တယ်၊ ခွေးတွေဆွဲသလို ဆွဲသွားတယ်။
ငါ့မျက်စိထဲ၊ ငါ့ဉီးနှောက်ထဲ၊ ငါ့နှလုံးထဲ
ဘယ်တော့မှ ပျောက်သွားမှာ မဟုတ်ဘူး
ဘယ်လို ဖြေဖြေ မပြေဘူး
ဘယ်လို ဖျက်ဖျက် မပျက်ဘူး
မင်းတို့ကို ငါကောင်းကောင်း အသိပေးလိုက်မယ်။
မင်းတို့ ကမ္ဘာ ကြိုးစင်တက်ဖို့ ပြင်ဆင်ထား
ပါမောက္ခချူပ် ဒေါက်တာဇော်ဝေစိုး
ဆေးတက္ကသိုလ် ( ၁ ) (မူရင်းအရေးအသားအတိုင်း)’’ စသည်ဖြင့် မတ်လ ၁၅ ရက်နေ့က “Zaw Wai Soe “၏ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတဲ့ ပို့စ်ပါ ဓာတ်ပုံနှင့်တကွဖော်ပြထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Zawwaisoe | Archive link
သို့သော်လည်း ပျံ့နှံ့ခဲ့တဲ့ ပို့စ်ရဲ့ အောက်ခြေက မှတ်ချက်တွေမှာ ဒီလိုရေးသားမျှဝေမှုဟာ မမှန်ကန်ကြောင်းနဲ့ ဆေးကျောင်းသား ဖြစ်သည့်အတွက် သားတပည့် အနေဖြင့် သုံးနှုန်းခြင်းသားဖြစ်ကြောင်း မှတ်ချက်ပေးထား တာ တွေ့ရပါတယ်။
Google မှာ အဓိကျတဲ့စကားလုံးအချို့အသုံးပြုရှာေဖွကြည့်ရာမှာ တာမွေမြို့နယ် ဆန္ဒပြပွဲမှာ မတ်လ ၁၄ ရက်နေ့က ကျဆုံးသွားတဲ့ ဆေး (၁) ကျောင်းသား ကိုခန့်ညားဟိန်းနဲ့ ပတ်သက်ပြီး မိသားစုကို ေတွ့ဆုံေမးမြန်းထားတဲ့ ဘီဘီစီမြန်မာပိုင်းက အင်တာဗျူးတစ်ခုကို ေတွ့ရပြီး ကိုခန့်ညားဟိန်း၏ ဖခင် ဉီးသိန်းဇော်ရဲ့ ေဖြကြားချက်အချို့ကိုလည်းေတွ့ရပါတယ်။ ေအာက်ပါလင့်ခ်မှာ ေလ့လာနိုင်ပါတယ်။
မူရင်းလင်ခ့် – BBC Burmese | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း ရဲစခန်းရှေ့မှာ မတ်လ ၁၄ ရက်နေ့က ကျဆုံးသွားတဲ့ ဆေးကျောင်းသား ကိုခန့်ညားဟိန်းဟာ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးရဲ့ သား မဟုတ်တာ တွေ့ရှိရပါတယ်၊

Title:သေနတ်ကျည်ထိမှန်ကျဆုံးခဲ့သည့် ဆေးကျောင်းသား ကိုခန့်ညားဟိန်းကို ဒေါက်တာဇော်ဝေစိုးရဲ့ သားအဖြစ်ဖော်ပြနေ
Fact Check By: Nayar MaungResult: Missing Context