
ကမ္ဘာတစ်လွှာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု မြင့်တက်နေချိန်မှာ အီတလီနိုင်ငံဟာ အဆိုးရွားဆုံးနဲ့ ရင်ဆိုင်နေရပါတယ်။ ဗိုင်းရပ်စစ်ကြောင့် သေဆုံးမှုမှာ အီတလီနိုင်ငံဟာ ဗိုင်းရပ်စ်စတင်ရာ တရုတ်နိုင်ငံထက် ပိုမိုများပြားလာပြီး မတ် ၂၂ ရက်အထိ စုစုပေါင်း သေဆုံးသူ ၅၀၀၀ ဝန်းကျင်နီးပါးရှိလာပြီဖြစ်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ အီတလီတာဝန်ရှိသူတွေနဲ့ ပတ်သက်တဲ့ သတင်းတွေဟာလည်း လူမှုကွန်ယက်မှာရေပန်းစားနေပြီး အီတလီဝန်ကြီးချုပ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ငိုကြွေးတဲ့ပုံအဖြစ်ဖော်ပြထားတဲ့ ဓာတ်ပုံဟာ လူမှုကွန်ယက်မှာ ဖြန့်ဝေမှုများပြားခဲ့ပါတယ်။
Khin Zin Htay အမည်နဲ့အကောင့်က “သတင်းစုံ”၊ “မှု့ခင်းနှင့်သတင်းစုံ”စတဲ့ ဖေ့စ်ဘွတ်အုပ်စုတွေ မျှဝေထားတာတွေ့ရပါတယ်။ မျှော်လင့်ချက်မဲ့နေသည့် အီတလီဝန်ကြီးချုပ် မိန့်ခွန်းပြောရင်း ငိုကြွေးဆိုပြီးတော့လည်း ရေးသားထားပါတယ်။

“မှု့ခင်းနှင့်သတင်းစုံ”စတဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ Shwe Bu အမည်နဲ့အကောင့်က တွစ်တာအကောင့် Johnny Sleek ကိုကိုးကားပြီးမျှဝေထားတာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
Google မှာ “italian prime minister”လို့ ရိုက်ရှာပြီး news ကိုနှိပ်ကြည့်တဲ့အခါမှာ အောက်ပါအတိုင်းတွေ့ ရပါတယ်။

အီတလီ ဝန်ကြီးချုပ် Giuseppe Conte အခုလိုကြေကွဲမျက်ရည်ကျခဲ့တဲ့ပုံမဟုတ်ဘဲ ဘရာဇီးသမ္မတ Jair Bolsonaro သိပ်မကြာသေးခင်က ပွဲတစ်ခုမှာမျက်ရည်ခဲ့တာကို သတင်းတုလုပ်ထားတာကို အခြားနိုင်ငံတကာသတင်းဌာနတွေက အချက်အလက်စစ်ဆေးထားတာအောက်မှာ ကြည့်ရှု့နိုင်ပါတယ်။
ဒီလိုပဲ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရာဖွေရာမှာ ရလာတဲ့ ရလာဒ်တွေထဲက စာမျက်နှာ ၄ ကိုသွားမယ်ဆိုရင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာထဲမှာ ကျင်းပတဲ့ ကျေးဇူးတော်နေ့အခမ်းအနားတစ်ခုမှာ ဘရာဇီးသမ္မတက မျက်ရည်ကျခဲ့တဲ့ပုံဖြစ် တာတွေ့ရပါတယ်။ Google translate ကိုသုံးပြီး သတင်းကို ဆန်းစစ်ကြည့်ရာမှာ ဘရာဇီးသမ္မတဟာ ၂၀၁၈ ရွေးကောက်ပွဲစည်းရုံးရေးကာလမှာ သူကိုယ်တိုင် ဓားနဲ့ထိုးခံရတဲ့ဖြစ်စဉ်ကိုပြန် ပြောပြရင်း မျက်ရည်ကျခဲ့တယ်လို့ ရေးသားထားပါတယ်။

မျက်ရည်ကျခဲ့တဲ့ ဘရာဇီးသမ္မတ Jair Bolsonaro ကျေးဇူးတော်နေ့ပြောကြားချက်ကိုအောက်ယူကျူ့ဗွီဒီယိုမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သုံးသပ်ချက်
Khin Zin Htay၊ Shwe Bu နဲ့ Johnny Sleek တို့ မျှဝေထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်မျှော်လင့်ချက်မဲ့နေတဲ့ အီတလီဝန်ကြီးချုပ် မိန့်ခွန်းပြောရင်း ငိုကြွေးဆိုတဲ့သတင်းဟာ သတင်းအတု၊ သတင်းအမှားသာဖြစ်ပါတယ်။

Title:ကျေးဇူးတော်နေ့မှာ ဘရာဇီးသမ္မ ငိုကြွေးတဲ့ပုံကို အီတလီဝန်ကြီးချုပ် ကိုရိုနာဗိုင်းရပ်စ် ကြောင့် ငိုကြွေးတဲ့ပုံအဖြစ်ဖော်ပြနေတဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: False