
သက်ကြီးရွယ်အိုပင်စင်စနစ်ဖျက်သိမ်းဟုစစ်တပ်မိန့် ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ယခုလ ပထမအပတ်အတွင်း ပျံ့နှံ့လျက်ရှိပါတယ်။
သို့သော် ယခု လတ်တလော ပျံ့နှံ့နေလျှက်ရှိပို့စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ပျံ့နှံ့ခဲ့တဲ့ ပို့စ် အဟောင်းကို ပြန်လည်အသုံးပြုထားတာ ဖြစ်ပါတယ်။
အောက်ပါစာသားတွေကတော့ ဓာတ်ပုံနဲ့အတူ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်ပါ စာသားအချို့ဖြစ်ပါတယ်။
“ပင်စင်စနစ်ဖျက်သိမ်းပြီဟုစစပ်မိန့် ပြ်တည်သူဘဝတော့သွားပါပြီ” စသည်ဖြင့် ရေးသားပြီး “𝐃𝐫𝐞𝐚𝐦” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ဖေဖော်ဝါရီ ၂၀ ရက်က မျှဝေထားတာတွေ့ရပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
နာမည်ဂုဏ်သတင်းရှိပြီး သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာ ဒီအကြောင်းအရာကို မတွေ့ရှိရပါဘူး။
စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေဖြစ်တဲ့ MOI Webportal၊မြဝတီသတင်းနဲ့ စစ်တပ်သတင်းထုတ်ပြန်ရေး ဝက်ဘ်ဆိုဒ်တွေမှာလည်း ဒီအကြောင်းအရာကို ရှာမတွေ့ပါဘူး။
Google မှာ အဓိကကျတဲ့စကားလုံးအချို့ကို အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ယခု ပျံ့နှံနေတဲ့ ပို့စ်ဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းတဲ့ လူမှုကွန်ယက်ပို့စ်တွေကို ကူးယူဖော်ပြခြင်း၊ စာဖတ်ပရိတ်သတ် စိတ်ဝင်စားမယ် အကြောင်းအရာတွေကို သတင်းတုသတင်းမှားဖန်တီးပြီး ဝင်ငွေရှာနေတဲ့ ဘလော့စာမျက်နှာတွ ေမှာ အဓိက ဖော်ပြထားတာတွေ့ရပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလောက်ကတည်းက ဒီပို့စ်ဟာ သတင်းတုဖန်တီးတဲ့စာမျက်နှာတွေမှာ ပျံ့နှံ့နေတာကို Fact Crescendo က တွေ့ရပြီး အကြိမ်ကြိမ် ပြန်လည်ဖြန့်ဝေနေတဲ့ ပုံစံဖြစ်တာတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ သက်ကြီးရွယ်အိုပင်စင်စနစ်ကို စစ်တပ်က ဖျက်သိမ်းတယ်ဆိုတဲ့အကြောင်း အရာဟ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။

Title:Fact Check: ပင်စင်စနစ်ဖျက်သိမ်းဖို့ စစ်တပ်အမိန့်ထုတ်ဆိုတဲ့ သတင်းတုသတင်းမှား
Fact Check By: Zun ZeeResult: Misleading