Fact Check: မကွေး ပေါက်မြို့နယ် ကျွန်းရင်းရွာက မဲမသမာမှုလုပ်သူ အဖြစ်မျှဝေနေတဲ့ သတင်းမှား

False နိုင်ငံရေး | Politics

မကွေးတိုင်းဒေသကြီးပေါက်မြို့နယ် ကျွန်းရင်းရွာမှာ မဲမသမာမှုလုပ်သူအဖြစ် အမျိုးသမီးတစ်ဦး ဓာတ်ပုံနှင့်တကွ လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိပါတယ်။

ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ပေါက်မြို့နယ် ကျွန်းရင်းရွာမှာ မဲမသမာမှုလုပ်သူဟာ  မဲရုံစောင့်သူ ဒေါ်ဇင်မာသက် ဆိုသူ အမျိုးသမီးဖြစ်တယ်ဆိုပြီးတော့ မျှဝေနေကြတာဖြစ်ပါတယ်။

ဒီလိုမျှဝေနေတဲ့ အချက်အလက်တွေဟာ မှားယွင်းပြီးပြီး မဲမသမာမှုသံသယဖြစ်စဉ်နဲ့ ဓာတ်ပုံမှာပါတဲ့ အမျိုးသမီး ဟာ သက်ဆိုင်ခြင်းမရှိတာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။

“ပေါက်မြို့နယ် ကျွန်းရင်း ကျေးရွာမှ အဖိုးအဖွားများ၏ NLD ကြိုတင်မဲကို USDP (ကြံ့ဖွံ့)မဲအဖြစ်ခိုးပေးရန် သိန်း၃၀၀ ကျပ်နှင့် ခိုင်းစေသဖြင်ခိုးခဲ့သော ဒေါ်ဇင်မာသက် တိမ်းရှောင်ထွက်ပြေး”လို့ ရေးသားပြီး “Pesai Metgum Metgumအ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာတွေ့ရပါတယ်။ အလားသဏ္ဌာန်တူ ရေးသားပြောဆိုချက်တွေကိုလူမှုကွန်ယက်နဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာတွေဖြစ်တဲ့ ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ဒေါ်ဇင်မာသက်ဟာ ပေါက်မြို့နယ်ရွေးကော်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူးဖြစ်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဌ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တို့နဲ့အတူ အောက်တိုဘာ ၂၉ ရက်က ကြိုတင်ဆန္ဒမဲပေးရာမှ ဖြစ်ပေါ်လာသော အငြင်းပွားမှုကို သွားရောက်ဖြေရှင်းပေးခြင်းသာဖြစ်ပြီး အခုလိုသတင်းမှားတွေ ဖြန့်ဝေပါက တည်ဆဲဉပဒေတွေအနဲ့ အရေးယူမယ်လို့ အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။

မူရင်းလင့်ခ် –  SECMagwayArchive link 

RFA ကတင်ဆက်တဲ့သတင်းတစ်ခုမှာလည်း ကျေးရွာရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မဲပေး သူတွေပေးခိုင်းတဲ့ ပါတီကိုမပေးဘဲ သူပေးချင်တဲ့ပါတီကို မဲပေးတယ်ဆိုပြီး မဲလာပေး သူတွေက လူစုလူဝေးနဲ့ ကန့်ကွက် တောင်းဆို ခဲ့ကြတာဖြစ်တယ်လို့ ရေးသားထားပါတယ်။ 

“ကျွန်တော် ကျွန်းရင်းရွာသားတစ်ယောက်ပါ”လို့ရေးသားပြီး “Soe Yar Zar”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက လည်းအောက်ပါအတိုင်းရေးသားထားပါတယ်။ “Soe Yar Zar”အကောင့်ဟာ မဲသမာမှုဖြစ်စဉ် အငြင်းပွားမှုမှာ Facebook Live ကတစ်ဆင့် ဗွီဒီယိုမှတ်တမ်းတွေ ရိုက်တင်ခဲ့သူဖြစ်ပါတယ်။ “အခုဒီအမကို မဲသူခိုးမလို့စွပ်စွဲ နေကြတာ လိုင်းပေါ်မှာ အဲ့ဒါမဟုတ် ပါဘူးလို့ ကျွန်တော်ပြောပါရစေ  မဲမသမာမှုက သူနဲ့မဆိုင်ပါဘူးခင်ဗျ သူက မြို့နယ်က ဖြစ်နေတဲ့ပြသနာကို ဖြေရှင်းဖို့လွှတ်လိုက်တဲ့ မြို့နယ်ရွေးကော်အဖွဲ့က တာဝန်ရှိတစ်ယောက်ပါ သူ့ကို သူခိုးမလို့ပြောနေ တာတွေ ရပ်ကြပါ”စသည်ဖြင့် “Soe Yar Zar”အကောင့်ကလည်း ပြန်လည်ရေးသား မျှဝေထားပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်များအရ မကွေးတိုင်းဒေသကြီးပေါက်မြို့နယ် ကျွန်းရင်းရွာမှာ မဲ မသမာမှုလုပ်သူဟာ မဲရုံစောင့်သူ ဒေါ်ဇင်မာသက် အဖြစ် မျှဝေနေကြာတာဟာ အထောက်အထားမရှိတာတွေ့ရပါတယ်။

Avatar

Title:မကွေး ပေါက်မြို့နယ် ကျွန်းရင်းရွာက မဲမသမာမှုလုပ်သူ အဖြစ်မျှဝေနေတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *