ကောင်းကင်မှပေါ်လာသော ဗုဒ္ဓပုံတော်အဖြစ် မမျှဝေခင်မှာ မြွေနဂါးပုံအဖြစ် မျှဝေခဲ့ဘူး

False နိုင်ငံတကာ၊ | International လူမှုရေး၊

လူတွေ အလုအယက်ဓာတ်ပုံရိုက်နေကြဟန်နဲ့ ကောင်းကင်မှပေါ်လာတဲ့ ဗုဒ္ဓပုံတော်ဟာ လူမှုကွန်ယက်မှာ ပျံ့နှံမှုအားကောင်းခဲ့ပါတယ်။

“သီတဂူဆရာတော်ကြီးကို ကြည်ညိုကြသူများ”ဆိုတဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ “စိုးစိုး”အမည်နဲ့အကောင့်က “KH Shop” ဆိုတဲ့ စာမျက်နှာက ပုံတစ်ပုံကို ပြန်လည်မျှဝေလာတာတွေ့ရပါတယ်။ “KH Shop”  ဆိုတဲ့ စာမျက်နှာ မှာတော့ ထိုင်းဘာသာစကား နဲ့ရေးသားထားတာဖြစ်ပြီး ဖေ့စ်ဘွတ်မှာ အလိုအလျောက် ဘာသာပြန်စနစ် အသုံးပြုပြီး ဘာသာပြန် ဆိုကြည့်မယ်ဆိုရင် “မယုံရင် မစော်ကားနဲ့. မြင်ရင်. 1 ကိုနှိပ်ပြီး. ရောဂါမရှိတဲ့. share ပေးပါ” ဆိုပြီးတော့ အဓိပ္ပာယ်ထွက်တာတွေ့ရပါတယ်။

Fb linkFb link
Archive linkArchive link

ဒီလို ဗုဒ္ဓပုံတော်တွေ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာကြည့်ရအောင်ပါ။

အချက်အလက်စိစစ်ချက်

Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေကြည့်တဲ့အခါမှာ ဒီဓာတ်ပုံထဲမှာပါတဲ့ လူတွေဟာ မြွေနဂါးတစ်ကောင်အမောက်ထောင်နေတဲ့ ပုံမှာလည်းပါဘူးပါတယ်။ 

၂၀၂၀ ခုနှစ်ဖေဖော်ဝါရီ ၅ ရက်က Myan Myan San San အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ “မယုံမရှိနဲ့ ဒီပုံကိုရှယ်ထားလိုက်ပါ။မန့်မှာhiထားလိုက်ပါ ချက်ချင်းထူးခြားပြီးကံကောင်းမည်။”ဆိုပြီးမျှဝေထားကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ဒီပုံဟာ နိုင်ငံတကာမှာလည်း လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့ တာတွေ့ရပါတယ်။

Fb linkArchive link

ဗုဒ္ဓပုံတော်ပါတဲ့ ဓာတ်ပုံကိုပဲ  yandex မှာရှာကြည့်တဲ့အခါ အောက်ပါအတိုင်းတွေ့ရပါတယ်။

ဒီပုံတွေထဲကနေ နဂါးကြီး ပုံကိုထောက်ကြည့်လိုက်မယ်ဆိုရင် ဖေ့စ်ဘွတ်နဲ့ ယူကျူ့စတဲ့ ဗွီဒီယိုပလက်ဖောင်း တွေမှာ ဖေဖော်ဝါရီလက ဒီဓာတ်ပုံပါတဲ့ဗွီဒီယိုတွေ အခြားနိုင်ငံက လူမှုကွန်ယက်သုံးစွဲ သူတွေအကြားမှာ ပျံ့နှံမှုအားကောင်းခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်တွေမှာဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။

Fb linkYoutube
Archive linkArchive link

ဒီလို ဗွီဒီယိုကို ဗွီဒီယိုတည်းဖြတ်တဲ့နည်းလမ်းအသုံးပြုပြီး ဘယ်လိုလုပ်လို့ရသလဲဆိုတာကို ပြောပြထားတဲ့ ယူကျူ့ ဗွီဒီယိုကို အောက်မှာလေ့လာနိုင်ပါတယ်။

Youtube

သုံးသပ်ချက်

အထက်က အချက်အလက်တွေအရ  လူတွေ အလုအယက်ဓာတ်ပုံရိုက်နေကြဟန်နဲ့ လူတွေဟာ ကောင်းကင်မှပေါ်လာတဲ့ ဗုဒ္ဓပုံတော်လိုပဲ အခြားနိုင်ငံက လူမှုကွန်ယက်တွေမှာ မြွေနဂါး၊ နဂါးပျံ ပုံတွေနဲ့ တွဲဖက်ပါဝင်ဖူးပါတယ်။

Avatar

Title:ကောင်းကင်မှပေါ်လာသော ဗုဒ္ဓပုံတော်အဖြစ် မမျှဝေခင်မှာ မြွေနဂါးပုံအဖြစ် မျှဝေခဲ့ဘူး

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *