
မြန်မာငွေ ငါးထောင်တန်များကို ငွေမဲ အဖြစ် ဗဟိုဘဏ် ကြေငြာလိုက်တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ ဒီသတင်းဟာ မှားယွင်းပါတယ်။
စစ်တပ်တပ်ပိုင် မီဒီယာက သတင်းကြေညာသူအမျိုးသားနဲ့အမျိုးသမီးဓာတ်ပုံနှင့်အတူ ၎င်းဓာတ်ပုံပေါ်မှာ “မြန်မာငွေ ၁၀၀၀၀ တန်များကို ဗဟိုဘဏ်မှအခုပဲ ငွေမဲ ကြေညာလိုက်ပြီ”လို့ စာတန်းထိုးထားပြီး မတ် ၂၄ ရက်က အောက်ပါအတိုင်း မျှဝေထားထားတွေ့ပါတယ်။ လင့်ခ်စာသားနေရာမှာတော့ “မြဝတီမာကြေညာသွားတာ သွားပြီးဗျာ”လို့ရေးသားထားပါတယ်။
တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
ဖေ့စ်ဘွတ်မှာ ယခုလိုမျှဝေထားတဲ့လင့်ခ်နှိပ်ကြည့်ရာမှာ bmnews အမည်နဲ့ ဘလော့ဂ်ဝက်ဘ်ဆိုဒ် စာမျက်နှာကို ရောက်ရှိသွားပြီး ယခုဓာတ်ပုံနဲ့ စာသားကိုပဲ ၃ ကြိမ်ထက်မနည်းထပ်တွေ့ရပြီး အောက်ခြေမှာတော့ ဗွီဒီယိုတစ်ခု ကိုတွေ့ရပါတယ်။ ဒီဗွီဒီယိုကို ထပ်မံနှိပ်ကြည့်ရာမှာ “Daily Square”အမည်နဲ့ youtube အကောင့်ကို ရောက်ရှိသွားပါတယ်။ ၅ မိနစ်နဲ့ ၃၉ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာတော့ ကျပ် ၁၀၀၀၀ တန်ငွေမဲကိစ္စ တစ်စုံတစ်ရာမပါဝင်ပါဘူး။
အချက်အလက်စိစစ်ချက်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှာ ဗဟိုဘဏ်က ကျပ် ၅၀၀၀ တန်နဲ့ ကျပ် ၁၀၀၀၀ တန်တွေ ရုပ်သိမ်းမယ့် သတင်းဟာ ကောလာဟလသာဖြစ်ပြီး မဟုတ်ကြောင်း ငြင်းချက်ထုတ်ထား တာတွေ့ရပါတယ်။
မူရင်းလင်ခ့် – CBM | Archive link
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာလည်း ကျပ် ၅၀၀၀ တန်တွေ ငွေမဲကြေညာတယ်ဆိုပြီးတော့ သတင်းမှားဖြန့်ဝေခဲ့ ပါသေးတယ်။ Fact Crescendo အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာကြည့်ပါ။
သုံးသပ်ချက်
ကျပ် ၁၀၀၀၀ တန်ရုပ်သိမ်းတဲ့ကောလာဟလဟာ စစ်တပ်က အာဏာသိမ်းအပြီးကတည်းက မကြာခဏဖြန့်ဝေခဲ့ တာတွေ့ရပြီး သတင်းမှားတစ်ခုသာဖြစ်ပါတယ်။

Title:Fact Check: ကျပ် ၁၀၀၀၀ တန်များကို ငွေမဲအဖြစ်ကြေညာတယ်ဆိုတာ မဟုတ်ပါ
Fact Check By: Zun ZeeResult: False