
COVID-19 လူနာနဲ့ထိတွေ့ခဲ့တဲ့ သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ၁၄ ရက်သီးခြားစောင့်ကြည့်နေရ ဆိုတဲ့သတင်းတစ်ခုကို “Aung Naing Htwe” အမည်နဲ့အကောင့်က ရေးသားထားပါတယ်။
“ဒေါ်စု ၁၄ ရက် Quarantine ဝင်နေပါတယ်လို့ ဆုတောင်းဖို့ သတင်းမှန်ပေးလည်း ငှက်တွေက ဆဲနေကြတယ်ဆိုတာ မြင်တဲ့ အတိုင်းပဲ..ထွီး”ဆိုပြီး အကောင့်မှာထပ်မံ ရေးသားထားပါတယ်။

အချက်အလက်စိစစ်ချက်
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့မှာ မည်သည့် Quarantine မှလုပ်ဆောင်ရခြင်း မရှိဘဲ ကျန်းမာရေး အထူးကောင်းမွန်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မတ် ၃၁ ရက် မွန်းလွဲပိုင်းမှာ မီဒီယာတွေကို ပြောကြားခဲ့တာအောက်ပါလင့်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

“”နိုင်ငံတော်သမ္မတကြီးရော၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရော၊ ကျန်းမာရေး ကောင်းမွန်ပါတယ်၊ နိုင်ငံ့တာဝန်တွေကို ပုံမှန်လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါတယ်၊ Self Quarantine ရော၊ Home Quarantine ရော ဘာမှလုပ်ဆောင်တာ မရှိပါ၊ ကျန်းမာရေးအထူးကောင်းမွန်ပါတယ်” ဟု ဦးဇော်ဌေးရဲ့ ပြောကြားချက်ကို Eleven Media က ထုတ်နုတ်ဖော်ပြထားပါတယ်။
မတ် ၃၁ရက် ညပိုင်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ဖြစ်ပွားမှု နောက်ဆုံး အခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံ တင်ပြသည့် မိန့်ခွန်းပြောကြားချက်ကို အောက်ပါလင့် တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ COVID-19 လူနာနဲ့ထိတွေ့ခဲ့တဲ့ သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ၁၄ ရက်သီးခြားစောင့်ကြည့်နေရ ဆိုတဲ့“Aung Naing Htwe” အမည်နဲ့အကောင့်က ရေးသားထားတဲ့ သတင်းဟာ သတင်းမှားသာဖြစ်ပါတယ်။

Title:COVID-19 လူနာနဲ့ထိတွေ့ခဲ့တဲ့ သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ၁၄ ရက် self-quarantine လုပ်နေရဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False