မြန်မာနာမည်ကြီး အနုပညာရှင်တွေက ပဟေဠိအဖြေမှန်သူတွေကို iPhone 14 နဲ့ ဒေါ်လာ တသောင်းပေးနေ တယ်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ လှည့်စားထားတဲ့ သတင်းမှားသာဖြစ်တယ်

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါ တယ်။အလားတူ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

“ပရိတ်သတ်တွေအတွက် လက်ဆောင် ❤️❤️ iphone 14 pro max နှင့် $10,000 ငွေသားဆု။

[702] မှလွဲ၍ အခြားနံပါတ်တစ်ခုကို မှန်ကန်စွာ ခန့်မှန်းသူ 250 သည် $10,000 နှင့် iPhone 14 pro max ကို ရရှိမည်ဖြစ်သည်။”

မူရင်းလင်ခ့် – Fb link | Archive link

အလားတူ သရုပ်ဆောင် သက်မွန်မြင့်က အခုလိုပဲ ပဟေဠိအဖြေမှန်တဲ့သူတွေကို iPhone နဲ့ ဒေါ်လာတွေပေးနေ တယ်ဆိုပြီးတော့ မျှဝေထားတာတွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။

အချက်အလက်စိစစ်ချက်

တကယ်တော့ အနုပညာရှင်တွေက ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ အကြောင်းအရာအမျိုးမျိုးနဲ့ လွှင့်တင်ခဲ့တဲ့ ဗွီဒီယိုတွေအသုံးပြုပြီး အခုလို နားလည်မှု လွဲစေနိုင်တဲ့ တန်ဖိုးကြီး ဖုန်းနဲ့ ဒေါ်လာတွေပေးနေပြီဆိုပြီးတော့ ရေးသားမျှဝေနေတာဖြစ်တယ်။ ဖေ့စ်ဘွတ် နာမည်ကြီးဖြူဖြူထွေးရဲ့ ဒေါ်လာနဲ့ iPhone ပေးနေတယ်ဆိုတဲ့ ဗွီဒီယိုဟာ ပြီးခဲ့တဲ့ သီတင်းသုံးပတ်(ဇူလိုင် ၂၁ ရက်)က အလှကုန်ပစ္စည်း အရောင်းမြှင့်အစီအစဉ်မှာ သိန်း ၈၀၀ ဝန်းကျင် မဲဖောက်ပေးမယ်ဆိုပြီးတော့ ရေးသားထားတဲ့ ဖြူဖြူထွေးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုကို ရယူထားခြင်းသာဖြစ်တယ်။ ဒီမှာကြည့်ပါ။

ထို့အတူ ရုပ်ရှင်သရုပ်ဆောင် သက်မွန်မြင့်ရဲ့ မူလဗွီဒီယို ဒီမှာကြည့်ပါ။ “Ovaltine Smart Book Application လေးကို မိတ်ဆက်ပေးချင်ပါတယ်”လို့ဆိုပြီး သူ့မရဲ့ ဖေ့စ်ဘွတ်ကနေ live လွှင့်ခဲ့တာဟာ ၂၀၂၀ ခုနှစ် ဇူလိုင် ၄ ရက်ဖြစ်ပါတယ်။ app တစ်ခုကို ဒေါင်းလုတ်ဆွဲပြီး live ရဲ့ အောက်မှာ မှတ်ချက်ပေးသူ ပထမဆုံး ၅ ဦးကို ဖုန်းဘေလ် ကျပ် ၁၀၀၀ လက်ဆောင် ပေးမယ်လို့ သူမပြောကြားချက်ပါဝင်ပေမဲ့ အထက်မှာပြောသလို တန်ဖိုးကြီးဖုန်းနဲ့ ဒေါ်လာ ၁၀၀၀၀ ပေးမယ်ဆိုတဲ့ ပြောကြားချက်မပါဝင်ပါဘူး။

အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦး၊ ဝတ်မှုံရွှေရည်တို့က အခုလို iPhone နဲ့ ဒေါ်လာပေးနေတယ်ဆိုပြီး လှည့်စားဖြန့်ဝေမှု တွေလုပ်ခဲ့ပါသေးတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်မှုတွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

အနုပညာရှင်တွေက iPhone 14 နဲ့ ဒေါ်လာ တသောင်းပေးနေတယ်ဆိုတာ လှည့်စားထားတဲ့ သတင်းမှား သာဖြစ်တယ်။ ဖေ့စ်ဘွတ် နာမည်ကြီးသရုပ်ဆောင်တွေရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အကြောင်းအရာအသီးသီးနဲ့ လွှင့်ခဲ့တဲ့ live ဗွီဒီယိုတွေကို ပြန်လည်ရယူပြီး အဲဒီသရုပ်ဆောင်တွေနဲ့ နာမည်တူဖေ့စ်ဘွတ်အကောင့်ဖွင့်လှစ်ကာ ထင်ယောင်ထင်မှားဖြစ်ဖွယ်ဖြန့်ချိနေခြင်းဖြစ်တယ်။

ပြောဆိုချက်- အနုပညာရှင်တွေက live လွှင်ပြီး iPhone 14 နဲ့ ဒေါ်လာ တသောင်းပေးနေတယ်

Avatar

Title:Fact Check: အနုပညာရှင်တွေက iPhone 14 နဲ့ ဒေါ်လာ တသောင်းပေးနေတယ်ဆိုတဲ့ လှည့်စားထားတဲ့ သတင်းမှား

Written By: နေရာမောင်

Result: False