အီတလီမှာ ဖုန်းကာဗာကြောင့် လူ ၅၀၀၀ ကိုရိုနာဗိုင်းရပ်စစ်ကူးစက်ခံရသလား

ကူးစက်ရောဂါ ဆေးဘက်ဆိုင်ရာ၊ | Medical

မတ် ၂၇ ရက် ဥရောပစံတော်ချိန် ည ၁၀ နာရီအထိ ထုတ်ပြန်တဲ့ စာရင်းအရ အီတလီနိုင်ငံမှာ လူပေါင်း ၈၀၀၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုရှိခဲ့ပြီး လူပေါင်း ၆၀၀၀ ကျော်ထပ်မံကူးစက်ခံခဲ့ရပြီး လူနာ ၈၁၀၀ ကျော် ဒီကူးစက်ရောဂါကြောင့် သေဆုံးခဲ့ပြီဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒီလိုအခြေအနေကြောင့် အီတလီနိုင်ငံ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုသတင်း ရေပန်းစားတဲ့ ခေါင်းစဉ်တစ်ခုဖြစ်နေပါတယ်။

“အီတလီနိုင်ငံတွင် သုတေသနပြုချက်အရ လက်ကိုင်ဖုန်း ကာဗာထဲတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးများ ခိုအောင်နေခြင်းကြောင့် ကူးစက်ခံရသူ ၅၀၀၀ ကျော်ရှိခဲ့ကြောင်းတွေ့ရပြီး.. လက်ကိုင်ဖုန်း ကာဗာများ ကို ဖြုတ်ခွာ သုံးစွဲလျင် ပို၍ ဘေးအန္တရာယ်ကင်းပါတယ်” ဆိုပြီး Aung Naing Htwe အမည်နဲ့အကောင့်က ရေးသားထားပါတယ်။

Fb linkArchive link

အခြားလူမှုကွန်ယက်သုံးစွဲသူတစ်ဉီးကလည်း အောက်ပါအတိုင်းမျှဝေထားပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

လက်ကိုင်ဖုန်းနဲ့ ဖုန်းကာဗာတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်ပါသလား။ ရောဂါပိုးရှိသူ ချောင်းဆိုးနှာချေရာမှာထွက်လာတဲ့ အမှုန်အမွှားလေးတွေက ဖုန်းမျက်နှာပြင်နဲ့ ဖုန်းကာဗာကို သွားရောက်လွင့်စင်ပြီး ငြိတွယ်နေနိုင်တာကြောင့် ကူးစက်နိုင်ပါတယ်။ မျက်နှာပြင်အမျိုးအစားပေါ်မှာမူတည်ပြီး ဒီဗိုင်းရပ်စ်ပိုး ဘယ်လောက်ကြာကြာနေနိုင်သလဲဆိုတာကို ကျန်းမာရေးဗဟုသုတတွေမျှဝေလေ့ရှိတဲ့ hellosayarwon ကရဲ့ သရုပ်ဖော်ပုံတစ်ခုမှာအောက်ပါဖော်ပြထားပါတယ်။

Fb linkArchive link

သေချာတာကတော့ ဖုန်းဟာ နေ့စဉ်သုံးစွဲနေတဲ့ မရှိမဖြစ်အသုံးအဆောင်တစ်ခု ဖြစ်လာပြီးနောက် ကိုယ်နဲ့ ထက်ကြပ်မကွာရှိနေတတ်ပြီး သင် သို့မဟုတ် အခြားလူတစ်ယောက်က နာချေချောင်းဆိုးစဉ်မှာ အမှုန်အမွှာ လေးတွေ လွင့်စင်တာမျိုးရှိနိုင်သလို အပြင်ထွက်တဲ့အခါမှာ စားပွဲခုံနဲ့တံခါးလက်ကိုင်တန်းလိုဟာမျိုးတွေနဲ့လည်း လက်ထဲမှာကိုင်ထားတဲ့ ဖုန်းက မမျှော်လင့်ထိတွေ့နိုင်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အမှုန်အမွှာလေးတွေလွင့်စင်ထိတွေ့ခဲ့ရင် သို့မဟုတ် မျက်နှာပြင်နဲ့ ထိတွေ့ခဲ့ရင် ဖုန်းကတဆင့် ကူးစက်နိုင်ပါတယ်။

ဒါပေမဲ့ အီတလီမှာ ဒီလိုမျိုး လူပေါင်းများစွာဟာ ဖုန်းကာဗာကတစ်ဆင့် တကယ်ပဲကူးစက်ခံခဲ့ရပါလား။

အထက်မှာဖော်ပြခဲ့တဲ့ Aung Naing Htwe ရဲ့ ပို့စ်ကို ဆန်းစစ်ကြည့်ရာမှာ တိကျတဲ့ သုတေသနပြုချက်အရလို့ ဆိုထားပေမဲ့ အချက်အလက်အရင်းအမြစ်တစ်ခုခုကိုဖော်ပြထားခြင်းမရှိတဲ့အတွက် ယုံကြည်ဖို့ ခက်ခဲ့ပါတယ်။

Google မှာ “italy 5000 people coronavirus phone cover research”လို့ အဓိကကျကတဲ့ အင်္ဂလိပ်စကားတွေနဲ့ ရိုက်ရှာရာမှာ သတင်း သို့မဟုတ် သုတေသနတစ်ခုတစ်လေမှ မတွေ့ရပါဘူး။

ဒီလိုပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရားဝင်ထုတ်ပြန်ထားတဲ့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေထဲမှာ လက်ဆေးဖို့၊ ချောင်းဆိုး၊ နှာချေရင် လက်ဒကောက်ကွေး သို့မဟုတ် တစ်သျှူးစနဲ့ ဖုံးကွယ်ပြီးမှ ချောင်းဆိုးဖို့နဲ့ လူတစ်ဉီးနဲ့ တစ်ဉီးခပ်ခွာခွာနေတာ၊ အပြင်မထွက်ဘဲ အိမ်မှာနေတာတွေကို အကြံပြုထားပါတယ်။ 

WHO

သုံးသပ်ချက်

အထက်ကအချက်အလက်တွေအရ အီတလီမှာ လူ ၅၀၀၀ ဟာ ဖုန်းကာဗာကနေ ကူးစက်ခံရတယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။အထက်မှာပြောခဲ့သလိုပဲ ဖုန်းဟာ နေ့စဉ်သုံးစွဲနေတဲ့ မရှိမဖြစ်အသုံး အဆောင်တစ်ခု ဖြစ်လာပြီးနောက် ကိုယ်နဲ့ ထက်ကြပ်မကွာရှိနေတတ်တာကြောင့် မိမိရဲ့ လက်ကိုင်ဖုန်းကို သန့်ရှင်းရေးလုပ်တာမမှားပါးဘူး။ ဒါပေမဲ့ ဖုန်းကိုင်ပြီးတိုင်း လက်မကြာခဏဆေးကြောဖို့လည်း လိုမယ်ဆိုတာ မမေ့သင့်ပါဘူး။ 

Title:အီတလီမှာ ဖုန်းကာဗာကြောင့် လူ ၅၀၀၀ ကိုရိုနာဗိုင်းရပ်စစ်ကူးစက်ခံရသလား

Fact Check By: နေရာမောင် 

Leave a Reply

Your email address will not be published. Required fields are marked *