
မြောက်ဉက္ကလာပမှာ ဆရာမတစ်ဦးအသတ်ခံရမှုအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ထုတ်ပြန်ရှုတ်ချလိုက်တယ် ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေက မျှဝေလျှက်ရှိပါတယ်။ မြောက်ဉက္က လာပမြို့နယ်မှာ နိုဝင်ဘာ ၅ရက်က စစ်တပ်သတင်းပေးလုပ်နေတယ်ဆိုတဲ့ ဒေါ်လှလှသန်းအမည်နဲ့ ဆရာမတစ်ယောက်အား သေနတ်နဲ့ပစ်သတ်ခံခဲ့တာ တွေ့ရပါတယ်။
သို့သော် NLD ပါတီက ဒီစာဟာ အတုဖြစ်တယ်လို့ ၎င်းတို့ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာကတစ်ဆင့် အသိပေးထားပါတယ်။
“မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးပေါ်တွင် ကျောင်းဆရာမ ဒေါ်လှလှသန်းအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် ခံရမှုနှင့် ပတ်သက်၍ အကြမ်းဖက် လုပ်ရပ်များအား ဆန့်ကျင် ရှုတ်ချကြောင်း”လို့ရေးသားပြီး “NLD INFO”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း ရေးသားမျှဝေထားပါတယ်။ တူညီစွာ ရေးသားမျှဝေထားတာတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အခုလို ပျံ့နှံ့လျှက်ရှိတဲ့စာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာ ကို သွားရောက်ရှာဖွေကြည့်ရာမှာ ဒီထုတ်ပြန်ချက်ဟာ အတုဖြစ်ကြောင်း နိုဝင်ဘာ၆ ရက်စွဲနဲ့ အောက်ပါအတိုင်း အသိပေးထား တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – National League For Democracy | Archive link
ထို့အပြင် NLD INFO အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ ဒီထုတ်ပြန်ချက်မတင်ခင်လေးမှာပဲဖွင့်လှစ်ခဲ့တဲ့ စာမျက်နှာတစ်ခုဖြစ်တာတွေ့ရပြီး NLD ပါတီနဲ့သက်ဆိုင်ခြင်းရှိမရှိတော့ Fact Crescendo အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
သုံးသပ်ချက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာ ထုတ်ပြန်ချက်မတွေ့ရသလို ပါတီဘက်က လည်း တရားဝင်ငြင်းဆိုထားတဲ့အတွက် ဒီအကြောင်းအရာဟာ ပုံမှားရိုက်ထားတဲ့ ထုတ်ပြန်ချက် အတုဖြစ် တာတွေ့ရပါတယ်။

Title:မြောက်ဉက္ကလာကဆရာမသေဆုံးမှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် NLD ရှုတ်ချခဲ့တယ်ဆိုတဲ့ စာအတု
Fact Check By: Nayar MaungResult: Missing Context