Fact Check: Air India လေယာဉ် မတက်ခင် မိနစ်ပိုင်းအလိုမှာ မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုဆိုတဲ့ သတင်းမှား

False နိုင်ငံတကာ၊ | International

ဇွန် ၁၂ ရက်က ပျက်ကျခဲ့တဲ့ Air India လေယာဉ် ပျံမတက်ခင် မိနစ်ပိုင်းအလိုမှာ မှတ်တမ်းတင်မိထားတဲ့ ဗွီဒီယိုလို့ဆိုပြီး ဗွီဒီယိုနဲ့ လေယာဉ်အတွင်းမှာရိုက်ကူးထားတဲ့ ဓာတ်ပုံတချို့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာဖြစ်တယ်။ ပျက်ကျခဲ့တဲ့ လေယာဉ်နဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

“Air India လေယာဉ်မတက်ခင် မိနစ်ပိုင်းအလို tay ဆုံးရမယ်လို့ ဘယ်သူမှမသိခင်အချိန် မှတ်တမ်းတင်မိထား video😥👇👇

ဘဝနှင့်အသက်တို့သည်

လက်တစ်သီးအတွင်း ပြောင်းလဲသွားနိုင်သည်အထိ

တိုတောင်းပြီး ဆန်းကျယ်လှပေသည်။

ထို့ကြောင့် အသက်ရှင်နေသမျှကာလအတွင်း

ကျန်းမာ၍ ပျော်ရွှင်စွာ နေထိုင်နိုင်ကြပါစေ။ 🙏

Video ကို comment တွင်ကြည့်ပါ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး Google မှာ ပုံရှာနည်းအသုံးပြုပြီး အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပုံကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံတွေဟာ မေလအတွင်းက လေယာဉ်မှာ အဲယာကွန်းပျက်နေတာကို ပြစ်တင်ပြောဆိုမှုနဲ့ သက်ဆိုင်တာတွေ့ရပါတယ်။ 

အိန္ဒိယအခြေစိုက် Free Press Journal သတင်းဌာနက ၂၀၂၅ ခုနှစ် မေ ၁၈ ရက် သတင်းဖော်ပြချက်တခုမှာ ဒီမြင်ကွင်းဓာတ်ပုံတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ Air India လေကြောင်းလိုင်းရဲ့ ဒေလီ-ပတ္တနာ ခရီးစဉ်တခုမှာ လေယာဉ်အဲယားကွန်း အလုပ်မလုပ်တာကြောင့် ခရီးသည်တဦးက ဝေဖန်မှုကို လေကြောင်းလိုင်းတုန့်ပြန်ဆိုတဲ့ သတင်းဖော်ပြချက်မှာ အသုံးပြုထားတာဖြစ်တယ်။

“ပြင်းထန်တဲ့ အပူရှိန်အောက်မှာ AC မပါပဲ လေယာဉ်ထဲမှာ တစ်နာရီကျော်ကြာ ထိုင်နေရတယ်လို့ဆိုပါတယ်။ ချွေးများ ချွေးများ ထွက်ကျနေသည့် ခရီးသည်ကို ဗီဒီယိုတွင် မြင်တွေ့ရတယ်”လို့လည်း ဒီသတင်းမှာဖော်ပြပါတယ်။

Original link | Archive link

သုံးသပ်ချက်ပျက်ကျခဲ့တဲ့ Air India လေယာဉ် မတက်ခင် မိနစ်ပိုင်းအလိုမှာ မှတ်တမ်းတင်မိထားတဲ့ ဗွီဒီယိုဆိုတဲ့ ပြောဆိုချက်ဟာ မှားယွင်းပါတယ်။ ဗွီဒီယိုဟာ Air India လေယာဉ်ပျက်ကျမှု ဖြစ်စဉ်မတိုင်ခင် ရက်သတ္တပတ် အနည်းငယ်ကတည်းက အွန်လိုင်းမှာ ပျံနှံ့ခဲ့ပြီးဖြစ်တယ်။

Avatar

Title:Fact Check: Air India လေယာဉ် မတက်ခင် မိနစ်ပိုင်းအလိုမှာ မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုဆိုတဲ့ သတင်းမှား

Written By: နေရာမောင်  

Result: False