ပလက်ဝက စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကျောက်တော်မီးလောင်မှုက ဒုက္ခသည်တွေ အဖြစ်ဖော်ပြနေ

False နိုင်ငံရေး | Politics

စက်တင်ဘာလ ၃ရက်နေ့ ညပိုင်း ရခိုင်ပြည်နယ် ကျော်တော်မြိုနယ်က ကျေးရွာနှစ်ရွာမီးလောင်မှုကြောင့် ဒုက္ခရောက်နေတဲ့သူတွေအဖြစ်ဖော်ပြနေတဲ့ ပို့စ်တစ်ု လူမှုကွန်ယက်စာမျက်နှာတွေမှာ ပြန့်နှံ့နေတာ တွေ့ ရပါတယ်။

“တနိုင်ငံထဲမှာနေကြသူအချင်းချင်း ရက်စက်လိုက်ကြတာဗျာ လုပ်ရဲကြတယ်နှော် ဥပမာတခုပြောပြချင်တာက ရွာတရွာဟာမည်သည့်အကြောင်းကြောင်းဖြင့်မီးလောင်ပါစေ မြို့နယ်မီးသတ်ဘာလုပ်နေလည်း? မြို့နယ်အုပ်ချုပ် သူတွေကော ဘယ်ကိုခရီးလွန်နေလို့လည်း? လောင်ပြီးနောက်ပိုင်း ပြည်နယ်အစီုးရအဖွဲ့ ကသွားမကြည့်သင့် ဘူးလား? ဒုက္ခရောက်သူများကို ကူညီစရာတို့အားပေးစကားတို့ သွားမပေးသင့်ဘူးလား? ဒီလောက်တရွာလုံးပြာ ကျသွားတာကို နိုင်ငံတော်အကြီးအကဲတဦးဦးအနေနှင့် ဝမ်းနဲကြောင်းနှင့်အားပေးစကားလေး တခွန်တောင် မပြောသင့်ဘူးလား? တော်တော် တော်ကြတယ့်အုပ်ချုပ်သူလူတန်းစားတွေဘဲ ပြောလိုက်ကြတာတော့ ဘာကြီး ညာကြီးတွေ ကြီးဘဲ ဒီAccထဲကလည်းမနက်ဖြန်အကန်းတွေကိုအကုန်ရှင်းထုတ်မည်”လို့ ရေးသားပြီး “Kyaw Hla Maung Rakhita”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါအတိုင်းမျှဝေထားပါတယ်။ ပို့စ်မှာ ကျောက်တော်မြို့ နယ်မှာ စက်တင်ဘာ ၃ ရက်က မီးလောင်ပုံ၊ ဒုက္ခသည်တစ်ချို့ပုံပါဝင်ပါတယ်။

FB LinkArchive Link

အချက်အလက်စိစစ်ချက်

ကိုဗစ်ရောဂါ ကူးစက်မှုမြင့်မားနေချိန်မှာပဲ ရခိုင်မြောက်ပိုင်း ကျောက်တော်က ဘုရားပေါင်း ကျေးရွာ နဲ့ တောင်ပေါက်ကျေးရွာတို့မှာ စက်တင်ဘာ ၃ ရက် ညနေပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး မီးလောင်ရာမှာ ရွာသားနှစ်ဦးသေဆုံးခဲ့တဲ့သတင်းကို BBC The Irrawaddy 7 Days မှာအသီးသီးသတင်း ဖော်ပြထားပါတယ်။

မီးလောင်နေတဲ့ ပုံဟာ စက်တင်ဘာ ၃ ရက်က ကျောက်တော် မီးလောင်မှုနဲ့ သက်ဆိုင်သော်လည်း ဒုက္ခသည်ပုံ တွေဟာ မီးလောင်မှုနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်က တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့အကြာ ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့အရပ်သားတွေ ပုံဖြစ်ပါတယ်။ 

မတ် ၂၃ ရက်က Development Media Group ကရေးသားတဲ့ သတင်းမှာ ဒီပုံကို သုံးစွဲထားတာ အောက်ပါအတိုင်းတွေ့မြင်နိုင်ပါတယ်။

Link

အလားတူ လမ်းဘေးသစ်ပင်တွေအောက်မှာ လှဲလျောင်းနေတဲ့ပုံတွေဟာလည်း ဒီကျောက်တော်မီး လောင်မှုဖြစ်စဉ်နဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ဖြစ်တာကို အောက်ပါအတိုင်းတွေ့မြင်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ကျောက်တော်က ကျေးရွာနစ်ရွာမီးလောင်မှုကြောင့်  ဒုက္ခရောက်ခဲ့ရ သူတွေအဖြစ် ဖော်ပြနေတဲ့ ဓာတ်ပုံဟာ စက်တင်ဘာ ၃ ရက်က မီးလောင်မှုဖြစ်စဉ်နဲ့ သက်ဆိုင်ခြင်းမရှိတဲ့ လက်နက်ကိုင်ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ ဒုက္ခသည်တွေပုံဖြစ်တာတွေ့ရပါတယ်။

Avatar

Title:ပလက်ဝက စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကျောက်တော်မီးလောင်မှုက ဒုက္ခသည်တွေ အဖြစ်ဖော်ပြနေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *