Fact Check: မင်းမော်ကွန်းသတိပေးလိုက်လို့အကယ်ဒမီဆုပေးပွဲဖျက်သိမ်းလိုက်ရဆိုတဲ့ သတင်းတု

နိုင်ငံရေး | Politics

စစ်အာဏာသိမ်းဆန့်ကျင်ရေးသမားတစ်ဖြစ်လဲ သရုပ်ဆောင်မင်းမော်ကွန်းရဲ့ ခြိမ်းခြောက်မှုကြောင့် စစ်တပ်က လုပ်ဖို့လျာထားတဲ့ အကယ်ဒမီပေးပွဲဖျက်သိမ်းလိုက်ရတယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိမှုသာဖြစ်ပါတယ်။ 

အောက်ပါစရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖြန့်ဝေမှုတစ်ခုရဲ့ ပုံဖြစ်ပါတယ်။ 

“မင်းမော်ကွန်းသတိပေးလိုက်လို့အကယ်ဒမီဆုပေးပွဲဖျက်သိမ်းလိုက်ရ”လို့ရေးသားပြီး ဖေ့စ်ဘွတ်စာမျက်နှာ တစ်ခုက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ကြည့်ရှူ့မှုပေါင်း ၇ သိန်းကျော်ရှိပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဗွီဒီယိုထဲမှာ စစ်တပ်ထောက်ခံတဲ့ သတင်းသမားတစ်ယောက်က နေပြည်တော်မှာလုပ်မယ့် အကယ်ဒမီပေးပွဲကို မတက်ရောက်တဲ့အနုပညာရှင်တွေဟာ စစ်တပ်ကို တော်လှန်ပုန်ကန်မှုမြောက်ကြောင်းခြိမ်းခြောက်ပြောဆိုနေတဲ့ ဗွီဒီယိုတစ်ခုဖြစ်တာတွေ့ရပါတယ်။ စစ်တပ်က မေလထဲမှာ ရုပ်ရှင် အကယ်ဒမီပေးပွဲကို နေပြည်တော်မှာ လုပ်ဖို့ပြင်ဆင်နေပါတယ်။

ရုပ်ရှင်သရုပ်ဆောင်ကနေ တော်လှန်ရေးသမားဖြစ်လာသူ မင်းမော်ကွန်းက နေပြည်တော်မှာလုပ်မယ့်ပွဲ အကယ်ဒမီပေးပွဲနဲ့ ပတ်သက်ပြီး လုံခြုံရေးအာမခံချက် စစ်တပ်အနေနဲ့ ပေးနိုင်မှာမဟုတ်တဲ့အကြောင်း၊ ပွဲကို မတက်ရောက်သင့်တဲ့အကြောင်း ပြောကြားချက်ကို တန်ပြန်တဲ့အနေနဲ့ စစ်တပ်ဝါဒဖြန့်ချိရေး မီဒီယာကနေ တကယ်လို့ ပွဲကို မတက်ရောက်ခဲ့ရင် မင်းမော်ကွန့်ရဲ့ စကားကို နားထောင်ပြီး စစ်တပ်ကို တော်လှန်ပုန်ကန်ရာ ရောက်ကြောင်း ‌‌ဒီဗွီဒီယိုထဲမှာပြောကြားနေတာဖြစ်ပါတယ်။

သုံးသပ်ချက်

အကယ်ဒမီပေးပွဲကို စစ်တပ်က နေပြည်တော်မှာ မေလထဲမှာ ကျင်းပဖို့အတွက် လျာထားပြီးဖြစ်ပါတယ်။ မင်းမော်ကွန်းသတိပေးလို့ အကယ်ဒမီဆုပေးပွဲ ဖျက်သိမ်းလိုက်ရတယ်ဆိုတဲ့ ပြောဆိုချက်ဟာ မှားယွင်းပြီး စစ်တပ်ဝါဒဖြန့်ချိနေ မီဒီယာတစ်ခုကနေ ပြောဆိုထားတဲ့ ပွဲမတက်သူတွေကို စစ်တပ်က အရေးယူနိုင်ဖွယ်ရှိ တယ်ဆိုတဲ့ ဗွီဒီယိုကို ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်ပါတယ်။ပြောဆိုချက်- မင်းမော်ကွန်းသတိပေးလိုက်လို့အကယ်ဒမီဆုပေးပွဲဖျက်သိမ်းလိုက်ရ

Avatar

Title:Fact Check: မင်းမော်ကွန်းသတိပေးလိုက်လို့အကယ်ဒမီဆုပေးပွဲဖျက်သိမ်းလိုက်ရဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: Partly False


Leave a Reply

Your email address will not be published. Required fields are marked *