Fact Check: ၂၀၁၉ ခုနှစ်က မန္တလေး- စစ်ကိုင်း ကားလမ်းမပေါ်ရှိလမ်း/ကျူးအိမ် ၉ လုံးအား ဖျက်သိမ်းခဲ့မှုကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေနေ

Misleading လူမှုရေး

မန္တလေး- စစ်ကိုင်း ကားလမ်းမပေါ်ရှိ လမ်း/ကျူးအိမ် ၉ လုံး အား ဖျက်သိမ်းလို့ ခေါင်းစဉ်တပ်ထားတဲ့  live ဗွီဒီယိုတစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိပြီး  ဒီဗွီဒီယိုကို လူမှုကွန်ယက်အသုံးပြုသူ  ၂ ထောင်ကျော်က  ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။

ဗွီဒီယိုမှာ အိမ်တစ်လုံးကို စည်ပင်သာယာရေးဝန်ထမ်းတွေက ဖြိုဖျက်နေပြီး ကလေးငယ်တစ် ယောက်ကို ပွေ့ချီထားတဲ့ အမျိုးသမီးက ဝန်ထမ်းတွေကို တားဆီးရင် ရန်လုပ်နေပုံနဲ့ ရဲတပ်ဖွဲ့တွေက ဖြန်ဖြေ ခေါ်ယူနေ ပုံတွေပါဝင်ပါတယ်။

ဒီဗွီဒီယိုပို့စ်အကြောင်းအရာဟာ ၂၀၁၉ ခုနှစ် ဇူလိုင် ၂၇ ရက်က အဖြစ်အပျက်တစ်ခုဖြစ်ပြီး လက်ရှိအဖြစ်အပျက် မဟုတ်တာကို  Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ဒီပို့စ်ရဲ့အောက်ခြေမှာ လူမှုကွန်ယက်အသုံးပြုသူ တစ်ဦးကလည်း ၂၀၁၉ ခုနှစ်က အဖြစ်အပျက်ကို အခုမှ ပြန်ထုတ်လွှင့်နေတယ်လို့ မှတ်ချက်ပြုထားတာတွေ့ရပါ တယ်။

 “မန္တလေး- စစ်ကိုင်း ကားလမ်းမပေါ်ရှိ လမ်း/ကျူးအိမ် ၉ လုံး အား ဖျက်သိမ်း။

ချမ်းမြသာစည်မြို့နယ် ၊ ကျွန်းလုံးဥသျှောင်ရပ်ကွက် ရှိ လမ်းမြေကျူးကျော်ပြီး ဆောက်လုပ်ထားသော အကွက်(၄၉၉) ဘက်မှ အိမ်(၃)လုံး၊ အကွက်(၅၀၀)မှ အိမ်(၆)လုံး စုစုပေါင်း အိမ် ၉ လုံးအား ယနေ့မနက် ၈ နာရီ တွံင် မြို့တော်စည်ပင်သာယာရေးမှ စတင် ဖျက်သိမ်းခဲ့သည် ဟု သိရသည်”လို့ ရေးသားပြီး လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ “N O C”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီကနေ့ ထုတ်လွှင့်ခဲ့တဲ့ Live ဗွီဒီယိုပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

Google မှာ အဓိကျတဲ့ စကားလုံးအချို့ကို အသုံးပြုရာဖွေရာမှာ ဒီဗွီဒီယိုဟာ ၂၀၁၉ ခုနှစ် ဇူလိုင် ၃၀ ရက်က “Zomi Thupuak Inc”ဖေ့စ်ဘွတ်စာမျက်နှာက ထုတ်လွှင့်ခဲ့တဲ့  ၆ မိနစ်နဲ့ ၅ စက္ကန့်အကြာဗွီဒီယိုနဲ့ စာသားကို ကူးယူပြီး လက်ရှိအဖြစ်အပျက်သဖွယ်ဖြစ်အောင် live ဆော့ဖ်ဝဲလ်တစ်ခုကို အသုံးပြုပြီး အကြိမ်ကြိမ် ထုတ်လွှင့် နေခြင်းဖြစ်ပါတယ်။

“မန္တလေး- စစ်ကိုင်း ကားလမ်းမပေါ်ရှိ လမ်း/ကျူးအိမ် ၉ လုံး အား ဖျက်သိမ်း။

ချမ်းမြသာစည်မြို့နယ် ၊ ကျွန်းလုံးဥသျှောင်ရပ်ကွက် ရှိ လမ်းမြေကျူးကျော်ပြီး ဆောက်လုပ်ထားသော အကွက်(၄၉၉) ဘက်မှ အိမ်(၃)လုံး၊ အကွက်(၅၀၀)မှ အိမ်(၆)လုံး စုစုပေါင်း အိမ် ၉ လုံးအား ယနေ့မနက် ၈ နာရီ တွံင် မြို့တော်စည်ပင်သာယာရေးမှ စတင် ဖျက်သိမ်းခဲ့သည် ဟု သိရသည်”လို့ရေးသားပြီး “Zomi Thupuak Inc”ဖေ့စ်ဘွတ်စာမျက်နှာက ၂၀၁၉ ခုနှစ်ဇူလိုင် ၃၀ ရက်က ထုတ်လွှင့်ခဲ့တဲ့ ဗွီဒီယိုကို အောက်ပါလင့်ခ်မှာ ကြည့်ရှူ့နိုင်ပါတယ်။

မူရင်းလင်ခ့် – Zomi Thupuak IncArchive link

“စစ်ကိုင်း – မန္တလေးလမ်းက လမ်းနယ်နိမိတ် ကျူးကျော်နေအိမ် ကိုးလုံးကို ဖယ်ရှား”ခေါင်းစဉ်နဲ့ RFA သတင်းဌာနက ဇူလိုင် ၂၇ ရက်က သတင်းဖော်ပြချက် ဗွီဒီယို ဒီလင့်ခ်မှာ ကြည့်ရှု့နိုင်ပါတယ်။ 

Live ဗွီဒီယို နဲ့ ၂၀၁၉ ခုနှစ် ဇူလိုင် ၃၀ ရက်က ဗွီဒီယို screeshot အချို့ကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ “N O C”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ““မန္တလေး- စစ်ကိုင်း ကားလမ်းမပေါ်ရှိ လမ်း/ကျူးအိမ် ၉ လုံး အား ဖျက်သိမ်း”လို့ ရေးသားပြီး  ဒီကနေ့ ထုတ်လွှင့်ခဲ့တဲ့ Live ဗွီဒီယိုပို့စ်ဟာ  လက်ရှိအဖြစ် အပျက်မဟုတ်ဘဲ ၂၀၁၉ ခုနှစ် ဇူလိုင် ၂၇ ရက် အဖြစ်အပျက်ဖြစ်တာတွေ့ရပါတယ်။

Avatar

Title:Fact Check: ၂၀၁၉ ခုနှစ်က မန္တလေး- စစ်ကိုင်း ကားလမ်းမပေါ်ရှိလမ်း/ကျူးအိမ် ၉ လုံးအား ဖျက်သိမ်းခဲ့မှုကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေနေ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *