
ပြီးခဲ့တဲ့ရက်အတွင်း ပြည်ထောင်စုရွေးကောက်အပွဲကော်မရှင်က တရားဝင်နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖြတ်ခံ လိုက်တဲ့ United Democratic Party-UDP (နှင်းဆီပါတီ)ပါတီဝင် ခြောက်သန်းက ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲပေးဖို့ဆုံးဖြစ်လိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခုက ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတာတွေ့ ရပါတယ်။
ဒီပို့စ်မှာ “နှင်းဆီပါတီဝင် ၆သန်း ခြင်္သေ့ပါတီကို မဲပေးသွားမည်ဟုဆုံးဖြတ် -“ဆိုပြီး ရေးသားနေတာတွေ့ရပါတယ်။ ဒီပို့စ်ကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB Link | Archive Link
အချက်အလက်စိစစ်ချက်
ဒီပို့စ်နဲ့ပတ်သက်ပြီး နှင်းဆီပါတီရဲ ပြောရေးဆိုခွင့်ရှိသူ ပါတီတွဲဘက်အတွင်းရေးမှူးဦးကျော်စွာထက်ဦးကို Fact Crescendo Myanmarက ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ “ပါတီဝင်ခြောက်သန်းဆိုတာ ယျေဘူဟုတ်တယ်၊ တကယ်တော့ ပါတီခြောက်သန်းမကရှိပါတယ်၊ ကျွန်တော်တို့က ဒီမိုကရေစီကို လိုလားတယ်၊ ဒါ့ကြောင့် ပါတီဝင်တွေကို ဒီလိုပြောထားတာမရှိပါဘူး။ ဒီလိုပြောရင် လွတ်လပ်စွာမဲပေးခွင့်ကို တားဆီသလိုဖြစ်သွားမယ်။ ဒါမျိုးမပြောထားပါဘူး။ သူတို့စိတ်ကြိုက် မဲပေးခွင့်ပြုထားပြီးသားပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကို Fact Crescendo Myanmarက ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ “ဒီလို သတင်းအမှားတွေကို သိပ်မဖြေရှင်းချင်တော့ဘူး၊ ဒီနေရာမှာ သူတို့(နှင်းဆီပါတီ)နဲ့ ဆက်စက်တယ် မဆက်စက်ဆိုတာကိုလည်း မဟုတ်သေးဘူးဗျ၊ ဆက်စက်တယ်ပြောရင်လည်း အဓိပ္ပာယ်တမျိုးနဲ့ မြင်ဦးမယ်၊ မဆက်စက်ဘူးဆိုရင်လည်း တမျိုးဖြစ်မယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
UDPပါတီရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ အောက်တိုဘာလ ၁၈ ရက်နေ့ကထုတ်လွှင့်ခဲ့တဲ့ ပါတီ CEC နှင့် EC တို့မှ ပါတီဝင်များထံသို့ ဖြေကြား/ပြောကြား ချက်များဆိုတဲ့ ဗွီဒီယိုဖိုင်မှာဘည်း ပါတီဝင်တွေကို ပြည်ခိုင်ဖြိုးပါတီကို မဲပေးဖို့ပြောဆိုတာမတွေ့ရပါဘူး။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်တွေအရ နှင်းဆီပါတီဝင် ခြောက်သန်းက ပြည်ခိုင်ဖြိုးပါတီကို မဲပေးမယ်ဆိုတာ သတင်းအမှား သာဖြစ်ကြောင်း တွေ့ရှိရပါတယ်။

Title:နှင်းဆီပါတီဝင် ခြောက်သန်းက ပြည်ခိုင်ဖြိုးကို မဲပေးမယ်ဆိုတဲ့ သတင်းအမှား
Fact Check By: Lynn YuResult: Misleading