
သင်္ချိုင်းတစ်ခုမှာ အဖြူရောင်အစနဲ့ ဖုံးအုပ်ထားတဲ့ အလောင်းတွေကို အီရတ်နိုင်ငံက မိသားစုဝင်၁၅ယောက်လုံး နာရီခြားပြီး သေဆုံးမှုအဖြစ်ဖော်ပြနေတဲ့ပို့စ် လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။
“ကိုဗစ် ဒုတိယလှိုင်း မျိုးရိုးဗီဇ ပိုမိုပြင်းထန်လာနေပြီ အီရတ်နိုင်ငံက မိသားစုဝင် တယောက်ကနေ တအိမ်သား လုံးကူးစက်ပြီး၅ရက်အကြာ ဝေဒနာပြင်းထန်စွာခံစားရပြီး မိသားစုဝင်၁၅ယောက်လုံး နာရီခြားစီ သေဆုံးခဲ့ သောမြင်ကွင်းပါ မြန်မာပြည်အနေနဲ့မပေါ့ဆကြပဲ ရောဂါကူးစက်မှုမရှိအောင် ကာကွယ်ကြဖို့ လိုနေပါပြီ” လို့ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားတတွေ့ရပါတယ်။

အလားတူပို့စ်ကို ဒီနေရာ နဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ ဒီလိုမျိုး ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်မျိုးဖြစ်နိုင်ပါသလား။ ဖြစ်နိုင်တာတွေ့ရပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေက မိသားစု ၁၅ ဦးနာရီပိုင်းခြားပြီးသေဆုံးခဲ့ပုံတွေလားဆိုတာ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
မိသားစုဝင် ၁၅ ဦးနာရီပိုင်းခြားသေဆုံးခဲ့တယ်ဆိုတဲ့ ဒီပို့စ်မှာ မျှဝေနေတဲ့ ဓာတ်ပုံတွေဟာ အယ်ဂျာဇီယား သတင်းဌာန(Aljazeera)တံဆိပ်နဲ့ဓာတ်ပုံတွေဖြစ်တာ သတိပြုမိပါတယ်။ Google မှာ ဒီပုံကို ပုံရှာနည်း အသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

အယ်ဂျာဇီယား သတင်းဌာန(Aljazeera) ဝက်ဘ်ဆိုဒ်မှာ ြသဂုတ် ၂ ရက်က ဖော်ပြခဲ့တဲ့ “In Pictures: Lonely burials for coronavirus victims in Iraq”ခေါင်းစဉ်နဲ့ဆောင်းပါမှာ အခုပို့စ်မှာ ဖော်ပြတဲ့ ဓာတ်ပုံတွေ့ရှိရပါတယ်။ ဖော်ပြခဲ့တဲ့ဆောင်းပါးဟာ အီရတ်မှာ ဘာသာရေးအယူအဆနဲ့ စိုးရိမ်စိတ်တွေကြောင့် အခြားသင်္ချိုင်းတွေမှာ မြှုပ် ခွင့်မရချိန်မှာ COVID-19 ကြောင့် သေဆုံးသူတွေကို မြှုပ်နှံရပုံကိုဖော်ပြတဲ့သတင်းမှာဖော်ပြထားတာ တွေ့ရ ပါတယ်။ မိသားစုတစ်ထဲမှာ ၁၅ ယောက် နာရီပိုင်းခြားသေဆုံးရမှုဆိုပြီးတော့ ဖော်ပြထားချက်မျိုး မတွေ့ ရှိရပါဘူး။
အဖြူရောင်တွေနဲ့ ထုပ်ထားတဲ့အလောင်းပုံတွေမှာ အသုဘအခမ်အနားတစ်ခုအတွက်အလောင်းတွေ ပြင်ဆင်နေ ပုံလို့ရေးသားထားပြီး အလောင်းတစ်ခုသဂြိုဟ်ဖို့လုပ်နေပုံမှာ အခြားသင်္ချိုင်းတွေမှာ မြှုပ်ခွင့်မရချိန်မှာ COVID-19 ကြောင့် သေဆုံးသူတွေကို မြှုပ်နှံရပုံလို့ဖော်ပြထားပြီး အုတ်ဂူဘေးမှာ မိသားစုတစ်ဟာ ကိုဗစ်ကြောင့် ဆုံးပါးခဲ့ သူဆီလာရောက်ပုံဆိုပြီးတော့ ဖော်ပြထားတာတွေ့ရပါတယ်။

ဒီဓာတ်ပုံကို အသုံးပြုခဲ့တဲ့ အခြားသော သတင်းဌာနတွေမှာလည်း ဒီလိုပုံစာပဲ အသုံးပြုခဲ့တာတွေ့ရပါတယ်။
Google မှာ “15 family members die from covid-19 in Iraq” သို့မဟုတ် “وفاة 15 من أفراد الأسرة بسبب كوفيد -19 في العراق”စတဲ့ အဓိကကျတဲ့ စကားလုံးမျိုးနဲ့ ရှာဖွေကြည့်ရာမှာ သိသာထင်ရှားတဲ့ ရလာဒ်မျိုးနဲ့ သတင်းမျိုးမတွေ့ရှိရပါဘူး။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ မိသားစုဝင် ၁၅ ဦးနာရီပိုင်းခြားသေဆုံးခဲ့တယ်ဆိုတဲ့ ဒီပို့စ်မှာ မျှဝေနေတဲ့ ဓာတ်ပုံတွေဟာ အီရတ်မှာ ဘာသာရေးအယူအဆနဲ့ စိုးရိမ်စိတ်တွေကြောင့် အခြားသင်္ချိုင်းတွေမှာ မြှုပ်ခွင့်မရ ချိန်မှာ COVID-19 ကြောင့် သေဆုံးသူတွေကို မြှုပ်နှံရပုံကိုဖော်တဲ့သတင်းဆောင်းပါမှာ အသုံးပြုထားတဲ့ ပုံတွေဖြစ်တာတွေ့ရပြီး မိသားစုဝင်တွေ သေဆုံးမှုအဖြစ်ဖော်ပြထားခြင်းမရှိပါဘူး။

Title:အီရတ်မှာ မိသားစုဝင် ၁၅ ဦး နာရီပိုင်းခြားပြီး သေဆုံးမှုမြင်ကွင်းလား
Fact Check By: Nayar MaungResult: False