Fact Check: ဗြိတန်မှာ ၆.၇ ပမာဏငလျင်ကြောင့် လူတွေပြေးလွှားနေတဲ့ ဗွီဒီယိုလား-မဟုတ်ပါ

နိုင်ငံတကာ၊ | International

ဗြိတိန်နိုင်ငံမှာ အင်အား ၆.၇ ပမာဏရှိ ငလျင်ကြောင့် လူတွေပြေးလွှားနေတဲ့ ဗွီဒီယိုဆိုပြီးတော့ ဗွီဒီယိုတခု တစ်တော့နဲ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှားသာဖြစ်တယ်။ ဗွီဒီယိုဟာ ၂၀၂၃ ခုနှစ်အတွင်းက အီကွေဒေါနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တခုဖြစ်တာတွေ့ရပါတယ်။ 

ဖြန့်ဝေထားတဲ့ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“ဗြိတိန်နိုင်ငံ UK လန်ဒန်မြို့မှာ ပြင်းအား 6.7 အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ပါတယ် 5/4/2025 #နေဖုန်းခ”

မူရင်းလင်ခ့် – Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုပါမြင်ကွင်းတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာ‌ဖွေရာမှာ ဒီမြင်ကွင်းဟာ ၂၀၂၃ ခုနှစ်အတွင်းက အီကွေဒေါနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်အတွင်းက မြင်ကွင်းဖြစ်တာတွေ့ရပါတယ်။ 

“ပြင်းအား ၆.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် အီကွေဒေါနိုင်ငံတောင်ပိုင်းရှိ စူပါမားကတ်တစ်ခုမှ ဈေးဝယ်သူ များသည် မတ် ၁၈ ရက်က အမြန်ထွက်ခွာခဲ့ကြသည်။”လို့ ရေးသားပြီး ၂၀၂၃ ခုနှစ် မတ် ၂၀ ရက်စွဲနဲ့ ရိုက်တာ သတင်းဌာနကို ကိုးကားပြီး NT News သတင်းဌာနက ‌‌‌ဖော်ပြပါတယ်။  အဲဒီအချိန်က x လူမှုကွန်ယက်အသုံးပြုသူ တဦးကလည်း တူညီတဲ့ ဗွီဒီယိုကို အီကွေဒေါငလျင်အဖြစ် မျှဝေခဲ့တာလည်း တွေ့ရပါတယ်။

မူရင်း – Original link | Archive link

ဒီအပြင် ဗြိတိန်မှာ ငလျင်တွေကို စောင့်ကြည့်တိုင်းတာ ထုတ်ပြန်နေတဲ့အဖွဲ့အစည်းတခုဖြစ်တဲ့ ဘူမိဗေဒ တိုင်းတာရေးဌာနက  ထုတ်ပြန်ချက်မှာလည်း ၂၀၂၅ ခုနှစ် ဧပြီ ၅ ရက်က ငလျင်လှုပ်ခတ်ခဲ့တဲ့ မှတ်တမ်းမရှိပါဘူး။ ဒီလင့်ခ်မှာကြည့်ပါ။  

C:\Users\User\Downloads\Earthquakes-in-and-around-the-British-Isles-in-the-last-60-days-04-08-2025_05_45_PM.png

သုံးသပ်ချက်

ဧပြီ ၅ ရက်က ဗြိတိန်နိုင်ငံမှာ အင်အား ၆.၇ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်မရှိခဲ့ပါဘူး။ လူတွေပြေးလွှားနေတဲ့ ဗွီဒီယိုဟာ အီကွေဒေါနိုင်ငံမှာ ၂၀၂၃ ခုနှစ် မတ် ၁၈ က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဖြစ်စဉ်က ဖြစ်ပြီး ဗြိတိန်နိုင်ငံက မဟုတ်ပါဘူး။

Avatar

Title:Fact Check: ဗြိတန်မှာ ၆.၇ ပမာဏငလျင်ကြောင့် လူတွေပြေးလွှားနေတဲ့ ဗွီဒီယိုလား-မဟုတ်ပါ

Written By: နေရာမောင်  

Result: False