
မြန်မာ့အရေးဖြေရှင်းဖို့ ဒေါ်နယ်ထရမ့် နေပြည်တော်ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်လို့ဆိုပြီး ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တယ်။
အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။
“မြန်မာ့အရေးဖြေရှင်းဖို့ နေပြည်တော်အထိ
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ရောက်ချ
ချက်ချင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီ”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုအစမှာ ပြသတဲ့ မြန်မာ့အရေးဖြေရှင်းဖို့ နေပြည်တော်အထိ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီမယ်လို့ ဆိုထားသလို ဗွီဒီယိုထဲမှာလည်း ဒီလိုပြောဆိုခဲ့ပါသေး တယ်။ ဒါပေမဲ့ ဒီအကြောင်းအရာကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖြစ်စေ သတင်းမီဒီယာတွေမှာဖြစ်ဖော်ပြချက်မရှိပါဘူး။
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံသတင်းမှားတွေ ဖြန့်ချိတာတွေ လုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
၄ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ်ဆက်လက်ဖတ်ကြားနေတဲ့အကြောင်းအရာဟာလည်း ဖေ့စ်ဘွတ်အသုံးပြုသူတဦး ရေးသားတဲ့ အတွေးအမြင်ဆောင်းပါးတခုဖြစ်တဲ့ “အမေရိကန် တို့ အာရုံစိုက်လာဖို့ ရှိနေသည့် မြန်မာ အရေး”ဆိုတဲ့ဆောင်းပါးကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။
သုံးသပ်ချက်
“Local Celegram”ဟာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံသတင်းမှားတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ မြန်မာ့အရေးဖြေရှင်းဖို့ ဒေါ်နယ်ထရမ့် နေပြည်တော်ကို မလာသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်ဆိုတာ မဟုတ်ပါဘူး။

Title:Fact Check: မြန်မာ့အရေးဖြေရှင်းဖို့ ဒေါ်နယ်ထရမ့် နေပြည်တော်ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့ သတင်းတု
Written By: နေရာမောင်Result: False