Fact Check: ရုရှားသွားတဲ့ မြန်မာစစ်‌ခေါင်းဆောင် လေယာဉ်ကို ကြားဖြတ်တိုက်ခိုက်ခံ တဲ့  သတင်းတု 

False နိုင်ငံရေး | Politics

ရုရှားသွားတဲ့ မြန်မာစစ်‌ခေါင်းဆောင် လေယာဉ် ကြားဖြတ်တိုက်ခိုက်ခံရတယ်ဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ အမေရိကန်က စစ်ခေါင်းဆောင်လေယာဉ်ကို ကြားဖြတ်တိုက်ခိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။ 

“မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ် အရေးပေါ်

အမေရိကန် ကြားဖြတ်တိုက်ခိုက်လို့ လေယာဉ်ကျည်ထိမှန်

မင်းအောင်လှိုင် သေမသေ မသိရသေး”

Original link | Archive link

နောက်ထပ် ဗွီဒီယိုတခုမှာတော့ စစ်ခေါင်း‌ဆောင် စီးလာတဲ့ လေယာဉ်ကို ကုလသမဂ္ဂက ကြားဖြတ်ဟန့်တားခဲ့တယ်လို့ ဆိုထားတယ်။

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာတွေ့ရတယ်။  ဒီယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကို ဆင်တုယိုးမှား တုပပြီး အခုလို သတင်းတုတွေ ဖြန့်ချိနေတာကို  Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။

အခုလည်း ဗွီဒီယိုထဲမှာပါဝင်တဲ့အကြောင်းအရာဟာ တကယ်တမ်းမှာ “မောင်း”မီဒီယာကဖော်ပြခဲ့တဲ့ “ရုရှားနိုင်ငံတွင် ပြုလုပ်မည့် ကမ္ဘာ့အဏုမြူ ဖိုရမ်တက်ရန် အကြမ်းဖက် မင်းအောင်လှိုင် ယနေ့မနက် ထွက်ခွာ”ဆိုတဲ့ သတင်းကို ဖော်ပြထားတယ်။

၁၀ မိနစ်ကျော်ရှည်လျားတဲ့ ဒီသတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုထဲမှာ “စစ်တပ်အတွင်း ဒုဗိုလ်ချုပ်ကြီးတချို့ကို အရန်အင်အားပို့ပြီး ဗိုလ်ချုပ်များကို ရာထူးတိုးအပြောင်းအလဲများ ပြုလုပ်”၊ “ကျောက်မဲထိုးစစ် အရေးနိမ့်နေ၍ကစထ-၂မှူးဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကိုဖယ်ရှား”စတဲ့ သတင်းနဲ့ တခြားသတင်းတွေကို ဖော်ပြထားတယ်။ 

သုံးသပ်ချက်

ဗွီဒီယို ဖြန့်ချိထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ အမည်နာမကို တုပထားပြီး သတင်းမီဒီယာတချို့က သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိနေခြင်းဖြစ်တယ်။ အခုလည်း ရုရှားမှာ ကမ္ဘာ့အဏုမြူ ဖိုရမ်တက်ဖို့ စစ်ခေါင်းဆောင် လေယာဉ်နဲ့ ထွက်ခွာတဲ့ မီဒီယာတခုရဲ့ သတင်းကို ပြန်လည်ကူးယူပြီး လိုအပ်သလို ခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိနေခြင်းဖြစ်တယ်။

Avatar

Title:Fact Check: ရုရှားသွားတဲ့ မြန်မာစစ်‌ခေါင်းဆောင် လေယာဉ်ကို ကြားဖြတ်တိုက်ခိုက်ခံ တဲ့  သတင်းတု 

Fact Check By: နေရာမောင်  

Result: False