Fact Check: မြိုင်ကြီးငူတွေ့ဆုံပွဲအပြီး KNA က ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့သလား- မဟုတ်ပါ 

Missing Context နိုင်ငံရေး | Politics

ကရင်ပြည်နယ်အနေနဲ့ နိုင်ငံတော်မှ ခွဲထွက်မှာ မဟုတ်ကြောင်းအပါအဝင် လောကပါလတရားထွန်းကားရေး အပါအဝင် စစ်တပ်ရဲ့ ဒို့တာဝန်အရေးသုံးပါး ဆောင်ပုဒ်ကို ဦးထိပ်တားတယ်လို့ ဆိုလိုထားတဲ့ ကရင်အမျိုးသား တပ်မတော်(KNA) ထုတ်ပြန်ချက်ဆိုတဲ့ ဓာတ်ပုံပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုမှုဖြစ်တာတွေ့ရတယ်။ ဒီလိုထုတ်ပြန်ခဲ့တာမရှိကြောင်း KNA တာဝန်ရှိသူက ငြင်းဆိုထားတယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။

“ကရင်အမျိုးသားတပ်မတော် ( KNA ) ၏ 

သဘောထားထုတ်ပြန်ချက်များထဲမှ အချက် (၅) ချက်ကို ကြည့်ခြင်းအားဖြင့် အကောင်းဘက်ကိုဆောင်၍ ငြိမ်းချမ်းရေးကို ဦးတည်ခြင်းဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ် ။ 

ကရင်ပြည်နယ်ကြီး မငြိမ်းချမ်းအောင် လုပ်ဆောင်နေသည့်အဖွဲ့များနှင့် ပြည်ထောင်စုမှ ခွဲထွက်ပြီး ကော်သူလေ နိုင်ငံတည်ထောင်မည်ဟု ကျုံးဝါးနေသော အဖွဲ့များနှင့်လည်း KNA က ထိပ်တိုက်တွေ့ဆုံရဖွယ် ရှိနေပါတယ် ။ 

သဘောထားထုတ်ပြန် အစစ်အမှန်ဖြစ်ပါသည် ။

Photo ~ ကိုတင်မောင်လှိုင်”

Original link | Archive link

အချက်အလက်စိစစ်ချက်

၂၀၂၅ ခုနှစ် ဇူလိုင် ၂၀ ရက်မှာ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)ကနေ KNA အဖြစ်ပြောင်းလဲ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေနဲ့ ကရင်ပြည်နယ်အခြေစိုက်ပါတီတချို့နဲ့ သံဃာတွေအပါဝင် ကရင်ဒေသက လက်နက်ကိုင်တချို့ဟာ မြိုင်ကြီးငူဒေသမှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတချို့မှာ သတင်းဖော်ပြချက်ကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တွေ့ရပါတယ်။

ဒါပေမဲ့ အခုလို ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့ နယ်ချဲ့ကို အပြစ်တင်ပြီး စစ်တပ်ရဲ့ လက်စွဲ ဆောင်ပုဒ် ဒို့တာဝန်အရေးသုံးပါးနဲ့ လောကပါလ တရားထွန်းကားရေး၊ ငြိမ်းချမ်း‌ရေးဆိုတဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး KNA အနေဖြင့် စာထုတ်ပြန်ထားခြင်းမရှိကြောင်း ဒီပွဲကို တက်ရောက်ခဲ့တဲ့ KNA ခေါင်းဆောင် တဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် စောတင်ဝင်းက ကရင်သတင်းဌာန KIC ရဲ့ ဆက်သွယ်မေးမြန်းချက်မှာ ဖြေဆိုထားတာတွေ့ရတယ်။ အောက်ပါ စခရင်ရှော့ကို ကြည့်ပါ။ (Archive link)

သုံးသပ်ချက်

တွေ့ဆုံဆွေးနွေးပွဲကနေ ဒီလိုထုတ်ပြန်ခဲ့တာမရှိကြောင်း KNA တာဝန်ရှိသူက ငြင်းဆိုထားကြောင့် ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့ ထုတ်ပြန်စာဟာ ထုတ်ပြန်ချက်အတုဖြစ်တယ်လို့ သုံးသပ်ပါတယ်။

Avatar

Title:Fact Check: မြိုင်ကြီးငူတွေ့ဆုံပွဲအပြီး KNA က ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့သလား- မဟုတ်ပါ

Fact Check By: နေရာမောင်  

Result: False