
မြန်မာနိုင်ငံသည် Covid-19ရောဂါကူးစက်မှုမထိန်းချုပ်နိုင်တာကြောင့် မြန်မာဘက်မှထိုင်းနိုင်ငံအတွင်း ခိုးဝင်လာသူ မှန်သမျှ ပစ်မိန့်ပေးလိုက်ပြီဖြစ်ကြောင်း ပို့စ်တစ်ခုဟာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။
ဒီပို့စ်ကို “မြန်မာနိုင်ငံသည် ရောဂါ ကူးစက်မှု မထိန်းချုပ်နိုင်ကြောင်း ဒါကြောင့် ခိုးဝင်လာသူ မှန်သမျှ ပစ်မိန့်ပေးလိုက်ပြီ”လို့ခေါင်းစဉ်တပ်ထားပြီး မြန်မာနိုင်ငံတွင် ကိုးဗစ်ရောဂါပိုးတွေ့လူဦးရေ စံချိန်တင်မြင့်တတ် လာပြီးနောက် မြန်မာနိုင်ငံနှင့် အနီးဆုံးနယ်စပ်အိမ်နီးချင်းထိုင်းနိင်ငံသည် အထူးကြောက်ရွံ့ပြီးထိုင်း မြန်မာ နယ်စပ်ဂိတ်ပေါက်အားလုံးမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်လာသူမှန်သမျှ ပစ်ခွင့်ရှိသည်ဟု ထိုင်းအစိုးရက စစ်တပ်အား အာဏာပေးလိုက်သည် …”လို့ Shwe Thadinဆိုတဲ့ ဝဘ်ဆိုက်မှာ ရေးသားထားတွေ့ရကာ ဖေ့စ်ဘွတ်ခ်အကောက်တွေကနေ ဖေ့စ်ဘွတ်ခ်ဂရုတွေထဲ မျှဝေကြတာတွေ့ရပါတယ်။ ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ မျှဝေနေကြတာတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ပထမဦးဆုံး ဒီပို့စ်မှာပါဝင်နေတဲ့ ဓာတ်ပုံတွေကို Googleမှာရှာကြည့်မယ်ဆိုရင် ထိုင်းဘာသာစကားနဲ့ အမည်ပေးထားတဲ့ ဖေ့စ်ဘွတ်ခ်အကောက်ကနေ တိုက်ရိုက်ထုတ်လွှင့်ထားတဲ့ ဗွီဒီယိုက ရုပ်ပုံတွေကို စခွင်ရင်ရှော့ထားတဲ့ ရုပ်ပုံတွေဖြစ်တာတွေ့ရပါတယ်။ ထိုင်းဘာသာစကားနဲ့ အညွှန်းတပ်ထားတဲ့ ဒီဗီဒီယိုကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ဒီအညွှန်းကို Googleဘာသာပြန်စနစ်နဲ့ ဘာသာပြန်ကြည့်ရာမှာတော့ “လုံခြုံရေးဌာန၊ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခြင်းကိုကာကွယ်ရန် မဲဆောက်ခရိုင် ထိုင်း – မြန်မာနယ်စပ်ကိုပူးတွဲစစ်ဆေးပါ”လို့ ရေးသားထားတာတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။
ဒီသတင်းဟာ မဟုတ်မှန်တဲ့အကြောင်းကို ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ Eleven Media Groupရဲ့ ဝဘက်ဆိုဒ်မှာရေးသားထားတာတွေ့ရပါတယ်။Eleven Media Groupရဲ့ သတင်းမှာတော့ မဲဆောက်မြို့တော်ဝန်အကြံပေးပုဂ္ဂိုလ် မစ္စတာဖိဂျိုးက “မဟုတ်ဘူး။ မြန်မာအွန်လိုင်း သတင်းအချို့မှာ တက်နေသလို ပစ်မိန့်ပေးထားမရှိပါဘူး။ လုံခြုံရေးကို တင်းကြပ်ထားတာပါ။ ဒီနေ့တရားမဝင် မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးတာ တစ်ရာနီးပါးရှိပါတယ်။ အထောက်အထားရှိသူကို ပြန်လွှတ်ပေးတယ်။ အထာက်အထားမရှိသူတွေကို အရေးယူပြီးရင် မြန်မာနိုင်ငံဘက်ကို ပြန်ပို့မယ်လို့သိရပါတယ်”လို့ ရေးသားထားတာတွေ့ရပါတယ်။
ဒါ့အပြင် ဒီသတင်းဟာမှားယွင်းတဲ့သတင်းဖြစ်ကြောင်းကို AFPသတင်းဌာနကလည်း အချက်လက်စစ်ဆေး ထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်များအရ မြန်မာနိုင်ငံကခိုးဝင်လာသူတွေကို ထိုင်းစစ်တပ်ပစ်မိန့်ပေးထားတယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်တာကိုတွေ့ရပါတယ်။

Title:မြန်မာနိုင်ငံကခိုးဝင်လာသူတွေကို ထိုင်းစစ်တပ်ပစ်မိန့်ပေးထားတယ်ဆိုတဲ့ သတင်းအမှား
Fact Check By: Lynn YuResult: False