Fact Check: ကျောက်ဖြူမြို့တိုက်ပွဲမှာ AA က စစ်သင်္ဘောကို  အမြောက်နဲ့ထုတဲ့ ဗွီဒီယိုသတင်းမှား

False နိုင်ငံရေး | Politics

ကျောက်ဖြူမြို့သိမ်းတိုက်ပွဲမှာ အာရက္ခတပ်တော်(AA)က စစ်သင်္ဘောကို  အမြောက်နဲ့ထုတဲ့ ဗွီဒီယိုလို့ ဆိုပြီး စစ်သင်္ဘောတစင်း ကုန်ပတ်နဲ့ ကိုယ်ထည်မှာ လက်နက်နဲ့ ထိခိုက်ပျက်စီးထားတဲ့ ဗွီဒီယိုတွေ ပျံ့နှံ့မှု အားကောင်း နေတာ တွေ့ရပါတယ်။ သတင်းမှားသာ ဖြစ်တယ်။

အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ 

“အေအေ က ကျောက်ဖြူမြို့ သိမ်းပွဲ အောင်မြင်လာပြီ သဘ်ောတွေကို အမြောက်နဲ့ထု”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုပါ မြင်ကွင်းကို  Google Lens အသုံးပြုပြီး ပျံ့နှံ့ခဲ့ပုံကို ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ပြီးခဲ့တဲ့ ၉ နှစ်ဝန်းကျင်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဗွီဒီယိုဖြစ်တာတွေ့ရတယ်။ “AiirSource Military”အမည်နဲ့ ယူကျူ့ချန်နယ်က ၂၀၁၆ ခုနှစ် ဇူလိုင် ၁၇ ရက်က ဒီဗွီဒီယိုကို “ရေတပ်စစ်သင်္ဘောတစ်စင်းကို ဒုံးကျည်များနှင့် တော်ပီဒိုများဖြင့် နှစ်မြှုပ်ခြင်း – SINKEX နစ်မြုပ်လေ့ကျင့်ခန်း”လို့ ခေါင်းစဉ်တပ် ဖော်ပြထားတယ်။

Original link | Archive link

၂၀၁၆ ခုနှစ် ဇူလိုင် ၁၄ ရက်က “Rim of the Pacific 2016 လေ့ကျင့်ခန်းရဲ့ အစိတ်အပိုင်းတခုအနေနဲ့ အသုံးမပြုတော့ဘဲ ရပ်ဆိုင်းထားတဲ့ USS Thach နစ်မြုပ်လေ့ကျင့်ခန်း ဗွီဒီယိုဖြစ်တယ်လို့ အမေရိကန်ရေတပ်သိပ္ပံ(US Navy Institute)ကလည်း ဖော်ပြထားတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။ 

သုံးသပ်ချက်၂၀၁၆ ခုနှစ်အတွင်း အမေရိကန်က ပစိဖိတ်ဒေသ စစ်ရေးလေ့ကျင့်မှုတခုအတွင်း တာဝန်ကရပ်ဆိုင်းပြီး အသုံးမပြုတော့တဲ့ အမေရိကန် တိုက်သင်္ဘော USS Thach ကို ပစ်ခတ်နစ်မြှုပ်စဉ်က ဗွီဒီယိုဖြစ်တယ်။ ကျောက်ဖြူမြို့သိမ်းတိုက်ပွဲမှာ AA က စစ်သင်္ဘောကို  အမြောက်နဲ့ ထုပြီးနောက် နစ်မြှုပ်ခဲ့တယ်ဆိုတဲ့ အကြောင်း ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာ လတ်တလော ဖော်ပြချက်မရှိပါဘူး။

Avatar

Title:Fact Check: ကျောက်ဖြူမြို့တိုက်ပွဲမှာ AA က စစ်သင်္ဘောကို အမြောက်နဲ့ထုတဲ့ ဗွီဒီယိုသတင်းမှား

Fact Check By: နေရာမောင်  

Result: False