
ကချင်လွတ် မြောက်ရေး တပ်မတော် ( KIA )အဖွဲ့ဝင်တွေအနေနဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ရင် ဗမာအိမ်နဲ့ ရှမ်းအိမ်တွေကို မီးရှို့ဖို့ ဗိုလ်ချုပ်ဂွမ်မော်က ပြောတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားဖြစ်ပါတယ်။
“KIA သူပုန်တို့ရဲ့ မီးရှို့အကျင့်”လို့ခေါင်းစဉ်တပ်ရေသားထားတဲ့ ဒီပို့စ်တွေမှာ “KIA သူပုန်အဖွဲ့ဟာ စစ်ကိုင်းတိုင်းမှာ ရှိတဲ့ ဗမာရွာတွေ၊ ရှမ်းရွာတွေကို လိုက်လံမီးရှို့နေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။
သူတို့မီးရှို့ရတဲ့ရည်ရွယ်ချက်က စစ်ကြောင်းတွေ လိုက်မလာနိုင်ဖို့ရယ်၊ ဗမာ/ရှမ်းတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ဖို့ရယ်၊ KIA စခန်းတွေကို ထိုးစစ်မဆင်နိုင်ဖို့ရယ်ပါ။”စသည်ဖြင့် ရေးသားပြီး “Delta News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။
ထို့အပြင် ဗိုလ်ချုပ်ဂွမ်မော်ဓာတ်ပုံနဲ့ အတူ “မင်းတို့ မြဲမြဲမှတ်ထားရမှာက စစ်တပ်နဲ့ တိုက်ပွဲဖြစ်ရင် ခံမချပါနဲ့။ ထွက်ပြေးကြ။ ပြီးရင် ရွာတွေကို မီးရှို့ခဲ့ကြ။ စစ်တပ်က မီးငြိမ်းနေတာနဲ့ မင်းတို့နောက်ကို မလိုက်နိုင်တော့ဘူး။ ပြီးတော့ မီးလောင်သွားတဲ့ အိမ်တွေဟာလည်း မင်းတို့အမျိုး တစ်ယောက်မှ မပါဘူး။ အားလုံးဗမာအိမ်တွေ၊ ရှမ်းအိမ်တွေချည်းပဲ ရှင်းလား”စသည်ဖြင့်ရေးသားထားပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ နဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
စစ်ကိုင်းတိုင်းကို KIA တို့ အများဆုံး မီးရှို့ဖျက်ဆီးနေတဲ့အကြောင်းအရင်းများစွာထဲ ထင်ရှားတဲ့ အကြောင်းအရင်း ဆိုပြီး ဝါဒဖြန့် ဗွီဒီယိုဖိုင် ဖြန့်ဝေခဲ့ပြီး၊ ဗွီဒီယိုထဲမှာ စစ်ကိုင်းတိုင်းကို KIA တို့ အများဆုံး မီးရှို့ဖျက်ဆီးနေတဲ့ အကြောင်းအရင်းများစွာထဲ ထင်ရှားတဲ့အကြောင်းအရင်း ၅ ချက်ဆိုပြီးတော့ ထုတ်နှုတ် ဖော်ပြထားပြီး အဓိကအားဖြင့် ကချင်လူမျိုးတွေ မဟုတ်ဘဲ ဗမာလူမျိုးတွေဖြစ်နေတာကြောင့် ဗမာရွာတွေကို မီးရှိုနေ့ရခြင်း ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ Fact Crescendo Myanmar က အချက်အလက်စစ်ဆေး ထားတာကို ဒီလင့်ခ်မှာ ကြည့်ပါ။
NUG ကိုမဟာမိတ်ဖွဲ့ထားတဲ့ စစ်အာဏာသိမ်းမှုကို တော်လှန်ပုန်ကန်နေတဲ့ စစ်ကိုင်းတိုင်းကို KIA က မီးရှို့ ဖျက်ဆီးမှုလုပ်ဖွယ်ရာမရှိပါဘူး။ လွတ်လပ်တဲ့အဖွဲ့အစည်းတွေရဲ့ အစီအရင်ခံစာတွေ၊ သတင်းတွေအရ မြန်မာ စစ်တပ်ဟာ သူတို့ကို မထောက်ခံတဲ့သူတွေကို အင်းအားချိနဲ့သွားစေဖို့အတွက် မီးလောင်တိုက်သွင်းတာ၊ မီးရှို့တာတွေလုပ်တယ်ဆိုတဲ့ အထောက်အထားအများအပြားရှိပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက ရွာတွေ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတာများတဲ့အတွက် ရွာတွေကို စစ်ကြောင်းထိုးပြီးတိုင်း စစ်တပ်က ရွာတွေကို မီးရှို့လေ့ရှိပြီး အခုလိုပဲ PDF တွေက မီးရှို့တယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေကမီးရှို့တယ်ဆိုပြီးတော့ သတင်းမှားဖြန့်ချိတာဖြစ်ပါတယ်။
သုံးသပ်ချက်
ကချင်လွတ် မြောက်ရေး တပ်မတော် ( KIA )အဖွဲ့ဝင်တွေအနေနဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ရင် မခုခံဘဲ ထွက်ပြေးပြီး ရွာတွေကို မီးရှို့ရန်၊ မီးလောင်ဆုံးရှုံး သွားတဲ့အိမ်များဟာ ဗမာအိမ်နဲ့ ရှမ်းအိမ်များဖြစ်တယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က ပြောတယ်ဆိုတာ အထောက်အထားမရှိပါဘူး။ ကချင်အခြေစိုက် မီဒီယာတွေမှာလည်းဒီလိုဖော်ပြခြင်းမရှိပါဘူး။

Title:Fact Check: ဗမာအိမ်နဲ့ ရှမ်းအိမ်တွေ မီးရှို့ဖို့ ဗိုလ်ချုပ်ဂွမ်မော်ပြောတဲ့သတင်းမှား
Fact Check By: Zun ZeeResult: False