Fact Check: နေပြည်တော်ကို အမေရိကန်တပ်ဖွဲ့ ဝင်လာပြီဆိုတဲ့ သတင်းမှား

Misleading နိုင်ငံရေး | Politics

ငွေကြေးလိမ်လည်မှုတွေကို အရေးယူဖို့အတွက် နေပြည်တော်ကို အမေရိကန်တပ်ဖွဲ့တွေ ဝင်လာပြီဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှားသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ နိုဝင်ဘာ ၁၄ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၆ သိန်း ဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။  

“အမေရိကန် အထူးတပ် နေပြည်တော်ဝင်လာပြီ

ကျားဖြန့်အမှု စစ်ဗိုလ်ချုပ်တွေ ပါဝင်နေကြောင်း 

သတင်းထွက်၊ နေပြည်တော်ကို အမှောင်ချလိုက်ပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်ကို တုပထားပြီး သတင်းမီဒီယာတချို့က သတင်းတွေ ကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တု တပ်ကာ ပြန်လည်ဖြန့်ချိတာတွေ့ရတယ်။  ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က မကြာခဏအချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။

မြန်မာနိုင်ငံအပါအဝင် လာအိုနဲ့ ကမ္ဘောဒီးယားက ငွေကြေးလိမ်လည်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ် အပြစ်ပေးအရေးယူဖို့ နိုဝင်ဘာ ၁၂ ရက်မှာ  အမေရိကန်က ဖွဲ့စည်းလိုက်ပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့ဟာ နေပြည်တော်ကို ဝင်ရောက်တိုက်ခိုက်ဖို့အတွက် အဓိက ရည်ရွယ်ချက်မတွေ့ရသလို နေပြည်တော်ကို ဝင်ရောက်လာပြီဆိုတာ ယုံကြည်ရ လောက်တဲ့ သတင်းအရင်းအမြစ်တွေမှာလည်း ဖော်ပြချက် မတွေ့ရပါဘူး။

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ ဒီလို ငွေကြေးလိမ်းလည်ဂိုဏ်းတွေကို စုံစမ်းဖော်ထုတ် အရေးယူဖို့ အတွက် အမေရိကန်က Scam Center Strike Force ဖွဲ့စည်းတဲ့အကြောင်းနဲ့ တခြားသော သတင်းအကြောင်းအရာတွေသာပါဝင်တယ်။

သုံးသပ်ချက်

ဗွီဒီယို ဖြန့်ချိထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတချို့က သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ နေပြည်တော်ကို အမေရိကန်တပ်ဖွဲ့တွေဝင်လာပြီဆိုတဲ့ အထောက်အထားမရှိပါဘူး။

Avatar

Title:Fact Check: နေပြည်တော်ကို အမေရိကန်တပ်ဖွဲ့ ဝင်လာပြီဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင်  

Result: Misleading