Fact Check: ဦးဖြိုးမင်းသိန်း အင်းစိန်ထောင်အဆောင်သစ်ဖွင့်နေပုံလား-မဟုတ်ပါ

False နိုင်ငံရေး | Politics

ဦးဖြိုးမင်းသိန်း ဖဲကြိုးဖြတ်နေတဲ့ ဓာတ်ပုံတစ်ပုံကို အသုံးပြုပြီး အင်းစိန်ထောင်အဆောင်သစ်ဖွင့်ပွဲအဖြစ်မျှ ဝေနေတာတွေ့ရပါတယ်။ 

သို့သော်လည်း ဓာတ်ပုံဟာ Rosewood Yangon ဟိုတယ်ကို ၂၀၁၉ ဩဂုတ်လအတွင်းက မြို့ပြအမွေအနှစ် အသိအမှတ်ပြု အပြာရောင်ကမ္ပည်းပြား တပ်ဆင်သည့် အခမ်းအနားမှတ်တမ်းပုံဖြစ်ပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ ဒီနေရာမှာလည်းတွေ့ရပါတယ်။

NLD ဟာ မဲခိုးတဲ့အတွက် ထောင်ကျတော့မည်၊သို့သော်လည်း ထပ်မံတိုးချဲ့ဖွင့်လှစ်ထားတဲ့ အကျဉ်းဆောင်မှာ ထောင်မှထွက်ပြေးရန် အကြံဖြင့် မြေအောက်ခန်းနှင့် လှိုင်ခေါင်းများ ပါဝင်နေမည်ကို စိုးရိမ်ရတယ်လို့လည်းရေးသားမျှဝေထားတာကို ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

အချက်အလက်ရှာဖွေကြည့်ရာမှာ ရွေးကောက်ပွဲပြီးမှာ အင်းစိန်ထောင်အဆောင်သစ် ဖွင့်လှစ်ပွဲ ပြုလုပ်ခဲ့တယ် ဆိုတဲ့ သတင်းမတွေ့ရပါဘူး။ ဓာတ်ပုံကိုစစ်ဆေးကြည့်ရှု့ရာမှာ  ယခင်တရားရုံးသစ်အဆောက်အအုံကို ဟိုတယ် အဖြစ်ပြောင်းလဲထားတဲ့ Rosewood Yangon ဟိုတယ်ကို ၂၀၁၉ ဩဂုတ်လအတွင်းက မြို့ပြအမွေအနှစ် အသိအမှတ်ပြု အပြာရောင်ကမ္ပည်းပြား တပ်ဆင်တဲ့ အခမ်းအနားမှတ်တမ်းပုံ ဖြစ်တာတွေ့ရသည်။ ဒီလင့်ခ်မှာလည်းကြည့်နိုင်ပါတယ်။

မူရင်းလင်ခ့် – Myanmar TimesArchive link

ထောင်အဆောင်သစ်ဖွင့်ပွဲအဖြစ်ဖော်ပြနေတဲ့ပုံနဲ့ ဟိုတယ်ဖွင့်ပွဲပုံနှစ်ပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဦးဖြိုးမင်းသိန်း ဖဲကြိုးဖြတ်နေတဲ့ ဓာတ်ပုံတစ်ပုံကို အသုံးပြုပြီး အင်းစိန်ထောင်အဆောင်သစ်ဖွင့်ပွဲအဖြစ် ပြောင်းလဲဖန်တီးထားခြင်းဖြစ်တာတွေ့ရပါတယ်။

Avatar

Title:ဦးဖြိုးမင်းသိန်း အင်းစိန်ထောင်အဆောင်သစ်ဖွင့်နေပုံလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *