
နိုင်ငံတကာဖိအားတွေမခံနိုင်တော့လို့ စစ်တပ်က အာဏာလွှဲလိုက်ပြီး NUG ကိုယ်တိုင်ပဲ ထုတ်ပြန်လိုက် တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ယနေ့ဖြန့်ဝေလာပါတယ်။ သတင်းတုဖြစ်ပါတယ်။
“December 24, တနိုင်ငံလုံအောင်ပွဲခံလို့ရပြီ”လို့ ရေးသားပြီး “TepPon News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ “ညနေပိုင်းထူးရှယ်သတင်း နိုင်ငံတကာဖိအားမခံနိုင်လို့ အခုပဲအာဏာလွှဲလိုက်ပြီတဲ့ NUG ကိုယ်တိုင်အခုပဲထုတ်ပြန်”စသည်ဖြင့်လည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်သေဓာတ်ပုံက စာသားမှာလည်း ရေးသားထားပြီး NUG သမ္မတ ဓာတ်ပုံနှင့်အတူတကွက်ဖော်ပြထားပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
“နိုင်ငံတကာဖိအားတွေမခံနိုင်တော့လို့ အာဏာလွှဲလိုက်ပြီး NUG ကိုယ်တိုင်အခုပဲထုတ်ပြန်”လို့ ဗွီဒီယို ဖိုင်ထဲမှာရေးသထားပေမဲ့ ဗွီဒီယိုဖိုင်တစ်ခုလုံးမှာ ဒီအကြောင်းအရာတစ်စုံတရာမပါဝင်ပါဘူး။ ဗွီဒီယိုတစ်ခုလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်၊ပျူစောထီးတွေအကြား နိုင်ငံတဝှမ်းတိုက်ပွဲဖြစ်ပွားမှုတွေ သတင်းတွေ ကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်ပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာကို ဒီမှာကြည့်ပါ။ စစ်တပ်က အာဏာပြန်လွှဲပေးပြီဆိုတဲ့ ထုတ်ပြန်ချက် တစ်စုံတရာမရှိပါဘူး။
ထို့အပြင် နိုင်ငံတကာက ဖိအားပေးလို စစ်တပ်က အာဏာလွှဲလိုက်ပြီဆိုတာလည်း မမှန်ကန်ပါဘူး။ မြန်မာနိုင်ငံ အတွက် သမိုင်းဝင်ဆုံးဖြတ်ချက်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို လက်မခံနိုင်ဘူးလို့ စစ်တပ်ခန့် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ကို ဒီလင့်ခ်မှာကြည့်ပါ။
သုံးသပ်ချက်
ဗွီဒီယိုပါအကြောင်းအရာဟာ နိုင်ငံတဝှမ်း ပြည်သူ့ကာကွယ်ရေးတပ်တွေ့နဲ့ စစ်ကောင်စီတပ်၊ သူတို့ရဲ့ လက်အောက်ခံ ပျူစောထီးတွေနဲ့ ထိတွေတိုက်ပွဲဖြစ်ပွားမှုအကြောင်း သတင်းမီဒီယာအချို့ကဖော်ပြချက်ကို ပြန်လည် ဖော်ပြနေခြင်းဖြစ်ပါတယ်။ သို့သော်လည်း လူမှုကွန်ယက်အသုံးပြုသူအချို့ကို လှည့်စားပြီး ဆွဲဆောင်နိုင်ဖို့အတွက် နိုင်ငံတကာက ဖိအားပေးလို စစ်တပ်က အာဏာလွှဲလိုက်ပြီ၊ ဒီလိုအာဏာလွှဲတာကို NUG က ထုတ်ပြန်လိုက်တယ်စသည်ဖြင့် သတင်းခေါင်းတုအသုံးပြုဖြန့်ဝေနေခြင်းဖြစ်ပါတယ်။

Title:Fact Check: နိုင်ငံတကာဖိအားကြောင့် အာဏာလွှဲလိုက်ပြီလို့ NUG ကိုယ်တိုင်ပဲ ထုတ်ပြန်ဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False