Fact Check: ယူကရိန်းအလှမယ် တိုက်ပွဲမဝင်သလို တိုက်ပွဲလည်းမကျပါ

False နိုင်ငံတကာ၊ | International

ယူကရိန်းနိုင်ငံအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ Miss Grand Ukraine 2015,Miss Supranational Ukraine 2016 အလှမယ် Natasha Perakov ဟာတိုက်ပွဲအတွင်းမှာ ကျဆုံးသွားပြီဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ 

ဒီပြောဆိုချက်ဟာ မှားယွင်းပါတယ်။  ဓာတ်ပုံတွေဟာ အလှမယ် Anastasiia Lenna ရဲ့ ဓာတ်ပုံတွေဖြစ်ပြီး သူမဟာ စစ်ထဲဝင်ခဲ့ခြင်းမရှိသလို တိုက်ပွဲမှာလည်းပါဝင်ခြင်းမရှိကြောင်း ရှင်းလင်းထားပါတယ်။

“ယူကရိန်းနိုင်ငံအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ Miss Grand Ukraine 2015,Miss Supranational Ukraine 2016အလှမယ် Natasha Perakovဟာ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ပါပြီ သူမကွယ်လွန်ချိန်မှာ အသက်၂၈နှစ်ပါ

RIP Natasha Perakov🙏

Miss Grand InternationallMiss SupranationallMin HtikeeMin HtikeeArakha Min HtikeeMin Htike Arakhaamin_htike6222” စသည်ဖြင့် ရေးသားပြီး “Proud of Myanmar”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

“ယူကရိန်းနိုင်ငံအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ Miss Grand Ukraine 2015,Miss Supranational Ukraine 2016အလှမယ် Natasha Perakov”ဆိုပြီးတော့ ရေးသားမျှဝေချက်နဲ့ပတ်သက်ပြီး ရှာဖွေကြည့်ရာမှာ Natasha Perakov အမည်နဲ့အလှမယ်ကို မတွေ့ရပါဘူး။ Natasha Perakov ဆိုတဲ့ ဒီနာမည်နဲ့ ပထမဆုံးသော ယူကရိန်းအမျိုးသမီး တိုက်လေယာဉ်မှူးအဖြစ်သတင်းမှားပျံ့နှံ့ခဲ့ဖူးတာတွေ့ရပါတယ်။ တကယ်တော့ ယူကရိန်းရဲ့ ပထမဆုံးတိုက်လေယာဉ်မှူးနာမည်ကလည်း ဒီနာမည်မဟုတ်တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – The QuintArchive link 

တကယ်တော့ Miss Grand Ukraine 2015 ရဲ့ နာမည်ဟာ “Anastasiia Lenna”ဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေကို သူမရဲ့ Instagram အကောင့်မှာတွေ့နိုင်ပါတယ်။ 

မတ် ၂၁ ရက်နေ့အထိ သူမရဲ့ Instagram မှာပို့တင်ပြီး စစ်ပွဲအတွင်းမှာ ကျဆုံးခဲ့တဲ့သူတွေအတွက် ဆုတောင်းပေးနေပါတယ်။ သူမတိုက်ပွဲဝင်နေတယ်ဆိုပြီးသတင်းတွေ ပျံ့နှံ့ခဲ့တာနဲ့ ပတ်သက်ပြီး သူမက ဖေဖော်ဝါရီ ၂၈ ရက်က အောက်ပါအတိုင်းအသိပေးထားပါတယ်။

“လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ကျွန်မပြောချင်ပါတယ်။

ကျွန်မစစ်သားမဟုတ်ပါ။ မိန်းမတစ်ယောက် သာမန်လူသားတစ်ယောက်ပါပဲ။ ကျွန်မနိုင်ငံထဲက လူတွေအားလုံးလိုပဲ လူတစ်ယောက်ပါပဲ။ ကျွန်မ နှစ်ပေါင်းများစွာ airsoft ကစားခဲ့သူပါ။ airsoft ဘာလဲဆိုတာ Google ခေါက်ကြည့်လို့ရပါတယ်။”

မူရင်းလင်ခ့် – Anastasiia LennaArchive link 

သုံးသပ်ချက်

Miss Grand Ukraine 2015 ဆုရှင် Anastasiia Lenna တိုက်ပွဲဝင်နေတယ်ဆိုတဲ့အချက်အလက်ဟာ မှားယွင်းပြီး တိုက်ပွဲမှာ ကျဆုံးသွားပြီးဆိုတဲ့အချက်အလက်ဟာလည်း မှားယွင်းပါတယ်။

Avatar

Title:Fact Check: ယူကရိန်းအလှမယ် တိုက်ပွဲမဝင်သလို တိုက်ပွဲလည်းမကျပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *